Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 16:9 - Judson Bible in Zawgyi Version

9 ဤ​ရွေ့​ကား၊ မ​နာ​ရှေ​အ​မျိုး​သား​တို့​အ​ဖို့ အ​မွေ​ခံ​ရ​သော​မြေ၌ ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​အ​ဖို့ ခွဲ​ထား​သော​မြို့​များ​နှင့်​တ​ကွ ဧ​ဖ​ရိမ်​အ​မျိုး​သား အ​ဆွေ​အ​မျိုး​အ​လိုက် အ​မွေ​ခံ​ရ​သော​မြို့​ရွာ​များ ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 ဤသည်ကား မနာရှေ​အမျိုးသား​တို့​ရရှိ​သော​အမွေမြေ​ထဲမှ ဧဖရိမ်​အမျိုးသား​တို့​အား​ခွဲပေး​သော မြို့​ရွာ​များ ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9 ထို့​အ​ပြင်​မ​နာ​ရှေ​ပိုင်​နယ်​မြေ​ထဲ​မှ​မြို့ ရွာ​အ​ချို့​တို့​ကို​လည်း​အ​ပိုင်​ရ​ရှိ​ကြ သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 16:9
6 ပူးပေါင်းရင်းမြစ်များ  

ဂိ​လဒ်​ပြည်၊ အာ​ရှာ​အ​မျိုး​သား​များ၊ ယေ​ဇ​ရေ​လ​မြို့​သား​များ၊ ဧ​ဖ​ရိမ်​ခ​ရိုင်၊ ဗင်္ယာ​မိန်​ခ​ရိုင်​အ​စ​ရှိ​သော ဣ​သ​ရေ​လ​နိုင်​ငံ​လုံး​ကို အ​စိုး​ရ​သော ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​လေ၏။


သူ​တို့​ပိုင်​ထိုက်​သော နေ​ရာ​ဟူ​မူ​ကား၊ ဗေ​သ​လ​မြို့​နှင့် ကျေး​လက်၊ အ​ရှေ့​ဘက်၌ နာ​ရန်​မြို့၊ အ​နောက်​ဘက်၌ ဂေ​ဇာ​မြို့​နှင့် ကျေး​လက်၊ ရှေ​ခင်​မြို့​နှင့် ကျေး​လက်၊ ဂါ​ဇ​မြို့​နှင့် ကျေး​လက်၊


မ​နာ​ရှေ​ခ​ရိုင်​အ​နား၊ အ​ရှေ့​ဘက်​မှ​သည် အ​နောက်​ဘက်​တိုင်​အောင် ဧ​ဖ​ရိမ်​ခ​ရိုင်​ရှိ​ရ​မည်။


ဂေ​ဇာ​မြို့၌​နေ​သော ခါ​န​နိ​လူ​တို့​ကို မ​နှင်​ထုတ်​ဘဲ သူ​တို့​သည် ယ​နေ့​တိုင်​အောင် ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​နှင့် အ​တူ​နေ၍ အ​ခွန်​ပေး​ရ​ကြ၏။


တာ​ပွါ​မြို့​မှ အ​နောက်​သို့​သွား၍ ကာ​န​မြစ်​သို့​လိုက်​လျက် ပင်​လယ်၌ ဆုံး​လေ၏။


တစ်​ဖန် အ​ပိုင်း​အ​ခြား​သည် ကာ​န​မြစ်​တောင်​ဘက်​သို့​လိုက်၍၊ မ​နာ​ရှေ​မြို့​တို့​တွင် ဧ​ဖ​ရိမ်​မြို့​အ​ချို့​ပါ​သော်​လည်း၊ မြစ်​မြောက်​ဘက်​မြေ​သည် မ​နာ​ရှေ​မြေ​ဖြစ်၍ ပင်​လယ်၌​ဆုံး​လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ