Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 17:4 - Judson Bible in Zawgyi Version

4 ထို​မိန်း​မ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ နုန်၏​သား​ယော​ရှု၊ မင်း​များ​ရှေ့​သို့ ချဉ်း​ကပ်၍ အ​ကျွန်ုပ်​တို့​ပေါက်​ဖော်​နှင့်​အ​တူ အ​မွေ​ခံ​ရ​သော​အ​ခွင့်​ကို အ​ကျွန်ုပ် တို့​အား​ပေး​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို​မှာ​ထား​တော်​မူ​ပြီ​ဟု လျှောက်၍၊ ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း သူ​တို့​အ​ဘ၏​ညီ​အစ်​ကို​တို့​နှင့်​အ​တူ အ​မွေ​ခံ​ရ​သော​အ​ခွင့်​ကို ပေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

4 ထို​မိန်းမ​တို့​သည် ယဇ်ပုရောဟိတ်​ဧလာဇာ​၊ နုန်​၏​သား​ယောရှု​နှင့် ခေါင်းဆောင်​တို့​ထံ လာ​၍ “​အကျွန်ုပ်​တို့​ကို အကျွန်ုပ်​တို့​မောင်နှမ​များ​နှင့်အတူ အမွေ​ပေး​ရ​မည်​ဟု ထာဝရဘုရား​က မောရှေ​ကို မိန့်မှာ​ခဲ့​ပါ​၏​”​ဟု ဆို​သဖြင့် ထာဝရဘုရား မိန့်မှာ​ခဲ့​သည့်​အတိုင်း သူ​တို့​အား သူ​တို့​ဖခင်​၏​ညီအစ်ကို​တို့​နှင့်အတူ အမွေမြေ​ကို ခွဲဝေ​ပေး​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

4 သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ နုန်​၏ သား​ယော​ရှု​နှင့်​ခေါင်း​ဆောင်​တို့​ထံ​သို့​ချဉ်း ကပ်​၍``ကျွန်​မ​တို့​အား​လည်း​ကောင်း၊ ကျွန်​မ တို့​၏​ဆွေ​မျိုး​သား​ချင်း​ဖြစ်​သူ​အ​မျိုး​သား တို့​အား​လည်း​ကောင်း ပိုင်​ဆိုင်​ရန်​မြေ​ပေး​ရ မည်​ဟု​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​ကို မိန့်​မှာ​ခဲ့​ပါ​သည်'' ဟု​လျှောက်​ထား​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း သူ​တို့​သည်​သူ​တို့​၏​ဆွေ​မျိုး​သား​ချင်း​ဖြစ် သူ​အ​မျိုး​သား​များ​နည်း​တူ​မြေ​ကို​ရ​ရှိ ကြ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 17:4
9 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ယော​သပ်၏​သား၊ မ​နာ​ရှေ​အ​ဆွေ​အ​မျိုး၌​ပါ​လျက်၊ မ​နာ​ရှေ၊ မာ​ခိ​ရ၊ ဂိ​လဒ်၊ ဟေ​ဖေ​ရ​တို့​မှ​ဆင်း​သက်​သော ဇ​လော​ဖဒ်၏​သ​မီး မာ​လာ၊ နော​အာ၊ ဟော​ဂ​လာ၊ မိ​လ​ကာ၊ တိ​ရ​ဇာ​တို့​သည်​လာ၍၊


ထို​သို့ သား​ယောက်ျား​မ​ရှိ​သော​ကြောင့်၊ အ​ကျွန်ုပ်​တို့​အ​ဘ၏ အ​မည်​သည် အ​ကျွန်ုပ်​တို့​အ​ဆွေ​အ​မျိုး၌ ပျောက်​ရ​ပါ​မည်​လော။ အ​ကျွန်ုပ်​တို့​အ​ဘ၏ ညီ​အစ်​ကို​တို့​နှင့်​အ​တူ၊ အ​ကျွန်ုပ်​တို့​အား အ​မွေ​ပေး​ပါ​ဟု လျှောက်​ကြ၏။


ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဇ​လော​ဖဒ်၏​သ​မီး​မာ​လာ၊


ယေ​ရှု​ခ​ရစ်၌ ယု​ဒ​လူ​မ​ရှိ၊ ဟေ​လ​သ​လူ​မ​ရှိ၊ ကျွန်​မ​ရှိ။ လူ​လွတ်​မ​ရှိ၊ ယောက်ျား​မ​ရှိ၊ မိန်း​မ​မ​ရှိ၊ ထို​သ​ခင်၌ သင်​တို့​အ​ပေါင်း​သည် တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ကြ၏။-


ခါ​နာန်​ပြည်၌​လည်း ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ နုန်၏​သား​ယော​ရှု​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့၌ မင်း​ဖြစ်​သော​သူ​တို့​သည် အ​မွေ​ဝေ​ဖန်၍ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် အ​မွေ​ခံ​ရ​ကြ၏။


ထို​သို့ မ​နာ​ရှေ၏​သ​မီး​တို့​သည် သား​တို့​နှင့်​အ​တူ အ​မွေ​ကို​ခံ​ရ၍၊ မ​နာ​ရှေ၏​သား​အ​ချို့​တို့​သည် ဂိ​လဒ်​ပြည်​ကို ရ​သော​ကြောင့်၊ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် ဂိ​လဒ်​ပြည်​နှင့် ဗာ​ရှန်​ပြည်​မှ​တစ်​ပါး၊ မ​နာ​ရှေ​အ​မျိုး​သည် ဆယ်​ဖို့​ကို ရ​သေး၏။


လေ​ဝိ​သား အ​ဆွေ​အ​မျိုး​သူ​ကြီး​တို့​သည်၊ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ နုန်၏​သား​ယော​ရှု၊ ဣ​သ​ရေ​လ​အ​မျိုး​တို့​တွင် အ​ဆွေ​အ​မျိုး​သူ​ကြီး​တို့​ထံ​သို့​ချဉ်း​ကပ်၍၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ