Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 23:7 - Judson Bible in Zawgyi Version

7 သင်​တို့​တွင် ကြွင်း​သေး​သော ဤ​လူ​မျိုး​နှင့် မ​ပေါင်း​ဖော်၊ သူ​တို့​ဘု​ရား၏​နာ​မ​ကို မြွက်၍ မ​ကျိန်​ဆို၊ ဝတ်​မ​ပြု​ဦး​မ​ညွှတ်​ဘဲ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

7 သင်​တို့​တွင် ကျန်နေ​သေး​သော​လူမျိုး​တို့​နှင့်​ပေါင်းဖော်​ခြင်း​မ​ပြု​နှင့်​၊ သူ​တို့​ဘုရား​များ​၏​နာမ​ကို​မ​တ​နှင့်​၊ မ​တိုင်တည်​နှင့်​။ ထို​ဘုရား​တို့​ကို​ဝတ်​မ​ပြု​နှင့်​၊ ရှိခိုးကိုးကွယ်​ခြင်း​မ​ပြု​နှင့်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

7 သင်​တို့​တွင်​ကျန်​ရှိ​နေ​သေး​သော​လူ​မျိုး​များ နှင့်​ပေါင်း​ဖော်​ဆက်​ဆံ​ခြင်း​မ​ပြု​မိ​စေ​ရန် သော်​လည်း​ကောင်း၊ သူ​တို့​ဘု​ရား​များ​၏​အ မည်​နာ​မ​များ​ကို​ထုတ်​ဖော်​ပြော​ဆို​ခြင်း၊ ထို ဘု​ရား​များ​ကို​တိုင်​တည်​၍​ကျိန်​ဆို​ခြင်း၊ ဦး ချ​ဝတ်​ပြု​ခြင်း​တို့​ကို​မ​ပြု​မိ​စေ​ရန်​သော် လည်း​ကောင်း​သ​တိ​ပြု​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 23:7
23 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​ပ​ညတ်​တော်​မူ​သော​အ​မှု၊ ရုပ်​တု​ဆင်း​တု​တို့၌ ပူ​ဇော်​ခြင်း​အ​မှု​ကို ပြု​ကြ၏။


သို့​သော်​လည်း အ​ကျွန်ုပ်​သ​ခင်​သည် ကိုး​ကွယ်​အံ့​ဟု ရိ​မ္မုန်​ဘု​ရား၏​ကျောင်း​သို့​သွား၍ အ​ကျွန်ုပ်​ကို​မှီ​လျက် ရိ​မ္မုန်​ကျောင်း၌ ကိုယ်​ကို​ညွှတ်​သော​အ​ခါ၊ အ​ကျွန်ုပ်​ကိုယ်​သည်​လည်း​ညွှတ်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​ကျွန်​ကို အ​ပြစ်​လွှတ်​တော်​မူ​ပါ​စေ​သော​ဟု ဆို​လျှင်၊


သို့​မ​ဟုတ် သင်​တို့​သည် လမ်း​လွဲ၍ ငါ​မှာ​ထား​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စွန့်​ပယ်​သ​ဖြင့်၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​ထံ​သို့​သွား၍ ဝတ်​ပြု​ကိုး​ကွယ်​လျှင်၊


အ​ခြား​သော​လမ်း​သို့ လိုက်​ပြေး​သော​သူ​တို့​သည် များ​စွာ​သော​ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​ရ​ကြ​လိမ့်​မည်။ ငါ​သည် သူ​တို့​သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​အ​သွေး​ကို မ​လှူ​မ​ဆက်​လို။ သူ​တို့​ဘု​ရား၏​နာ​မ​ကို မ​မြွက်​လို။


ဦး​မ​ချ​ဝတ်​မ​ပြု​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်၏​ဘု​ရား​သ​ခင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၌​အ​ပြစ်​ရှိ​သည်​ဟု ယုံ​လွယ်​သော​ဘု​ရား၊ ငါ့​ကို​မုန်း​သော​သူ​တို့၏ အ​မျိုး​အ​စဉ်​အ​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တု​တ္ထ​အ​ဆက်​တိုင်​အောင်၊ အ​ဘ​တို့၏​အ​ပြစ်​ကို သား​တို့​၌​ဆပ်​ပေး​စီ​ရင်​သော​ဘု​ရား၊


ငါ​ပ​ညတ်​သ​မျှ​တို့၌ သ​တိ​ပြု​ကြ​လော့။ အ​ခြား​သော​ဘု​ရား၏​နာ​မ​ကို မ​မြွက်​မ​ဆို​နှင့်။ သင်၏​နှုတ်​ထဲ​က​မြွက်​သံ​ကို သူ​တစ်​ပါး​မ​ကြား​စေ​နှင့်။


သင်​သည် ငါ့​ကို​ပြစ်​မှား​စေ​ခြင်း​ငှာ၊ သူ​တို့​သည်​ပြု​မည်​ကို စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့်၊ သူ​တို့​သည် သင့်​ပြည်၌​မ​နေ​ရ​ကြ။ သင်​သည် သူ​တို့​ဘု​ရား​ကို​ဝတ်​ပြု​လျှင်၊ ထိ​မိ၍​လဲ​စ​ရာ​အ​ကြောင်း​အ​မှန် ဖြစ်​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။


အ​ဓ​မ္မ​လူ​တို့ လမ်း​ထဲ​သို့ မ​ဝင်​နှင့်။ ဆိုး​ယုတ်​သော​သူ​တို့​နှင့်​အ​တူ မ​လိုက်​နှင့်။


ဗာ​လ​ဘု​ရား​ကို​တိုင်​တည်၍ ကျိန်​ဆို​စေ​ခြင်း​ငှာ၊ သူ​တို့​သည် ငါ၏​လူ​မျိုး​ကို သွန်​သင်​ဖူး​သည်​နည်း​တူ၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​ဟု၊ ငါ၏​နာ​မ​ကို​တိုင်​တည်၍ ကျိန်​ဆို​ခြင်း​ငှာ၊ ငါ့​လူ​မျိုး၏ ဘာ​သာ​ဓ​လေ့​ကို ကြိုး​စား၍​သင်​လျှင်၊ ငါ၏​လူ​မျိုး​အ​ထဲ၌ သူ​တို့​ကို ငါ​တည်​စေ​မည်။


ထို​သို့​သော​အ​ပြစ်​မှ သင့်​ကို အ​ဘယ်​သို့ ငါ​လွှတ်​နိုင်​သ​နည်း။ သင်၏​သား​သ​မီး​တို့​သည် ငါ့​ကို​စွန့်၍၊ ဘု​ရား​မ​ဟုတ်​သော သူ​တို့​ကို တိုင်​တည်​လျက် ကျိန်​ဆို​ကြ​ပြီ။ ငါ​သည် ဝ​စွာ​ကျွေး​သော​အ​ခါ သူ​တို့​သည် ပြည်​တန်​ဆာ​အိမ်၌ စည်း​ဝေး၍ မှား​ယွင်း​ကြ​ပြီ။


အ​ခြား​တစ်​ပါး​သော သ​ခင်​တို့၏​ဘွဲ့​နာ​မ​များ​ကို သူ၏​နှုတ်​မှ ငါ​ပယ်၍၊ ထို​ဘွဲ့​နာ​မ​များ​ကို နောက်​တစ်​ဖန် မ​မှတ်​မိ​မ​မြွက်​ဆို​ရ။


ကောင်း​ကင်​တန်​ဆာ​များ​ကို အိမ်​မိုး​ပေါ်​မှာ ကိုး​ကွယ်​သော​သူ၊ ထာ​ဝ​ရ​ဘု​ရား​နှင့် မာ​လ​ခံ​ဘု​ရား​ကို​တိုင်​တည်​လျက် ကျိန်​ဆို​ကိုး​ကွယ်​သော သူ​တို့​ကို​လည်း​ကောင်း၊


နေ​ဗော၊ ဗာ​လ​မော​န၊ ရှိ​ဗ​မ​မြို့​များ​ကို အ​သစ်​သော​အ​မည်​ဖြင့်​သ​မုတ်၍ တည်​ကြ၏။


သင်​တို့​သည် ထို​ပြည်​သူ​ပြည်​သား​တို့​ကို အ​ကုန်​အ​စင်​မ​နှင်​ထုတ်​လျှင်၊ ကျန်​ကြွင်း​သော​သူ​တို့​သည် သင်​တို့​မျက်​စိ၌ အပ်​ဖျား​ကဲ့​သို့​လည်း​ကောင်း၊ သင်​တို့​နံ​ဘေး၌ ဆူး​ကဲ့​သို့​လည်း​ကောင်း ဖြစ်၍၊ သင်​တို့​နေ​သော​ပြည်​မှာ သင်​တို့​ကို​နှောင့်​ယှက်​ကြ​လိမ့်​မည်။


အ​လွဲ​မ​ယူ​ကြ​နှင့်။ မ​ကောင်း​သော သူ​တို့​နှင့် ပေါင်း​ဖော်​ခြင်း​အား​ဖြင့် ကောင်း​သော​အ​ကျင့်​ဓ​လေ့ ယို​ယွင်း​တတ်၏။-


အ​ကျိုး​မဲ့​သော မှောင်​မိုက်​အ​မှု​တို့​နှင့် မ​ဆက်​ဆံ​သည်​သာ​မ​က၊ ထို​အ​မှု​တို့၏ အ​ပြစ်​ကို ပြ​ကြ​လော့။-


သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍ အ​မှု​တော်​ကို ဆောင်​ရွက်​ရ​မည်။ ကိုယ်​တော်၌ ဆည်း​ကပ်​ရ​မည်။ နာ​မ​တော်​အား​ဖြင့် ကျိန်​ဆို​ခြင်း​ကို ပြု​ရ​မည်။


သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ရ​မည်။ ထို​ဘု​ရား​သ​ခင်​ကို​သာ ဝတ်​ပြု​ရ​မည်။ နာ​မ​တော်​အား​ဖြင့်​လည်း ကျိန်​ဆို​ခြင်း​ကို​ပြု​ရ​မည်။


အ​ခြား​တစ်​ပါး​သော​ဘု​ရား၊ သင့်​ပတ်​လည်၌​နေ​သော လူ​မျိုး​တို့၏​ဘု​ရား​ကို မ​ဆည်း​မ​ကပ်​ရ။


သို့​မ​ဟုတ် သင်​တို့​သည်​ရွေ့​လျော့၍၊ သင်​တို့​တွင် ကျန်​ကြွင်း​သေး​သော ဤ​လူ​မျိုး​တို့၌ မှီ​ဝဲ​လျက်၊ ထိမ်း​မြား​ပေး​စား၍ ပေါင်း​ဖော်​ဆက်​ဆံ​ခြင်း​ရှိ​လျှင်၊


ယ​နေ့​တိုင်​အောင်​ကျင့်​သ​ကဲ့​သို့၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၌ ဆည်း​ကပ်​မှီ​ဝဲ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လွန်​ရဲ​ရင့်​သော​စိတ်​ရှိ​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ