Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 22:11 - Judson Bible in Zawgyi Version

11 ထို​သို့ ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​သည် ခါ​နာန်​ပြည်​တစ်​ဖက်၊ ယော်​ဒန်​မြစ်​နား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ကူး​ရာ​အ​ရပ်၌ ယဇ်​ပ​လ္လင်​ကို တည်​ကြ​ပြီ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သ​တင်း​ကြား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

11 “ကြည့်ရှု​လော့​။ ရုဗင်​သားမြေး​၊ ဂဒ်​သားမြေး​နှင့် မနာရှေ​သားမြေး​တစ်ဝက်​တို့​သည် အစ္စရေး​အမျိုးသား​တို့​နယ်မြေ​၊ ဂျော်ဒန်​မြစ်​အနီး​၊ ခါနာန်​ပြည်​နယ်စပ်​၌ ယဇ်ပလ္လင်​တည်​ကြ​ပြီ”​ဟု ပြောဆို​ကြ​သည်​ကို အစ္စရေး​အမျိုးသား​တို့​ကြား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

11-12 အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​ပိုင်​နက်​ဖြစ်​သော​ယော်​ဒန်​မြစ်​အ​နောက် ဘက်​ဂဲ​လိ​လော့​အ​ရပ်​၌​ရု​ဗင်​အ​နွယ်​ဝင်၊ ဂဒ် အ​နွယ်​ဝင်​နှင့်​အ​ရှေ့​မ​နာ​ရှေ​အ​နွယ်​ဝင်​တို့ က ယဇ်​ပလ္လင်​တည်​ကြ​သည့်​သ​တင်း​ကို​ကြား ရ​သော​အ​ခါ အ​ရှေ့​အ​နွယ်​ဝင်​တို့​အား​စစ် ချီ​တိုက်​ခိုက်​ရန်​ရှိ​လော​မြို့​သို့​စု​ရုံး​ရောက် ရှိ​လာ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 22:11
13 ပူးပေါင်းရင်းမြစ်များ  

ယော​ဟန်​သည် ဗ​တ္တိ​ဇံ​ကို​ပေး​ရာ​အ​ရပ်၊ ယော်​ဒန်​မြစ်​တစ်​ဖက် ဗေ​သ​နိ​ရွာ၌ ဤ​အ​မှု​အ​ရာ​ဖြစ်​သ​တည်း။


ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက်၊ မိုး​မ​လင်း​မီ စော​စော​အ​ချိန်၌ မာ​ဂ​ဒ​လ​မာ​ရိ​သည် သင်္ချိုင်း​တော်​သို့ သွား၍ တွင်း​ဝ၌​ပိတ်​သော ကျောက်​သည် ရွှေ့​လျက်​ရှိ​သည်​ကို မြင်​လျှင်၊-


ကောင်း​ကင်​တ​မန်​နှစ်​ပါး​တို့​သည် ဖြူ​သော​အ​ဝတ်​ကို​ဝတ်​ဆင်​လျက်၊ ယေ​ရှု၏​အ​လောင်း​တော် လျောင်း​ရာ​အ​ရပ်၊ ခေါင်း​ရင်း၌​တစ်​ပါး၊ ခြေ​ရင်း၌​တစ်​ပါး ထိုင်​ကြ​သည်​ကို​မြင်​လေ၏။-


နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ် ရှိ​ရ​မည်။ ထို​အ​ရပ်​သို့ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း၊ သင်​တို့​မီး​ရှို့​ရာ​ယဇ် အ​စ​ရှိ​သော​ယဇ်​များ၊ ဆယ်​ဖို့​တစ်​ဖို့​ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ ပူ​ဇော်​သ​ကာ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ရှိ​သည်​အ​တိုင်း၊ မြတ်​သော​ပူ​ဇော်​သ​ကာ​တို့​ကို ဆောင်​ခဲ့​ရ​ကြ​မည်။


မင်း​လု​လင်​တို့​သည် ယော်​ဒန်​မြစ်​ကူး​ရာ​လမ်း​သို့ လိုက်​ကြ၏။ မြို့​ပြင်​သို့​ရောက်​ကြ​ပြီး​မှ မြို့​တံ​ခါး​များ​ကို ပိတ်​ကြ၏။


ခါ​နာန်​ပြည်၊ ယော်​ဒန်​မြစ်​နား​သို့ ရောက်​သော​အ​ခါ၊ ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​သည် ယော်​ဒန်​မြစ်​နား​မှာ ထင်​ရှား​စွာ​သော ယဇ်​ပ​လ္လင်​ကြီး​ကို တည်​ကြ၏။


ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​အ​ပေါင်း​တို့ မှာ​လိုက်​သည်​ကား၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ယ​နေ့​ပုန်​ကန်၍ ယဇ်​ပ​လ္လင်​ကို တည်​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ မ​လိုက်၊ ယ​နေ့​လွှဲ​သွား​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်​ကို ပြစ်​မှား​သော​အ​ပြစ်​ကား အ​ဘယ်​သို့​နည်း။


သို့​သော်​လည်း သင်​တို့​အ​ပိုင်​ရ​သော​မြေ​သည် မ​စင်​ကြယ်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား အ​ပိုင်​ယူ​တော်​မူ၍၊ တဲ​တော်​ရှိ​ရာ​မြေ​သို့ ကူး​သ​ဖြင့် ငါ​တို့​နှင့်​အ​တူ အ​ပိုင်​ယူ​ကြ​လော့။ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​တော်​မှ​တစ်​ပါး၊ အ​ခြား​သော​ယဇ်​ပ​လ္လင်​ကို ကိုယ်​အ​ဖို့​တည်၍ ထာ​ဝ​ရ​ဘု​ရား​ကို မ​ပုန်​ကန်​ကြ​နှင့်။ ငါ​တို့​ကို​လည်း မ​ပုန်​ကန်​ကြ​နှင့်။


ဂိ​လဒ်​လူ​တို့​သည် ဧ​ဖ​ရိမ်​လူ​တို့​ရှေ့​မှာ ယော်​ဒန်​မြစ်​ကူး​ရာ​အ​ရပ်​တို့​ကို ဆီး​တား၍ ပြေး​လွတ်​သော ဧ​ဖ​ရိမ်​လူ​က၊ ကူး​ပါ​ရ​စေ​ဟု အ​ခွင့်​တောင်း​သော​အ​ခါ၊ ဂိ​လဒ်​လူ​တို့​က၊ သင်​သည် ဧ​ဖ​ရိမ်​အ​မျိုး​သား ဖြစ်​သ​လော​ဟု မေး​စစ်​သော်၊ သူ​က မ​ဟုတ်​ပါ​ဟု ဆို​လျှင်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ