Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 2:1 - Judson Bible in Zawgyi Version

1 နုန်၏​သား​ယော​ရှု​သည် သူ​လျှို​နှစ်​ယောက်​ကို ရှိ​တ္တိမ်​မြို့​မှ တိတ်​ဆိတ်​စွာ​စေ​လွှတ်​လျက်၊ ခါ​နာန်​ပြည် ယေ​ရိ​ခေါ​မြို့​ကို​သွား၍ ကြည့်​ရှု​ကြ​လော့​ဟု မှာ​ထား​လိုက်​သည်​အ​တိုင်း၊ သူ​တို့​သည်​သွား​ပြီး​လျှင် ရာ​ခပ်​အ​မည်​ရှိ​သော ပြည့်​တန်​ဆာ​မိန်း​မ​အိမ်​သို့ ဝင်၍​နေ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 နုန်​၏​သား​ယောရှု​သည် သူလျှို​နှစ်ဦး​ကို ရှိတ္တိမ်​အရပ်​မှ တိတ်တဆိတ်​စေလွှတ်​၍ “​ခါနာန်​ပြည်​၊ ဂျေရိခေါ​မြို့​ကို သွား​၍​စူးစမ်း​ကြ​လော့​”​ဟု မှာလိုက်​၏​။ သူ​တို့​လည်း သွား​၍ ရာခပ်​အမည်​ရှိ​သော​ပြည့်တန်ဆာမ​၏​အိမ်​သို့​ဝင်​၍ ညအိပ်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ထို​နောက်​ယော​ရှု​သည်​ခါ​နာန်​ပြည်​၏​အ​ခြေ​အ​နေ၊ အ​ထူး​သ​ဖြင့်​ယေ​ရိ​ခေါ​မြို့​၏​အ​ခြေ​အ​နေ​ကို​ထောက်​လှမ်း​ရန် သူ​လျှို​နှစ်​ဦး​ကို​စ​ခန်း​ချ​ရာ​အ​ကေ​ရှ​အ​ရပ်​မှ​စေ​လွှတ်​လိုက်​လေ​သည်။ သူ​တို့​သည်​ယေ​ရိ​ခေါ​မြို့​သို့​သွား​ရောက်​သော အ​ခါ​ရာ​ခပ်​နာ​မည်​ရှိ​ပြည့်​တန်​ဆာ​မ​အိမ် တွင်​တစ်​ည​တည်း​ခို​ကြ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 2:1
23 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​စ​ကား မှန်​သည်​မ​မှန်​သည်​ကို စုံ​စမ်း၍​သိ​စေ​ခြင်း​ငှာ သင်​တို့​တွင် တစ်​ယောက်​သော​သူ​ကို​စေ​လွှတ်၍ ညီ​ကို​ဆောင်​ခဲ့​စေ။ ကြွင်း​သော​သူ​တို့​ကို ထောင်​ထဲ​မှာ​ချ​ထား​မည်။ သို့​မ​ဟုတ် ဖာ​ရော​ဘု​ရင် အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ အ​ကယ်​စင်​စစ် သင်​တို့​သည်​သူ​လျှို ဖြစ်​ကြ၏​ဟု​ဆို​ပြီး​လျှင်၊


ယော​သပ်​သည်​သူ​တို့​အ​ကြောင်း​နှင့် မြင်​ရ​သော​အိပ်​မက်​တို့​ကို အောက်​မေ့​လျက်၊ သင်​တို့​သည်​သူ​လျှို​ဖြစ်​ကြ၏။ ပြည်​တော်၌ အား​နည်း​သော​အ​ရပ်​ကို ကြည့်​ရှု​ခြင်း​ငှာ လာ​ကြ​ပြီ​ဟု​ဆို​လျှင်၊


အို ငါ၏​လူ​မျိုး၊ ရှိ​တ္တိမ်​မြို့​နှင့် ဂိ​လ​ဂါ​လ​မြို့ စပ်​ကြား​မှာ မော​ဘ​မင်း​ကြီး ဗာ​လက်​ကြံ​စည်​သော အ​ကြံ​ကို​လည်း​ကောင်း၊ ဗော​ရ​သား ဗာ​လမ်​ပြန်​ပြော​သော စ​ကား​ကို​လည်း​ကောင်း အောက်​မေ့​လော့။ ထို​သို့ အောက်​မေ့​မိ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏​ဖြောင့်​မတ်​တော်​မူ​ခြင်း​ကို နား​လည်​လိမ့်​မည်။


တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​ပေး​သော​ခါ​နာန်​ပြည်​ကို စူး​စမ်း​စေ​ခြင်း​ငှာ၊ အ​မျိုး​အ​နွယ်​အ​သီး​အ​သီး​ထဲ​က အ​ဆွေ​အ​မျိုး​သူ​ကြီး​ဖြစ်​သော​သူ တစ်​မျိုး​တစ်​ယောက်​စီ​ရွေး​ကောက်၍ စေ​လွှတ်​လော့​ဟု၊


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရှိ​တ္တိမ်​အ​ရပ်၌ နေ​သော​အ​ခါ၊ အ​ချို့​တို့​သည် မော​ဘ​မိန်း​မ​တို့​နှင့် မ​တ​ရား​သော​မေ​ထုန်​ကို​ပြု​ကြ၏။


ထို​သို့​မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား​မှာ ဗက်​ယေ​ရှိ​မုတ်​မြို့​မှ အာ​ဗေ​လ​ရှိ​တ္တိမ်​မြို့​တိုင်​အောင် စ​ခန်း​ချ​ကြ၏။


စာ​လ​မုန်​သည် မိ​မိ​ခင်​ပွန်း​ရာ​ခပ်​တွင် မြင်​သော​သား ဗော​ဇ။ ဗော​ဇ​သည် မိ​မိ​ခင်​ပွန်း​ရု​သ​တွင် မြင်​သော​သား ဩ​ဗက်။ ဩ​ဗက်​သား ယေ​ရှဲ။ ယေ​ရှဲ​သား ဒါ​ဝိဒ်​မင်း​ကြီး​တည်း။


တော​ခွေး​စု​ထဲ​သို့ သိုး​တို့​ကို စေ​လွှတ်​သ​ကဲ့​သို့ သင်​တို့​ကို ငါ​စေ​လွှတ်၏။ ထို​ကြောင့် သင်​တို့​သည် မြွေ​ကဲ့​သို့ လိ​မ္မာ​လျက်၊ ချိုး​ငှက်​ကဲ့​သို့ အ​ဆိပ်​ကင်း​လျက် ရှိ​ကြ​လော့။-


မ​တ​ရား​သော မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ ညစ်​ညူး​စွာ ပြု​သော​သူ၊ ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ​ဖြစ်​သော လော​ဘ​လွန်​ကျူး​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ ခ​ရစ်​တော်​နှင့် ဘု​ရား​သ​ခင်၏​နိုင်​ငံ၌ အ​မွေ​မ​ခံ​ရ​သည်​ကို သင်​တို့ သိ​ကြ၏။-


ပြည်​တန်​ဆာ​ရာ​ခပ်​သည် သူ​လျှို​တို့​ကို အ​ဆွေ​ဖွဲ့၍ လက်​ခံ​သော​ကြောင့်၊ မ​ယုံ​ကြည်​သော​သူ​တို့​နှင့် အ​တူ မ​ပျက်​စီး​ဘဲ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ချမ်း​သာ​ရ၏။


ထို​နည်း​တူ၊ ပြည့်​တန်​ဆာ​ရာ​ခပ်​သည်၊ တ​မန်​တို့​ကို​လက်​ခံ​ပြီး​မှ အ​ခြား​သော​လမ်း​ဖြင့် လွှတ်​လိုက်၍၊ အ​ကျင့်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​သည်​မ​ဟုတ်​လော။-


အာ​ဏာ​တော်​ကို​ဆန်၍၊ မှာ​ထား​တော်​မူ​သ​မျှ​သော​စ​ကား​ကို နား​မ​ထောင်​သော​သူ မည်​သည်​ကား၊ အ​သေ​သတ်​ခြင်း​ကို ခံ​စေ​ရ​မည်။ သို့​ဖြစ်၍ အား​ယူ​တော်​မူ​ပါ။ ရဲ​ရင့်​ခြင်း​ရှိ​တော်​မူ​ပါ​ဟု ယော​ရှု​အား​ပြန်​လျှောက်​ကြ၏။


ပြည်​သား​အ​ချို့​တို့​က​လည်း၊ ဤ​ပြည်​ကို စူး​စမ်း​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ချို့​တို့​သည် ယ​နေ့​ည​မှာ မြို့​တွင်း​သို့ ဝင်​ပါ​ပြီ​ဟု ယေ​ရိ​ခေါ​မင်း​ကြီး​အား လျှောက်​ကြား​ကြ​သည် ရှိ​သော်၊


ဟေ​လ​ကတ်​မြို့​နှင့် မြို့​နယ်၊ ရ​ဟော​ဘ​မြို့​နှင့် မြို့​နယ်​တည်း​ဟူ​သော လေး​မြို့​တို့​ကို​လည်း​ကောင်း၊


ယော​ရှု​သည် နံ​နက်​စော​စော​ထ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ ရှိ​တ္တိမ်​မြို့​မှ​ပြောင်း၍ ယော်​ဒန်​မြစ်​ကို​မ​ကူး​မီ မြစ်​နား​တွင် စ​ခန်း​ချ​ကြ၏။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဂိ​လ​ဂါ​လ​အ​ရပ်​တွင်​တပ်​ချ၍၊ ထို​လ တစ်​ဆယ်​လေး​ရက်​နေ့၊ ညဥ့်​ဦး​ယံ၌ ယေ​ရိ​ခေါ​လွင်​ပြင်​မှာ ပ​သ​ခါ​ပွဲ​ကို​ခံ​ကြ၏။


လု​ဇ​အ​မည်​ဟောင်း​ရှိ​သော ထို​မြို့​ကို စူး​စမ်း​စေ​ခြင်း​ငှာ စေ​လွှတ်​သော သူ​လျှို​တို့​သည်၊


ထို​အ​ခါ လဲ​ရှ​မြို့​ကို စူး​စမ်း​ခြင်း​ငှာ​သွား​သော သူ​ငါး​ယောက်​တို့​က၊ ဤ​အိမ်​တို့၌ သင်​တိုင်း​တော်၊ တေ​ရပ်​ရုပ်​တု၊ ထု​သော​ရုပ်​တု၊ သွန်း​သော​ရုပ်​တု​ရှိ​ကြောင်း​ကို သိ​သ​လော။ အ​ဘယ်​သို့​ပြု​ရ​မည်​ကို ဆင်​ခြင်​ကြ​လော့​ဟု အ​မျိုး​သား​ချင်း​တို့​အား​ဆို​သော်၊


လဲ​ရှ​မြို့​ကို စူး​စမ်း​သော လူ​ငါး​ယောက်​တို့​သည် မိ​က္ခာ​အိမ်​သို့​ဝင်၍၊


သို့​ဖြစ်၍ ဒန်​အ​မျိုး​သား​တို့​သည် ပြည်​ကို ကြည့်​ရှု​စူး​စမ်း​စေ​ခြင်း​ငှာ မိ​မိ​တို့​အ​မျိုး​သား ခွန်​အား​ကြီး​သော သူ​ရဲ​ငါး​ယောက်​တို့​ကို သူ​တို့​နေ​ရာ​အ​ရပ် ဇော​ရာ​မြို့၊ ဧ​ရှ​တော​လ​မြို့​မှ စေ​လွှတ်​လျက်၊ ပြည်​ကို​သွား၍ စူး​စမ်း​ကြ​လော့​ဟု မှာ​လိုက်​ကြ​သည်​အ​တိုင်း၊ သူ​တို့​သည် ဧ​ဖ​ရိမ်​တောင်၊ မိ​က္ခာ​အိမ်​သို့ ရောက်​ပြီး​လျှင် တည်း​ခို၍ နေ​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ