Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 23:16 - Judson Bible in Zawgyi Version

16 သင်​တို့​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော ပ​ဋိ​ညာဉ်​တ​ရား​ကို ပြစ်​မှား​လျက်၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ထံ​သို့​သွား၍ ဦး​ညွှတ်​ဝတ်​ပြု​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​ထွက်၍၊ အ​ရင်​ပေး​တော်​မူ​သော ဤ​ကောင်း​မွန်​သော​ပြည်၌ သင်​တို့​သည် အ​လျင်​အ​မြန်​ပျောက်​ပျက်​ကြ​လိမ့်​မည်​ဟု ဟော​ပြော၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 သင်​တို့​အား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​ပဋိညာဉ်​ကို သင်​တို့​ချိုးဖောက်​၍ အခြား​ဘုရား​များ​အား သွားရောက်​ဝတ်ပြု​ကိုးကွယ်​လျှင် ထာဝရဘုရား​သည် သင်​တို့​အပေါ် အမျက်ထွက်​တော်မူ​သဖြင့် သင်​တို့​သည် ကိုယ်တော်​ပေး​တော်မူ​သည့်​သာယာဝပြော​သော​ပြည်​တွင် အလျင်အမြန်​ပျက်စီး​သွား​ရ​လိမ့်မည်​”​ဟု ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 သင်​တို့​သည်​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​ရန်​သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​သော်​လည်း မ​စောင့်​ထိန်း​ဘဲ​အ​ခြား သော​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ​လျှင် ကိုယ်​တော်​သည်​အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် ပေး​သ​နား​တော်​မူ​သော​ဤ​သာ​ယာ​သော ပြည်​တွင်​သင်​တို့​တစ်​ယောက်​မ​ကျန်​သေ​ကြေ ပျက်​စီး​သည်​အ​ထိ သင်​တို့​အား​ဒဏ်​ခတ် တော်​မူ​လိမ့်​မည်'' ဟု​မိန့်​မှာ​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 23:16
16 ပူးပေါင်းရင်းမြစ်များ  

အာ​ရှ​ရ​ပင်​တို့​ကို ပြု​စု၍ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်​ကြ​သော​ကြောင့်၊ ကျူ​ပင်​ကို ရေ၌​လှုပ်​ရှား​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ဒဏ်​ခတ်၍၊ ဘိုး​ဘေး​တို့​အား​ပေး​တော်​မူ​သော ဤ​ပြည်​ကောင်း​မှ နုတ်​ပယ်​ပြီး​လျှင်၊ မြစ်​ကြီး​တစ်​ဖက်၌ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​တော်​မူ​မည်။


သို့​မ​ဟုတ် သင်​နှင့် သင်၏​သား​မြေး​တို့​သည် ငါ့​နောက်​သို့​မ​လိုက်၊ လမ်း​လွှဲ​လျက် ငါ​မှာ​ထား​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို မ​စောင့်၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​ထံ​သို့​သွား၍ ဝတ်​ပြု​ကိုး​ကွယ်​လျှင်၊


ဣ​သ​ရေ​လ​အ​မျိုး​ကို ငါ​ပေး​သော​ပြည်​မှ ငါ​ပယ်​ဖြတ်​မည်။ ငါ့​နာ​မ​ဖို့ ငါ​သန့်​ရှင်း​စေ​သော ဤ​အိမ်​တော်​ကို ငါ့​မျက်​မှောက်​မှ ပယ်​ရှား​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သည်​လည်း တစ်​ပါး​အ​မျိုး​သား​တို့​တွင် ပုံ​ခိုင်း​ရာ​ကဲ့​ရဲ့​ရာ​ဖြစ်​ရ​လိမ့်​မည်။


အ​ကြောင်း​မူ​ကား၊ အဲ​ဂု​တ္တု​ပြည်​နှင့် အဲ​ဂု​တ္တု​ဖာ​ရော​ဘု​ရင်​လက်​ထဲ​က ကယ်​နုတ်​တော်​မူ​သော မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြစ်​မှား၍ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို ရို​သေ​ကြ၏။


ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို အ​ထံ​တော်​မှ မ​နှင်​ထုတ်​မီ​တိုင်​အောင် အ​မျက်​ထွက်​တော်​မူ၍၊ ဇေ​ဒ​ကိ​မင်း​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ကို ပုန်​ကန်​လေ၏။


ပြည်​သား​တို့​သည် တ​ရား​တော်​ကို လွန်​ကျူး​ခြင်း၊ အ​မိန့်​တော်​ကို​ပြောင်း​လဲ​ခြင်း၊ ထာ​ဝ​ရ​သ​စ္စာ​တော်​ကို ဖျက်​ခြင်း​အ​ကြောင်း​ကြောင့်၊ ပြည်​တော်​သည် ညစ်​ညူး​ခြင်း​ရှိ၏။


သူ​တို့​သည် ဝင်၍ သိမ်း​ယူ​ကြ​သော်​လည်း၊ အ​မိန့်​တော်​ကို နား​မ​ထောင်၊ တ​ရား​တော်​လမ်း​သို့ မ​လိုက်၊ မှာ​ထား​တော်​မူ​သော အ​ကျင့်​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ကျင့်​ဘဲ​နေ​သော​ကြောင့်၊ ယ​ခု​ခံ​ရ​သ​မျှ​သော ဘေး​ဥ​ပဒ်​တို့​ကို သူ​တို့​အ​ပေါ်​သို့ ရောက်​စေ​တော်​မူ​ပြီ။


ပြ​အိုး​မြေ​ရိုး​တို့​ကို ကြည့်​ရှု​တော်​မူ​ပါ။ မြို့​တော်​ကို တိုက်​ယူ​ခြင်း​ငှာ ရောက်​ကြ​ပါ​ပြီ။ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​တို့​ဖြင့် တိုက်​သော ခါ​လ​ဒဲ​လူ​တို့​လက်​သို့ မြို့​တော်​ကို အပ်​တော်​မူ​ပြီ။ မိန့်​တော်​မူ​သော စ​ကား​ပြည့်​စုံ​ကြောင်း​ကို​လည်း ကိုယ်​တော်​တိုင် မြင်​တော်​မူ၏။


ထို​မှ​တစ်​ပါး သူ​တို့​အား​ငါ​ကြံ​စည်​သည်​အ​တိုင်း သင်​တို့​ကို​ငါ​ပြု​မည်​ဟု မိန့်​တော်​မူ၏။


ယ​နေ့ ငါ​ဆင့်​ဆို​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက် အ​လုံး​စုံ​တို့​ကို ကျင့်​စောင့်​ခြင်း​ငှာ စ​ကား​တော်​ကို​နား​မ​ထောင်​လျှင်၊ သင့်​အ​ပေါ်​မှာ သက်​ရောက်​လ​တ္တံ့​သော ကျိန်​ခြင်း​အ​မင်္ဂ​လာ​များ​ဟူ​မူ​ကား၊


သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၌​အ​ပြစ်​ရှိ​သည်​ဟု ယုံ​လွယ်​သော​ဘု​ရား ဖြစ်​တော်​မူ၏။ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို အ​မျက်​ထွက်၍ မြေ​ကြီး​ပြင်​မှာ သုတ်​သင်​ပယ်​ရှင်း​တော်​မူ​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။


ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ပြင်း​စွာ​အ​မျက်​ထွက်​လျက်၊ လု​ယူ​သော သူ​တို့​လက်​သို့​အပ်၍၊ ပတ်​ဝန်း​ကျင်​သော ရန်​သူ​တို့၌ ရောင်း​တော်​မူ​သ​ဖြင့်၊ ရန်​သူ​တို့​ရှေ့​မှာ သူ​တို့​သည် တစ်​ဖန်​မ​ရပ်​နိုင်​ကြ။


ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ပြင်း​စွာ​အ​မျက်​ထွက်​လျက်၊ ဤ​လူ​တို့​သည် ငါ့​စ​ကား​ကို​နား​မ​ထောင်။ သူ​တို့​ဘိုး​ဘေး​တို့​နှင့် ငါ​ဖွဲ့​သော​ပ​ဋိ​ညာဉ်​ကို ဖျက်​သော​ကြောင့်၊


သို့​မ​ဟုတ် သင်​တို့​သည် ဒု​စ​ရိုက်​ပြု​မြဲ​ပြု​လျှင်၊ ရှင်​ဘု​ရင်​နှင့်​တ​ကွ ပျက်​စီး​ခြင်း​သို့ ရောက်​ရ​ကြ​လိမ့်​မည်​ဟု လူ​များ​တို့​အား ပြော​ဆို​လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ