Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 20:7 - Judson Bible in Zawgyi Version

7 သူ​တို့​သည် ဂါ​လိ​လဲ​ပြည်၊ နဿ​လိ​တောင်​ပေါ်​မှာ ကေ​ဒေ​ရှ​မြို့၊ ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ ရှေ​ခင်​မြို့၊ ယု​ဒ​တောင်​ပေါ်​မှာ ဟေ​ဗြုန်​မြို့​တည်း​ဟူ​သော ကိ​ရ​ယ​သာ​ဘ​မြို့​တို့​ကို​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

7 ထို့ကြောင့် သူ​တို့​သည် ဂါလိလဲ​ပြည်​၊ နဿလိ​တောင်ပေါ်ဒေသ​ရှိ ကေဒေရှ​မြို့​၊ ဧဖရိမ်​တောင်ပေါ်ဒေသ​ရှိ ရှေခင်​မြို့​၊ ယုဒ​တောင်ပေါ်ဒေသ​ရှိ ဟေဗြုန် ခေါ် ကိရယအာဘ​မြို့​တို့​ကို ရွေးချယ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

7 ထို့​ကြောင့်​သူ​တို့​သည်​ယော်​ဒန်​မြစ်​အ​နောက် ဘက်​တွင်​န​ဿ​လိ​တောင်​ကုန်း​ဒေ​သ၊ ဂါ​လိ​လဲ နယ်​ရှိ​ကေ​ဒေ​ရှ​မြို့၊ ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ ရှိ​ရှေ​ခင်​မြို့၊ ယု​ဒ​တောင်​ကုန်း​ဒေ​သ​ရှိ​ဟေ​ဗြုန် မြို့​တို့​ကို​ခို​လှုံ​ရာ​မြို့​များ​အ​ဖြစ်​ရွေး​ချယ် သတ်​မှတ်​ကြ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 20:7
22 ပူးပေါင်းရင်းမြစ်များ  

ခါ​နာန်​ပြည်၊ ဟေ​ဗြုန်​မြို့​တည်း​ဟူ​သော၊ ကိ​ရ​ယ​သာ​ဘ​မြို့၌ သေ​လေ၏။ အာ​ဗြ​ဟံ​သည်​လည်း စာ​ရာ​ကြောင့် ညည်း​တွား​ငို​ကြွေး​ခြင်း​ငှာ​လာ၏။


ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ရော​ဗောင်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ခြင်း​ငှာ၊ ရှေ​ခင်​မြို့​သို့​သွား​ကြ၍ သူ​သည်​လည်း​သွား၏။


နဿ​လိ​ခ​ရိုင်​ထဲ​က ဂါ​လိ​လဲ​ပြည် ကေ​ဒေ​ရှ​မြို့​နှင့် မြို့​နယ်၊ ဟ​မ္မုန်​မြို့​နှင့် မြို့​နယ်၊ ကိ​ရ​ယ​သိမ်​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း​ကောင်း ပေး​ကြ၏။


ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် ရော​ဗောင်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ခြင်း​ငှာ ရှေ​ခင်​မြို့​သို့​သွား​ကြ၍၊ သူ​သည်​လည်း သွား၏။


လေ​ဝိ​သား​တို့​အား ပေး​သော​မြို့​တို့​တွင်၊ လူ​ကို​သတ်​သော​သူ​သည် ပြေး၍​မှီ​ခို​ရာ​မြို့ ခြောက်​မြို့​တို့​ကို ရွေး​ထား​ရ​မည်။ ထို​မြို့​များ​အ​ပြင် အ​ခြား​သော မြို့​လေး​ဆယ်​နှစ်​မြို့​တို့​ကို ပေး​ရ​မည်။


ထို​အ​ခါ မာ​ရိ​သည်​ထ၍၊ တောင်​ကြား​အ​ရပ်၌​ရှိ​သော ယု​ဒ​မြို့​တစ်​မြို့​သို့ အ​လျင်​အ​မြန် သွား​ပြီး​လျှင်၊-


ထို​အ​ခါ အိမ်​နီး​ချင်း​ကို​အ​ငြိုး​မ​ထား​ဘဲ၊ အ​မှတ်​တ​မဲ့​သတ်​မိ​သော​သူ​သည် ပြေး၍၊


ကေ​ဒေ​ရှ​မင်း​ကြီး​တစ်​ပါး၊ က​ရ​မေ​လ​တောင်​ပေါ်​မှာ ယော​က​နမ်​မင်း​ကြီး​တစ်​ပါး၊


ဟေ​ဗြုန်​မြို့​သည် အ​ထက်​က ကိ​ရ​ယ​သာ​ဘ​အ​မည်​ရှိ၏။ အာ​ဗ​သည် အာ​န​က​အ​မျိုး​သား​တို့​တွင်​လူ​ကြီး​ဖြစ်၏။ ထို​အ​ခါ တစ်​ပြည်​လုံး​စစ်​ငြိမ်း​လေ၏။


ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ယော​ရှု​သည် ယု​ဒ​အ​မျိုး​သား​တို့​တွင် ယေ​ဖု​န္နာ၏​သား ကာ​လက်​အ​ဖို့ ဟေ​ဗြုန်​မြို့​တည်း​ဟူ​သော အာ​န​က​အ​ဘ၊ အာ​ဘ၏​မြို့​ကို ချ​ပေး​လေ၏။


ခိုင်​ခံ့​သော​မြို့​များ​ဟူ​မူ​ကား၊ ဇိ​ဒ္ဒိမ်​မြို့၊ ဇေ​ရ​မြို့၊ ဟ​မ္မတ်​မြို့၊ ရ​က္ကတ်​မြို့၊ ဂင်္နေ​သ​ရက်​မြို့၊


အာ​ဒ​မာ​မြို့၊ ရာ​မ​မြို့၊ ဟာ​ဇော်​မြို့၊


ကေ​ဒေ​ရှ​မြို့၊ အင်​ဟာ​ဇော်​မြို့၊ ဧ​ဒြိ​မြို့၊


ယော်​ဒန်​မြစ်​တစ်​ဖက်၊ ယေ​ရိ​ခေါ​မြို့​အ​ရှေ့​မှာ ရု​ဗင်​ခ​ရိုင်၊ တော​လွင်​ပြင်၌ ဗေ​ဇာ​မြို့၊ ဂဒ်​ခ​ရိုင်၊ ဂိ​လဒ်​ပြည်၌ ရာ​မုတ်​မြို့၊ မ​နာ​ရှေ​ခ​ရိုင်၊ ဗာ​ရှန်​ပြည်၌ ဂေါ​လန်​မြို့​တို့​ကို​လည်း​ကောင်း ရွေး​ထား​ကြ၏။


ယု​ဒ​ခ​ရိုင်​တောင်​ကြား၌ ဟေ​ဗြုန်​မြို့​တည်း​ဟူ​သော အာ​န​က​အ​ဘ၊ အာ​ဘ​နေ​သော​မြို့​ကို မြို့​နယ်​နှင့်​တ​ကွ ပေး​ကြ၏။


လူ​အ​သက်​ကို​သတ်​မိ​သော​သူ မှီ​ခို​ရာ​မြို့​ဖြစ်​စေ​ခြင်း​ငှာ၊ ဟေ​ဗြုန်​မြို့​ကို မြို့​နယ်​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်၏ သား​မြေး​တို့​အား​ပေး​ကြ၏။


လူ​အ​သက်​ကို​သတ်​မိ​သော​သူ မှီ​ခို​ရာ​မြို့​ဖြစ်​စေ​ခြင်း​ငှာ၊ ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ ရှေ​ခင်​မြို့​ကို မြို့​နယ်​နှင့်​တ​ကွ ပေး​ကြ၏။


နဿ​လိ​ခ​ရိုင်​ထဲ​က၊ လူ​အ​သက်​ကို သတ်​မိ​သော​သူ မှီ​ခို​ရာ​မြို့၊ ဂါ​လိ​လဲ​ပြည်၌ ကေ​ဒေ​ရှ​မြို့​နှင့် မြို့​နယ်၊ ဟ​မ္မု​ဒ္ဒေါ​မြို့​နှင့် မြို့​နယ်၊ ကာ​တံ​မြို့​နှင့် မြို့​နယ်​တည်း​ဟူ​သော သုံး​မြို့​တို့​ကို​လည်း​ကောင်း ပေး​ကြ၏။


တစ်​ဖန် ယော​ရှု​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​တို့​ကို ရှေ​ခင်​မြို့၌ စည်း​ဝေး​စေ၍၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ၊ အ​ကဲ​အ​မှူး၊ တ​ရား​သူ​ကြီး၊ အ​ရာ​ရှိ​သော သူ​တို့​ကို​ခေါ်​သ​ဖြင့်၊ သူ​တို့​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​သို့ ချဉ်း​ကပ်​ကြ၏။


ယေ​ရု​ဗ္ဗာ​လ​သား အ​ဘိ​မ​လက်​သည် ရှေ​ခင်​မြို့​သို့​သွား၍ ဦး​ရီး​များ၊ အ​မိ၏​အ​ဆွေ​အ​မျိုး​များ​အ​ပေါင်း​တို့​နှင့် နှုတ်​ဆက်​လျက်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ