Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 23:4 - Judson Bible in Zawgyi Version

4 ယော်​ဒန်​မြစ်​မှ​စ၍ အ​နောက်​ပင်​လယ်​ကြီး​တိုင်​အောင်၊ ငါ​ပယ်​ရှင်း​သ​မျှ​သော လူ​မျိုး​တို့​နှင့်​တ​ကွ ကြွင်း​သေး​သော ဤ​လူ​မျိုး​နေ​သော​ပြည်​ကို သင်​တို့​အ​မျိုး​များ အ​မွေ​ခံ​စ​ရာ​ဖို့ စာ​ရေး​တံ​ချ၍ ငါ​ဝေ​ဖန်​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

4 ကြည့်​ပါ​။ ဂျော်ဒန်​မြစ်​မှစ၍ အနောက်ဘက် မြေ​ထဲ​ပင်လယ်​တိုင်အောင် ငါ​သုတ်သင်​ဖယ်ရှား​ခဲ့​သော​လူမျိုး​အပါအဝင် ကျန်နေ​သေး​သော​လူမျိုး​တို့​၏​ပြည်​ကို သင်​တို့​၏​အမျိုးအနွယ်​များ​အား အမွေ​အဖြစ် ငါ​မဲချ​ခွဲဝေ​ပေး​ခဲ့​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

4 ငါ​သည်​အ​ရှေ့​ဘက်​ယော်​ဒန်​မြစ်​မှ​အ​နောက် ဘက်​မြေ​ထဲ​ပင်​လယ်​သို့​တိုင်​အောင် တိုက်​ခိုက် သိမ်း​ယူ​ပြီး​သော​နိုင်​ငံ​သား​အား​လုံး​နှင့် တ​ကွ​သိမ်း​ယူ​ရန် ကျန်​ရှိ​နေ​သေး​သော နိုင်​ငံ​များ​ကို​သင်​တို့​၏​အ​နွယ်​များ​အား ခွဲ​ဝေ​သတ်​မှတ်​ပေး​ခဲ့​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 23:4
9 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​ရှေ့​မှာ​လည်း၊ တစ်​ပါး​အ​မျိုး​သား​တို့​ကို​နှင်​ထုတ်​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ် အ​သီး​အ​သီး​တို့​သည် အ​မွေ​ခံ​ရ​သော​မြေ​ကို​တာ​ထိုး၍ ပိုင်း​ခြား​လျက် နေ​ရာ​ချ​တော်​မူ၏။


သင်​သည်​တိုး​ပွား၍ တစ်​ပြည်​လုံး​ကို ဝင်​စား​သည်​တိုင်​အောင်၊ သူ​တို့​ကို သင့်​ရှေ့​မှာ ဖြည်း​ဖြည်း​ငါ​နှင်​ထုတ်​မည်။


လူ​အ​မျိုး​မျိုး​တို့​ကို ငါ​ပယ်​ဖြတ်၍ သူ​တို့​ရဲ​တိုက်​များ​ကို ဖျက်​ဆီး​လေ​ပြီ။ လမ်း​တို့၌ အ​ဘယ်​သူ​မျှ မ​သွား​မ​လာ​စေ​ခြင်း​ငှာ လူ​ဆိတ်​ညံ​စေ​ပြီ။ မြို့​တို့​ကို​လည်း လူ​တစ်​စုံ​တစ်​ယောက်​မျှ မ​နေ​စေ​ခြင်း​ငှာ ဖျက်​ဆီး​လေ​ပြီ။


သင်​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်၌ ရှိ​သော​လူ​မျိုး​တို့​ကို၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ရှေ့​မှာ​ပယ်​ရှင်း​တော်​မူ​သ​ဖြင့်၊ သူ​တို့​နေ​ရာ​ပြည်၌ သင်​သည် ဝင်၍​နေ​သော​အ​ခါ၊


ကျန်​သော​မြေ​ဟူ​မူ​ကား၊ ဖိ​လိ​တ္တိ​ပြည်​မှ​စ၍ ဂေ​ရှု​ရိ​ပြည်​တစ်​လျှောက်​လုံး၊


ယော​ရှု​သည် ရှိ​လော​မြို့​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စာ​ရေး​တံ​ပြု၍ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​သီး​အ​သီး​တို့​အား မြေ​ကို​ပိုင်း​ခြား​လေ၏။


ယော​ရှု​သေ​သော​နောက် ကျန်​ကြွင်း​ရစ်​သော လူ​မျိုး​တစ်​စုံ​တစ်​မျိုး​ကို သူ​တို့​ရှေ့​မှ နောက်​တစ်​ဖန် ငါ​မ​နှင်​ထုတ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ