Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 16:7 - Judson Bible in Zawgyi Version

7 ယ​နော​ဟ​မြို့​သို့​လည်း​ကောင်း၊ ယ​နော​ဟ​မြို့​မှ အ​တ​ရုတ်​မြို့၊ နာ​ရတ်​မြို့၊ ယေ​ရိ​ခေါ​မြို့​သို့​လည်း​ကောင်း ရောက်၍ ယော်​ဒန်​မြစ်၌ ဆုံး​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

7 ယာနော​မြို့​မှ အတရုတ်​မြို့​၊ နာရ​မြို့​တို့​ဘက်​သို့ ဆင်းသွား​ပြီး ဂျေရိခေါ​မြို့​သို့​ရောက်​၍ ဂျော်ဒန်​မြစ်​၌ ဆုံး​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

7 ထို​နောက်​ယ​နော​ဟ​မြို့​မှ​အ​တ​ရုတ်​မြို့ နှင့်​နာ​ရတ်​မြို့​များ​ဘက်​သို့​ဆင်း​လာ​ပြီး နောက် ယေ​ရိ​ခေါ​မြို့​သို့​ရောက်​၍​ယော်​ဒန် မြစ်​တွင်​အ​ဆုံး​သတ်​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 16:7
6 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​ပိုင်​ထိုက်​သော နေ​ရာ​ဟူ​မူ​ကား၊ ဗေ​သ​လ​မြို့​နှင့် ကျေး​လက်၊ အ​ရှေ့​ဘက်၌ နာ​ရန်​မြို့၊ အ​နောက်​ဘက်၌ ဂေ​ဇာ​မြို့​နှင့် ကျေး​လက်၊ ရှေ​ခင်​မြို့​နှင့် ကျေး​လက်၊ ဂါ​ဇ​မြို့​နှင့် ကျေး​လက်၊


အာ​ဗ​ရိမ်​တောင်​ရိုး​မှ​ပြောင်း၍ မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌ စ​ခန်း​ချ​ကြ၏။


မြောက်​မျက်​နှာ၌ ပင်​လယ်​နား၊ မိတ်​မေ​သ​မြို့​သို့​ထွက်၏။ တစ်​ဖန် အ​ရှေ့​သို့​မျက်​နှာ​ပြု၍ တာ​နတ်​ရှိ​လော​မြို့ အ​ရှေ့​မှာ​လျှောက်​လျက်၊


မြစ်​ညာ​က စီး​လာ​သော​ရေ​သည် တန့်​ရပ်၍ ဝေး​သော​အ​ရပ်၊ ဇာ​ရ​တန်​မြို့​နား​မှာ​ရှိ​သော အာ​ဒံ​မြို့​တိုင်​အောင် ပုံ့​ပုံ့​ကြွ​လျက်​နေ၏။ လွင်​ပြင်​အိုင်​တည်း​ဟူ​သော သော​ဒုံ​အိုင်​သို့ စီး​သွား​သော​ရေ​သည်​လည်း အ​ကုန်​အ​စင်​ပြတ်၍၊ လူ​များ​တို့​သည် ယေ​ရိ​ခေါ​မြို့​သို့ ရှေ့​ရှု​ကူး​ကြ၏။


ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကြောင့်၊ ယေ​ရိ​ခေါ​မြို့​သည် ကျပ်​တည်း​စွာ​ပိတ်​ထား​လျက်​ရှိ၍၊ ထွက်​သော​သူ၊ ဝင်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​သည်​နှင့်​အ​ညီ၊


ထို​အ​ခါ​ယော​ရှု​က၊ အ​ကြင်​သူ​သည်​ထ၍ ယေ​ရိ​ခေါ​မြို့​ကို တည်​ပြန်၏။ ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကျိန်​အပ်​သော​သူ ဖြစ်​ပါ​စေ။ သူ​သည် သား​ဦး​လက်​ထက်၌ မြို့​ရိုး​အ​မြစ်​ကို​တည်၍ သား​ထွေး​လက်​ထက်၌ မြို့​တံ​ခါး​တို့​ကို​ထောင်​ပါ​စေ​ဟု ကျိန်​ဆို၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ