Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 2:18 - Judson Bible in Zawgyi Version

18 ဤ​ပြည်​သို့ ငါ​တို့​ရောက်​လာ​သော​အ​ခါ၊ ယ​ခု​လျှော့​ချ​သော ပြူ​တင်း​ပေါက်၌ ဤ​ကြိုး​နီ​ကို ချည်​ထား၍၊ သင့်​မိ​ဘ၊ သင့်​မောင်​များ​နှင့် ပေါက်​ဖော်​များ​အ​ပေါင်း​တို့​ကို သင့်​အိမ်၌​ခေါ်​ထား​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

18 ဤ​ပြည်​သို့ ငါ​တို့​ရောက်လာ​သောအခါ ဤ​ကြိုးနီ​ကို ငါ​တို့​လျှောဆင်း​လာ​ခဲ့​သော​ပြတင်းပေါက်​၌ ချည်​ထား​ရ​မည်​။ သင်​၏​မိဘ​၊ ညီအစ်ကို​မောင်နှမ​တို့​နှင့် ဆွေမျိုးသားချင်း​အားလုံး​ကို သင့်​အိမ်​၌ ခေါ်ထား​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

18 သင်​တို့​၏​ပြည်​ထဲ​သို့​ငါ​တို့​ချီ​တက်​လာ​သော အ​ခါ ငါ​တို့​ကို​လျှော​ချ​သော​ပြူ​တင်း​ပေါက် တွင် ဤ​ကြိုး​နီ​ကို​ချည်​ထား​လော့။ သင်​၏​မိ​ဘ၊ မောင်​နှ​မ​များ​နှင့်​ဖ​ခင်​ဘက်​မှ​မိ​သား​စု အား​လုံး​ကို​သင်​၏​အိမ်​တွင်​စု​ရုံး​နေ​စေ လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 2:18
19 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် သင့်​ကို လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။ ငါ​ကောင်း​ချီး​ပေး၍ သင်၏​နာ​မ​ကို ကြီး​မြတ်​စေ​မည်။ သင်​သည် ကောင်း​ချီး​ခံ​ရ​သော​သူ​ဖြစ်​လိမ့်​မည်။


ထို​နောက်၊ ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည် နော​ဧ​ကို တစ်​ဖန်​မိန့်​တော်​မူ​ပြန်​သည်​ကား၊ ဤ​ကာ​လ​အ​မျိုး​တွင် သင်​သည် ငါ့​ရှေ့၌​ဖြောင့်​မတ်​ကြောင်း​ကို ငါ​သိ​မြင်​သည်​ဖြစ်၍၊ သင်၏​အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ သင်္ဘော​ထဲ​သို့ ဝင်​ကြ​လော့။


ကျွန်​တော်​မ​အ​မျိုး​အ​ပေါ်​သို့ ရောက်​ရ​သော ဘေး​ကို​လည်း​ကောင်း၊ ကျွန်​တော်​မ​အ​မျိုး​သား​ချင်း ပျက်​စီး​သော အ​မှု​ကို​လည်း​ကောင်း၊ ကျွန်​တော်​မ​သည် ကြည့်​ရှု​ခြင်း​ငှာ၊ အ​ဘယ်​သို့ တတ်​နိုင်​ပါ​အံ့​နည်း​ဟု လျှောက်​ဆို၏။


သိုး​သ​ငယ်​၏​အ​သွေး​သည် သင်​တို့​နေ​ရာ​အိမ်၌ သင်​တို့၏​လ​က္ခ​ဏာ​သက်​သေ​ဖြစ်၍၊ ထို​အ​သွေး​ကို​ငါ​မြင်​သော​အ​ခါ၊ သင်​တို့​ကို ငါ​လွန်​သွား​မည်။ ထို​သို့​အဲ​ဂု​တ္တု​ပြည်​ကို ငါ​သည်​ဒဏ်​ခတ်​သော​အ​ခါ၊ ဖျက်​ဆီး​ခြင်း ဘေး​ဥ​ပဒ်​သည် သင်​တို့​ကို​မ​သင့်​မ​ရောက်​ရ။


နှုတ်​ခမ်း​သည်​လည်း နီ​ထွေး​သော​ကြိုး​နှင့် တူ၏။ စ​ကား​သံ​လည်း သာ​ယာ​ပေ၏။ နား​ပန်း​ဆံ​ကြား​မှာ ပါး​တို့​သည် သ​လဲ​သီး​ယှက်​နှင့် တူ​ကြ၏။


စင်​ကြယ်​စေ​ခြင်း​ကို​ခံ​ရ​သော ထို​သူ​အ​ဖို့၊ အ​သက်​ရှင်၍​စင်​ကြယ်​သော ငှက်​နှစ်​ကောင်၊ အာ​ရဇ်​သစ်​သား၊ နီ​မောင်း​သော​ကြိုး၊ ဟုဿုပ်​ပင်​ညွန့်​တို့​ကို မှာ​လိုက်၍၊


ယဇ်​ပု​ရော​ဟိတ်​သည်​လည်း အ​ကာ​ရှ​သစ်​သား၊ ဟုဿုပ်​ပင်​ညွန့်​နှင့် နီ​မောင်း​သော​အ​ထည်​ကို ယူ၍၊ နွား​မ​မီး​လောင်​ရာ​ထဲ​သို့ ပစ်​ချ​ရ​မည်။


ထို​အ​ရာ​တို့​ကို၊ နီ​သော​အ​ထည်​နှင့် အုပ်​ရ​မည်။ တစ်​ဖန် တ​ဟာ​ရှ​သား​ရေ​နှင့်​အုပ်​ပြန်၍ ထမ်း​ပိုး​တို့​ကို​လျှို​ထား​ရ​မည်။


ယေ​ရှု​က​လည်း၊ ဤ​သူ​သည် အာ​ဗြ​ဟံ၏​သား ဖြစ်​သည်​နှင့်​အ​လျောက်၊ ယ​နေ့​ပင် ကယ်​တင်​တော်​မူ​ခြင်း ကျေး​ဇူး​သည် ဤ​အိမ်​အ​ပေါ်​မှာ သက်​ရောက်​လေ၏။-


ထို​သို့​နှုတ်​ဆက်၍ ဝင်​လေ​သော် စု​ဝေး​လျက်​ရှိ​ကြ​သော လူ​များ​ကို​တွေ့​လျှင်၊-


ထို​ကြောင့် အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​သို့ အ​လျင်​အ​မြန်​စေ​လွှတ်၍၊ ကိုယ်​တော်​သည် ကြွ​လာ​သော​အား​ဖြင့် ကောင်း​မွန်​စွာ​ပြု​ပါ​ပြီ။ သို့​ဖြစ်၍ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်၌​မှာ​ထား​တော်​မူ​သ​မျှ​ကို နား​ထောင်​ခြင်း​ငှာ၊ ယ​ခု​အ​ကျွန်ုပ်​တို့​ရှိ​သ​မျှ​သည် ဘု​ရား​သ​ခင်​ရှေ့​တော်၌ အ​သင့်​နေ​ကြ​ပါ​သည်​ဟု ကော်​နေ​လိ ပြော​ဆို၏။


ထို​ပေ​တ​ရု​သည် သင်​မှ​စ၍ သင်၏​အိမ်၌ ရှိ​သ​မျှ​သော သူ​တို့​ကို ကယ်​တင်​တော်​မူ​ခြင်း​တ​ရား​စ​ကား​ကို သင့်​အား​ဟော​ပြော​လိမ့်​မည်​ဟု မြွက်​ဆို​ခဲ့​သော အ​ကြောင်း​အ​ရာ​ကို ထို​သူ​သည် ငါ​တို့​အား​ပြန်​ကြား​လေ၏။-


ထာ​ဝ​ရ​ဘု​ရား၏ က​ရု​ဏာ​တော်​သည် ဩ​နေ​သိ​ဖော်၏​အိမ်၌ သက်​ရောက်​ပါ​စေ​သော။ သူ​သည်​ငါ့​ကို အ​ဖန်​ဖန်​သက်​သာ​စေ​ပြီ။ ငါ၌​သံ​ကြိုး​ချည်​နှောင်​လျက် ရှိ​သော်​လည်း၊ သူ​သည် ရှက်​ကြောက်​ခြင်း​မ​ရှိ​ဘဲ၊-


တ​ရား​တော်၌ ပါ​သ​မျှ​သော ပ​ညတ်​တို့​ကို မော​ရှေ​သည် လူ​အ​ပေါင်း​တို့​အား ဟော​ပြော​ပြီး​မှ၊ ရေ​နှင့်​ရော​နှော​သော​နွား၊ ဆိတ်၏​အ​သွေး​ကို​ယူ၍၊ အ​နီ​ဆိုး​သော သိုး​မွေး​တပ်​သော ဟုဿုပ်​ပင်​ညွန့်​နှင့်၊ ကျမ်း​စာ​ကို​လည်း​ကောင်း၊ လူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ဖျန်း​လျက်၊-


မိန်း​မ​က၊ သင်​တို့​စ​ကား​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​တော့​ဟု​ဝန်​ခံ​လျက် လွှတ်​လိုက်၍ သူ​တို့​သည် သွား​ကြ၏။ မိန်း​မ​သည်​လည်း ထို​ကြိုး​နီ​ကို ပြူ​တင်း​ပေါက်၌ ချည်​ထား​လေ၏။


သူ​လျှို​လုပ်​သော​လု​လင်​တို့​သည် ဝင်၍၊ ရာ​ခပ်​နှင့် သူ့​မိ​ဘ၊ သူ့​မောင်​များ၊ သူ၌​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ သူ့​ပေါက်​ဖော်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ထုတ်​ဆောင်​ခဲ့၍၊ ဣ​သ​ရေ​လ​တပ်​ပြင်​မှာ ထား​ပြီး​လျှင်၊


ယော​ရှု​သည်​လည်း၊ ပြည့်​တန်​ဆာ​ရာ​ခပ်​နှင့် သူ့​ပေါက်​ဖော်၊ သူ၌​ရှိ​သ​မျှ​တို့​ကို အ​သက်​ချမ်း​သာ​ပေး၍၊ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ယ​နေ့​တိုင်​အောင် နေ​ရ​လေ၏။ အ​ကြောင်း​မူ​ကား၊ ယေ​ရိ​ခေါ​မြို့​ကို စူး​စမ်း​စေ​ခြင်း​ငှာ၊ ယော​ရှု​စေ​လွှတ်​သော တ​မန်​တို့​ကို သူ​သည်​ဝှက်​ထား​သော​ကြောင့်​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ