ယောရှု 24:17 - Judson Bible in Zawgyi Version17 ငါတို့ဘုရားသခင် ထာဝရဘုရားသည်၊ ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ အဘတို့နှင့် ငါတို့ကိုနုတ်ဆောင်၍၊ ကြီးစွာသောနိမိတ်လက္ခဏာတို့ကို ငါတို့မျက်မှောက်၌ ပြတော်မူပြီ။ ငါတို့သွားလေရာရာအရပ်၊ လျှောက်လေရာရာလူမျိုးတို့တွင် စောင့်တော်မူပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်17 အကြောင်းမူကား အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်တကွ ဘိုးဘေးတို့ကို ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ ထုတ်ဆောင်ပေးခဲ့သောအရှင်၊ အကျွန်ုပ်တို့ မျက်စိရှေ့တွင်ပင် ကြီးမားသောနိမိတ်လက္ခဏာများကို ပြတော်မူသောအရှင်၊ လူမျိုးခြားတို့အကြား ဖြတ်ကျော်လာရသောလမ်းခရီးတစ်လျှောက်လုံးတွင် အကျွန်ုပ်တို့ကို စောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version17 အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား သည် အကျွန်ုပ်တို့၏ဖခင်များနှင့်အကျွန်ုပ်တို့ အားကျွန်ခံရာအီဂျစ်ပြည်မှကယ်တင်တော် မူခဲ့ပါပြီ။ ကိုယ်တော်ပြုတော်မူသောအံ့သြ ဖွယ်ရာအမှုများကိုအကျွန်ုပ်တို့မြင်ခဲ့ရ ကြပါပြီ။ နိုင်ငံအသီးသီးကိုဖြတ်သန်း ရာခရီးတစ်လျှောက်တွင်ကိုယ်တော်သည် အကျွန်ုပ်တို့အားကာကွယ်စောင့်ရှောက် တော်မူခဲ့ပါသည်။- အခန်းကိုကြည့်ပါ။ |
ကိုယ်တိုင်မြင်၍ ကြီးစွာသောစုံစမ်းခြင်းတို့ကိုလည်းကောင်း၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကိုနုတ်ဆောင်သောအခါ၊ ပြတော်မူသော နိမိတ်လက္ခဏာ အံ့ဖွယ်သောအမှုတို့ကိုလည်းကောင်း၊ အားကြီးသောလက်ရုံးတော်ကို ဆန့်တော်မူခြင်းကိုလည်းကောင်း စေ့စေ့အောက်မေ့ရမည်။ ထိုနည်းတူ၊ သင်ကြောက်တတ်သော လူမျိုးရှိသမျှတို့၌ သင်၏ ဘုရားသခင်ထာဝရဘုရား ပြုတော်မူမည်။