Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 21:27 - Judson Bible in Zawgyi Version

27 လေ​ဝိ​အ​ဆွေ​အ​မျိုး၊ ဂေ​ရ​ရှုံ​သား​တို့​အား​လည်း၊ မ​နာ​ရှေ​ခ​ရိုင်​ဝက်​ထဲ​က လူ​အ​သက်​ကို​သတ်​မိ​သော​သူ မှီ​ခို​ရာ​မြို့၊ ဗာ​ရှန်​ပြည်၌ ဂေါ​လန်​မြို့​နှင့် မြို့​နယ်၊ ဗေ​ရှ​တေ​ရ​မြို့​နှင့် မြို့​နယ်​တည်း​ဟူ​သော နှစ်​မြို့​တို့​ကို​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

27 လေဝိ​အမျိုးအနွယ်​၏​မျိုးနွယ်စု​ဖြစ်​သော​ဂေရရှုန်​သားမြေး​တို့​ကို​ကား မနာရှေ​အမျိုးအနွယ်​တစ်ဝက်​ရ​သော​အမွေမြေ​ထဲမှ ဗာရှန်​ပြည်​ရှိ ဂေါလန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဗေရှတေရ​မြို့​နှင့် စားကျက်မြေ​များ​ကို​ပေး​၏​။ (​ဂေါလန်​မြို့​သည် မတော်တဆ​လူသတ်​မိ​သော​သူ​တို့ ခိုလှုံ​နိုင်​သော​မြို့ ဖြစ်​၏​။)

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

27 လေ​ဝိ​အ​နွယ်​ဝင်​ဂေ​ရ​ရှုံ​၏​သား​ချင်း​စု​တို့ သည်​အ​ရှေ့​မ​နာ​ရှေ​နယ်​မြေ​မှ​မြို့​နှစ်​မြို့ ကို​ရ​ရှိ​ကြ​၏။ ၎င်း​တို့​မှာ​ပတ်​ဝန်း​ကျင်​ရှိ စား​ကျက်​များ​အ​ပါ​အ​ဝင်​ဗာ​ရှန်​ပြည်​ရှိ ဂေါ​လန်​မြို့(ခို​လှုံ​ရာ​မြို့​တစ်​မြို့) နှင့်​ဗေ​ရှ တေ​ရ​မြို့​တို့​ဖြစ်​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 21:27
8 ပူးပေါင်းရင်းမြစ်များ  

ဂေ​ရ​ရှုံ​သား​တို့​အား​လည်း၊ မ​နာ​ရှေ​ခ​ရိုင်​ဝက်​ထဲ​က ဗာ​ရှန်​ပြည် ဂေါ​လန်​မြို့​နှင့် မြို့​နယ်၊ အာ​ရှ​တ​ရုတ်​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း​ကောင်း၊


ထို​မြို့​တို့၏​အ​မည်​ကား၊ ရု​ဗင်​အ​မျိုး​သား​နေ​ရာ တော​လွင်​ပြင်၌ ဗေ​ဇာ​မြို့၊ ဂဒ်​အ​မျိုး​သား​နေ​ရာ ဂိ​လဒ်​ပြည်၌​ရာ​မုတ်​မြို့၊ မ​နာ​ရှေ​အ​မျိုး​သား​နေ​ရာ ဗာ​ရှန်​ပြည်၌​ဂေါ​လန်​မြို့​တည်း။


ယော်​ဒန်​မြစ်​တစ်​ဖက်၊ ယေ​ရိ​ခေါ​မြို့​အ​ရှေ့​မှာ ရု​ဗင်​ခ​ရိုင်၊ တော​လွင်​ပြင်၌ ဗေ​ဇာ​မြို့၊ ဂဒ်​ခ​ရိုင်၊ ဂိ​လဒ်​ပြည်၌ ရာ​မုတ်​မြို့၊ မ​နာ​ရှေ​ခ​ရိုင်၊ ဗာ​ရှန်​ပြည်၌ ဂေါ​လန်​မြို့​တို့​ကို​လည်း​ကောင်း ရွေး​ထား​ကြ၏။


ကြွင်း​သော ကော​ဟတ်​သား​အ​ဆွေ​အ​မျိုး​တို့​သည် ရ​သော​မြို့​နယ်​နှင့်​တ​ကွ မြို့​ပေါင်း​ကား ဆယ်​မြို့​တည်း။


ဣ​သ​ခါ​ခ​ရိုင်​ထဲ​က ကိ​ရှုန်​မြို့​နှင့် မြို့​နယ်၊ ဒါ​ဗ​ရေ​မြို့​နှင့် မြို့​နယ်၊


ဂေ​ရ​ရှုံ​သား​တို့​သည် စာ​ရေး​တံ​ပြု​သော​အား​ဖြင့်၊ ဣ​သ​ခါ​ခ​ရိုင်၊ အာ​ရှာ​ခ​ရိုင်၊ နဿ​လိ​ခ​ရိုင်၊ ဗာ​ရှန်​ပြည်၌ မ​နာ​ရှေ​ခ​ရိုင်​ဝက်​ထဲ​က၊ ဆယ်​သုံး​မြို့​ကို​ရ​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ