Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 18:4 - Judson Bible in Zawgyi Version

4 သင်​တို့​တွင် အ​မျိုး​တစ်​မျိုး​လျှင် လူ​သုံး​ယောက်​စီ​ရွေး​ကောက်၍ ငါ​စေ​လွှတ်​သ​ဖြင့်၊ သူ​တို့​သည် တစ်​ပြည်​လုံး​သို့​ထ​သွား၍ အ​မွေ​ခံ​သင့်​သည်​အ​တိုင်း ရေး​သား​ပြီး​မှ ငါ့​ထံ​သို့​ပြန်​လာ​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

4 သင်​တို့ အမျိုးအနွယ်​တစ်​နွယ်​လျှင် လူ​သုံး​ယောက်​ကို ရွေးချယ်​ပါ​။ သူ​တို့​ကို ငါ​စေလွှတ်​မည်​။ သူ​တို့​သည် ထို​ပြည်​ကို​လှည့်လည်​ကြည့်ရှု​လျက် သူ​တို့​ပိုင်ဆိုင်​မည့်​အမွေမြေ​ကို ရေးမှတ်​ပြီး ငါ့​ထံ​ပြန်လာ​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

4 သင်​တို့​၏​အ​နွယ်​တစ်​နွယ်​လျှင်​သုံး​ယောက် ကျ​ရွေး​ချယ်​၍​ငါ့​ထံ​သို့​ခေါ်​ဆောင်​ခဲ့​လော့။ ထို​သူ​တို့​သည်​မိ​မိ​တို့​အ​တွက် နှစ်​သက်​ရာ နယ်​မြေ​ကို​ပိုင်း​ခြား​သတ်​မှတ်​ပေး​ရန်​သူ တို့​အား​တစ်​ပြည်​လုံး​သို့​ငါ​စေ​လွှတ်​မည်။ သူ​တို့​သည်​ယင်း​သို့​နယ်​မြေ​တို့​ကို​သတ်​မှတ် ပေး​ပြီး​သော​အ​ခါ ငါ့​ထံ​သို့​ပြန်​လာ​ရ ကြ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 18:4
9 ပူးပေါင်းရင်းမြစ်များ  

ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​တော်​တွင်၊ သင်​တို့ ခံ​စား​ရ​သော​အ​ဖို့​ကို ကြိုး​တန်း​နှင့် တိုင်း​ထွာ​သော​သူ မ​ရှိ​ရ။


အ​မျိုး​အ​နွယ်​အ​သီး​အ​သီး တစ်​မျိုး​တစ်​ယောက်​စီ မိ​မိ​တို့​အ​ဆွေ​အ​မျိုး၌ သူ​ကြီး​ဖြစ်​သော​လူ​တို့​သည် သင်​တို့​နှင့်​အ​တူ​ကူ​ညီ၍ အ​မှု​ကို​ဆောင်​ရ​ကြ​မည်။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​ပေး​သော​ခါ​နာန်​ပြည်​ကို စူး​စမ်း​စေ​ခြင်း​ငှာ၊ အ​မျိုး​အ​နွယ်​အ​သီး​အ​သီး​ထဲ​က အ​ဆွေ​အ​မျိုး​သူ​ကြီး​ဖြစ်​သော​သူ တစ်​မျိုး​တစ်​ယောက်​စီ​ရွေး​ကောက်၍ စေ​လွှတ်​လော့​ဟု၊


ယော​ရှု​က၊ သင်​တို့​ဘိုး​ဘေး​များ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​မြေ​ကို သင်​တို့​သည် မ​သိမ်း​မ​ယူ​ဘဲ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ကြ​လိမ့်​မည်​နည်း။


သူ​တို့​သည် ပြည်​ကို ခု​နစ်​ပိုင်း​ပိုင်း​ခြား​ရ​ကြ​မည်။ ယု​ဒ​အ​မျိုး​သည် တောင်​ဘက်​မိ​မိ​နေ​ရာ၌ နေ​ရ​မည်။ ယော​သပ်​အ​မျိုး​သည် မြောက်​ဘက်​မိ​မိ​နေ​ရာ၌ နေ​ရ​မည်။


ပြည်​ကို ခု​နစ်​ပိုင်း​ပိုင်း​ခြား​ပြီး​မှ၊ ပြည်​ပုံ​ကို ငါ့​ထံ​သို့​ဆောင်​ခဲ့၍၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သင်​တို့​အ​ဖို့ စာ​ရေး​တံ​ပြု​မည်။


သူ​တို့​သည် တစ်​ပြည်​လုံး​သို့ လျှောက်​သွား​သ​ဖြင့်၊ မြို့​ရွာ​ရှိ​သည်​အ​တိုင်း စာ၌​ခု​နစ်​ပိုင်း​ပိုင်း၍ ရေး​သား​ပြီး​မှ ယော​ရှု​နေ​ရာ ရှိ​လော​တပ်​သို့ ရောက်​လာ​ကြ၏။


သို့​ဖြစ်၍ ဣ​သ​ရေ​လ​အ​မျိုး​များ​ထဲ​က တစ်​မျိုး​တစ်​ယောက်​စီ၊ လူ​တစ်​ဆယ်​နှစ်​ယောက်​တို့​ကို ရွေး​ကောက်​ကြ​လော့။


လူ​များ​တို့​တွင် တစ်​မျိုး​တစ်​ယောက်​စီ၊ လူ​တစ်​ဆယ်​နှစ်​ယောက်​ကို ရွေး​ကောက်၍၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ