Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 18:12 - Judson Bible in Zawgyi Version

12 မြေ​အ​ပိုင်း​အ​ခြား​သည် မြောက်​မျက်​နှာ၌ ယော်​ဒန်​မြစ်​မှ​ထွက်၍ ယေ​ရိ​ခေါ​မြို့ မြောက်​ဘက်​နား၌​လည်း​ကောင်း၊ အ​နောက်​ဘက် တောင်​ပေါ်၌​လည်း​ကောင်း လျှောက်​လျက် ဗေ​သ​ဝင်​တော​သို့​ထွက်​သွား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

12 သူ​တို့​၏​နယ်နိမိတ်​မှာ မြောက်ဘက်ခြမ်း​တွင် ဂျော်ဒန်​မြစ်​မှ​အစပြု​၏​။ ထိုမှ နယ်နိမိတ်​သည် မြောက်ဘက်​ဂျေရိခေါ​တောင်စောင်း​တစ်လျှောက်​သို့ တက်သွား​ပြီး အနောက်ဘက်​တောင်ပေါ်ဒေသ​သို့​ဆက်သွား​ကာ ဗေသဝင်​တောကန္တာရ​တွင် ဆုံး​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

12 သူ​တို့​၏​နယ်​မြေ​မြောက်​ဘက်​နယ်​နိ​မိတ်​သည် ယော်​ဒန်​မြစ်​တွင်​အ​စ​ပြု​၍ ယေ​ရိ​ခေါ​မြို့ မြောက်​ဘက်​ရှိ​တောင်​စောင်း​သို့​တက်​ပြီး​လျှင် အ​နောက်​သို့​ဗေ​သ​ဝင်​တော​ကန္တာ​ရ​တိုင် အောင်​တောင်​ကုန်း​ဒေ​သ​ကို​ဖြတ်​သန်း သွား​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 18:12
11 ပူးပေါင်းရင်းမြစ်များ  

ရှ​မာ​ရိ​မြို့​သား​တို့​သည် ဗေ​သ​ဝင်​နွား​သ​ငယ်​အ​ဖို့ ကြောက်​ကြ​လိမ့်​မည်။ ထို​နွား​သ​ငယ်၏ ဘုန်း​အ​တွက် သူ၏​တ​ကာ​တို့​သည် ငို​ကြွေး​မြည်​တမ်း၍၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ရန်​သူ​တို့​သည် ထို​ဘုန်း​ကို လု​ယူ၍၊


အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​သည် ပြည့်​တန်​ဆာ​လုပ်​သော်​လည်း၊ ယု​ဒ​အ​မျိုး​ကို မ​မှား​ယွင်း​ပါ​စေ​နှင့်။ ဂိ​လ​ဂါ​လ​မြို့​သို့ မ​ချဉ်း​ကပ်​ကြ​နှင့်။ ဗေ​သ​ဝင်​မြို့​သို့ မ​သွား​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း​ဟူ၍ မ​ကျိန်​ဆို​ကြ​နှင့်။


ဂိ​ဗာ​မြို့၌ နှဲ​ခ​ရာ​ကို​လည်း​ကောင်း၊ ရာ​မ​မြို့၌ တံ​ပိုး​ကို​လည်း​ကောင်း မှုတ်​ကြ​လော့။ ဗေ​သ​ဝင်​မြို့၌ ကြွေး​ကြော်​ကြ​လော့။ အို ဗင်္ယာ​မိန်​အ​မျိုး၊ နောက်​သို့ ကြည့်​ကြ​လော့။


ယော​သပ်​အ​မျိုး​သား​တို့​သည် စာ​ရေး​တံ​ပြု၍ အ​မွေ​ခံ​ရ​သော​မြေ အ​ပိုင်း​အ​ခြား​သည် ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​အ​ရှေ့၊ ယေ​ရိ​ခေါ​အိုင်​မှ​ထွက်၍ တော​လမ်း​သို့​လိုက်​လျက်၊ ဗေ​သ​လ​တောင်​တစ်​လျှောက်​လုံး​သွား​သ​ဖြင့်၊


ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် စာ​ရေး​တံ​ပြု၍ အ​ဆွေ​အ​မျိုး​အ​လိုက်​ခံ​ရ​သော​မြေ​သည် ယု​ဒ​အ​မျိုး​သား​တို့​နှင့် ယော​သပ်​အ​မျိုး​သား​တို့​စပ်​ကြား​မှာ​ကျ၏။


နုန်၏​သား​ယော​ရှု​သည် သူ​လျှို​နှစ်​ယောက်​ကို ရှိ​တ္တိမ်​မြို့​မှ တိတ်​ဆိတ်​စွာ​စေ​လွှတ်​လျက်၊ ခါ​နာန်​ပြည် ယေ​ရိ​ခေါ​မြို့​ကို​သွား၍ ကြည့်​ရှု​ကြ​လော့​ဟု မှာ​ထား​လိုက်​သည်​အ​တိုင်း၊ သူ​တို့​သည်​သွား​ပြီး​လျှင် ရာ​ခပ်​အ​မည်​ရှိ​သော ပြည့်​တန်​ဆာ​မိန်း​မ​အိမ်​သို့ ဝင်၍​နေ​လေ၏။


မြစ်​ညာ​က စီး​လာ​သော​ရေ​သည် တန့်​ရပ်၍ ဝေး​သော​အ​ရပ်၊ ဇာ​ရ​တန်​မြို့​နား​မှာ​ရှိ​သော အာ​ဒံ​မြို့​တိုင်​အောင် ပုံ့​ပုံ့​ကြွ​လျက်​နေ၏။ လွင်​ပြင်​အိုင်​တည်း​ဟူ​သော သော​ဒုံ​အိုင်​သို့ စီး​သွား​သော​ရေ​သည်​လည်း အ​ကုန်​အ​စင်​ပြတ်၍၊ လူ​များ​တို့​သည် ယေ​ရိ​ခေါ​မြို့​သို့ ရှေ့​ရှု​ကူး​ကြ၏။


ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကြောင့်၊ ယေ​ရိ​ခေါ​မြို့​သည် ကျပ်​တည်း​စွာ​ပိတ်​ထား​လျက်​ရှိ၍၊ ထွက်​သော​သူ၊ ဝင်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​သည်​နှင့်​အ​ညီ၊


ယော​ရှု​သည်​လည်း၊ ယေ​ရိ​ခေါ​မြို့​မှ လူ​တို့​ကို​စေ​လွှတ်၍၊ သင်​တို့​သည် ဗေ​သ​လ​မြို့​အ​ရှေ့၊ ဗေ​သ​ဝင်​မြို့​အ​နား​မှာ​ရှိ​သော အာ​ဣ​မြို့​သို့​သွား၍ ထို​ပြည်​ကို ကြည့်​ရှု​ကြ​လော့​ဟု မှာ​ထား​သည်​အ​တိုင်း သူ​တို့​သည်​သွား၍၊ အာ​ဣ​မြို့​ကို ကြည့်​ရှု​ပြီး​လျှင်၊


ယော​ရှု​နှင့် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် ရှုံး​ဟန်​ပြု​လျက် တော​လမ်း​ဖြင့် ပြေး​ကြ၏။


ဖိ​လိ​တ္တိ​လူ​တို့​သည်​လည်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​စစ်​တိုက်​ခြင်း​ငှာ၊ ရ​ထား​သုံး​သောင်း​နှင့် မြင်း​ခြောက်​ထောင်​ကို​လည်း​ကောင်း၊ သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ​ရှိ​သော​လူ​များ​ကို​လည်း​ကောင်း စု​ဝေး​စေ​ပြီး​လျှင်၊ စစ်​ချီ​ဗေ​သ​ဝင် မြို့​အ​ရှေ့၊ မိတ်​မတ်​မြို့၌ တပ်​ချ​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ