Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 14:6 - Judson Bible in Zawgyi Version

6 ထို​အ​ခါ ယု​ဒ​အ​မျိုး​သား​တို့​သည်၊ ဂိ​လ​ဂါ​လ​မြို့၌ ယော​ရှု​ထံ​သို့​လာ၍၊ ကေ​နက်​အ​မျိုး ယေ​ဖု​န္နာ၏​သား​ကာ​လက်​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်၌ ကိုယ်​တော်​နှင့် အ​ကျွန်ုပ်​ကို​ရည်​ဆောင်၍၊ ဘု​ရား​သ​ခင်၏​လူ​မော​ရှေ​အား မိန့်​တော်​မူ​သော​စ​ကား​ကို ကိုယ်​တော်​သိ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 တစ်နေ့တွင် ယုဒ​အမျိုးသား​တို့​သည် ဂိလဂါလ​အရပ်​ရှိ ယောရှု​ထံသို့ လာ​၍ ကေနက်​အမျိုး​၊ ယေဖုန္နာ​၏​သား ကာလက်​က “​ကာဒေရှဘာနာ​အရပ်​၌ ထာဝရဘုရား​သည် သင်​နှင့်​ကျွန်ုပ်​ကို ရည်ညွှန်း​၍ ဘုရားသခင်​၏​လူ​မောရှေ​အား မိန့်​တော်မူ​ခဲ့​သည့်​စကား​များ​ကို သင်​သိ​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

6 တစ်​နေ့​သ​၌​ယု​ဒ​အ​နွယ်​ဝင်​အ​ချို့​တို့​သည် ဂိ​လ​ဂါ​လ​မြို့​တွင်​ရှိ​သော ယော​ရှု​ထံ​သို့​ရောက် ရှိ​လာ​ကြ​လေ​သည်။ သူ​တို့​အ​နက်​မှ​ကေ​နက် အ​မျိုး​ယေ​ဖုန္နာ​၏​သား​ကာ​လက်​က​ယော​ရှု အား``ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​တွင်​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​၏​အ​စေ​ခံ​မော​ရှေ​အား ကိုယ်​တော်​နှင့်​အ​ကျွန်ုပ်​ကို​ရည်​ဆောင်​၍​မိန့် တော်​မူ​သော​စ​ကား​ကို​ကိုယ်​တော်​သတိ​ရ ပါ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 14:6
30 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ယေ​ရော​ဗောင်​သည် နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း​ငှာ ယဇ်​ပ​လ္လင်​နား​မှာ​ရပ်​နေ​စဉ်​တွင်၊ ဘု​ရား​သ​ခင်၏ လူ​တစ်​ယောက်​သည် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​အ​တိုင်း၊ ယု​ဒ​ပြည်​မှ ဗေ​သ​လ​မြို့​သို့ ရောက်​လာ၍၊


ဘု​ရား​သ​ခင်၏​လူ​ကို​လိုက်​လေ၏။ သ​ပိတ်​ပင်​အောက်​မှာ ထိုင်​လျက်​ရှိ​သည်​ကို တွေ့​လျင်၊ သင်​သည် ယု​ဒ​ပြည်​မှ​လာ​သော ဘု​ရား​သ​ခင်၏​လူ မှန်​သ​လော​ဟု​မေး​သော်၊ ငါ​မှန်​သည်​ဟု ပြန်​ဆို၏။


ဧ​လိ​ရှဲ​က​လည်း၊ သင်​သည် နောင်​နှစ်​အ​ချိန်​အ​ရွယ်​စေ့​သော​အ​ခါ သား​ကို​ဖက်​ယမ်း​ရ​လိမ့်​မည်​ဟု ဆို​လျှင်၊ မိန်း​မ​က အို​အ​ရှင်၊ ဘု​ရား​သ​ခင်၏​လူ၊ ကိုယ်​တော်​ကျွန်​မ​ကို မု​သား​မ​သုံး​ပါ​နှင့်​ဟု ပြန်​ပြော၏။


တစ်​ဖန် ဗာ​လ​ရှ​လိ​ရှ​မြို့​မှ လူ​တစ်​ယောက်​သည်​လာ၍၊ အ​ဦး​သီး​သော မု​ယော​ဆန်​ဖြင့်​လုပ်​သော မုန့်​လုံး​နှစ်​ဆယ်​နှင့် အိတ်၌​ထည့်​သော အ​သီး​အ​နှံ​များ​ကို ဘု​ရား​သ​ခင်၏​လူ​ထံ​သို့​ဆောင်​ခဲ့၏။ ဧ​လိ​ရှဲ​က​လည်း၊ ဤ​လူ​များ​ကို ကျွေး​လော့​ဟု​ဆို​လျှင်၊


မိန်း​မ​က​လည်း၊ ငါ​တို့​နေ​ရာ​လမ်း​ဖြင့် အ​စဉ်​သွား​လာ​သော ဤ​သူ​သည် ဘု​ရား​သ​ခင်၏​သန့်​ရှင်း​သူ​ဖြစ်​သည်​ကို ကျွန်ုပ်​ရိပ်​မိ၏။


စေ့​စေ့​ကြည့်​ရှု၍ ဟာ​ဇေ​လ​သည်​မျက်​နှာ​ပျက်​လေ၏။ ဘု​ရား​သ​ခင်၏​လူ​သည်​လည်း မျက်​ရည်​ကျ၏။


တစ်​ဖန် ဧ​လိ​ရှဲ​သည် ဒ​မာ​သက်​မြို့​သို့​သွား၏။ ထို​အ​ခါ ရှု​ရိ​ရှင်​ဘု​ရင်​ဗင်္ဟာ​ဒဒ်​သည် နာ​နေ၏။ ဘု​ရား​သ​ခင်၏​လူ​ရောက်​ကြောင်း​ကို နား​တော်​လျှောက်​လေ​သော်၊


ဘု​ရား​သ​ခင့်​လူ မော​ရှေ၏​သား​ကို​ကား၊ လေ​ဝိ​အ​မျိုး​သား​တို့၏​စာ​ရင်း၌​သွင်း​ရ၏။


အို ဘု​ရား​ရှင်၊ ကိုယ်​တော်​သည်​ကာ​လ​အ​စဉ်​အ​ဆက် အ​ကျွန်ုပ်​တို့​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။


ဗိ​မာန်​တော်​အ​တွင်း၊ တံ​ခါး​စောင့်​ရှ​လ္လုံ​သား မာ​သေ​ယ၏​အ​ခန်း​အ​ပေါ်၊ မှူး​တော်​မတ်​တော် စည်း​ဝေး​ရာ​အ​ခန်း​နား​မှာ ဘု​ရား​သ​ခင်၏​လူ ဣ​ဂ​ဒါ​လိ​သား ဟာ​နန်၏​သား​တို့​နေ​သော​အ​ခန်း​ထဲ​သို့ ဆောင်​သွား​ပြီး​လျှင်၊


မော​ရှေ​နှင့်​အာ​ရုန်​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​နေ​ရာ ပါ​ရန်​တော၊ ကာ​ဒေ​ရှ​အ​ရပ်​သို့ ရောက်​သော​အ​ခါ ပ​ရိ​သတ်​အ​ပေါင်း​တို့​အား သ​တင်း​ကြား​ပြော၍ ထို​ပြည်၌​သီး​သော​အ​သီး​ကို ပြ​ကြ၏။


ကာ​လက်​က​လည်း ချက်​ချင်း​ချီ​သွား၍ ထို​ပြည်​ကို​သိမ်း​ယူ​ကြ​စို့။ အောင်​နိုင်​ကောင်း​သည်​ဟု​ဆို၍ မော​ရှေ​ရှေ့​မှာ လူ​များ​တို့​ကို​ငြိမ်း​စေ၏။


ယု​ဒ​အ​မျိုး၊ ယေ​ဖု​န္နာ​သား ကာ​လက်၊


ငါ့​ကျွန်​ကာ​လက်​မူ​ကား ထူး​ခြား​သော​သ​ဘော​ရှိ၍၊ ငါ့​နောက်​သို့ လုံး​လုံး​လိုက်​သော​ကြောင့် သူ​သွား​ခဲ့​ပြီး​သော​ပြည်​သို့ သူ့​ကို​ငါ​ဆောင်​သွင်း​သ​ဖြင့် သူ၏​သား​မြေး​တို့​သည် အ​မွေ​ခံ​ရ​ကြ​လိမ့်​မည်။


ငါ​သည် ဤ​မည်​သော​ပြည်၌ သင်​တို့​ကို​နေ​ရာ​ချ​မည်​ဟု ငါ​ကျိန်​ဆို၏။ ထို​ပြည်​သို့ ယေ​ဖု​န္နာ၏​သား​ကာ​လက်၊ နုန်၏​သား​ယော​ရှု​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ မ​ရောက်​ရ။


ခါ​နာန်​ပြည်​ကို စူး​စမ်း​သော​လူ​စု​ထဲ​က နုန်၏​သား​ယော​ရှု၊ ယေ​ဖု​န္နာ၏​သား​ကာ​လက်​တို့​သည် မိ​မိ​တို့​အ​ဝတ်​ကို​ဆုတ်၍၊


အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည်​တော၌ အ​မှန်​သေ​ရ​ကြ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။ ယေ​ဖု​န္နာ၏​သား​ကာ​လက်​နှင့် နုန်၏​သား​ယော​ရှု​မှ​တစ်​ပါး၊ အ​ရင်​လူ​တစ်​ယောက်​မျှ မ​ကြွင်း​မ​ကျန်​ရ။


ဘု​ရား​သ​ခင်၏​လူ​မော​ရှေ​သည် မ​သေ​မီ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ကောင်း​ချီး​ပေး​သော မင်္ဂ​လာ​စ​ကား​ဟူ​မူ​ကား၊


ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ၍၊ အဲ​ဂု​တ္တု​ပြည်​တွင် ဖာ​ရော​ဘု​ရင်​နှင့် သူ၏​ကျွန်​မှ​စ၍ ပြည်​သား​အ​ပေါင်း​တို့၌ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု အ​လုံး​စုံ​တို့​ကို​ပြု၍၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့​မှာ မ​ဟာ​တန်​ခိုး​တော်​နှင့် အ​လွန်​ကြောက်​မက်​ဖွယ်​သော အ​မှု​အ​ရာ​အ​ပေါင်း​တို့​ကို ပြ​လေ​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ မျက်​နှာ​တော်​ကို ကိုယ်​တိုင်​ကိုယ်​ကြပ်​ဖူး​မြင်​ရ​သော ပ​ရော​ဖက်​မော​ရှေ​ကဲ့​သို့ နောက်​တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး၌ သူ​နှင့်​တူ​သော ပ​ရော​ဖက်​တစ်​စုံ​တစ်​ပါး​မျှ မ​ပေါ်​မ​ထွန်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော တ​ရား​ဟော​ရာ​ကျမ်း​ပြီး၏။


ထို​သို့​ထာဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ ထာဝ​ရ​ဘု​ရား၏​ကျွန် မော​ရှေ​သည် မော​ဘ​ပြည်၊ ထို​အ​ရပ်၌​အ​နိ​စ္စ​ရောက်၍၊


သို့​ဖြစ်၍၊ အို ဘု​ရား​သ​ခင်၏​လူ၊ သင်​သည် ထို​အ​ပြစ်​များ​ကို ကြဉ်​ရှောင်​လော့။ ဖြောင့်​မတ်​စွာ ကျင့်​ခြင်း၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း၊ ယုံ​ကြည်​ချင်း၊ ချစ်​ခြင်း၊ သည်း​ခံ​ခြင်း၊ နူး​ညံ့​သိမ်​မွေ့​ခြင်း​တို့​ကို မှီ​အောင်​လိုက်​လော့။-


ဘု​ရား​သ​ခင်၏ လူ​သည်​စုံ​လင်​သော​သူ၊ ကောင်း​သော အ​မှု​အ​မျိုး​မျိုး​တို့​ကို ပြု​စု​ခြင်း​အ​လို​ငှာ ပြင်​ဆင်​သော​သူ ဖြစ်​မည်​အ​ကြောင်း၊ ဩ​ဝါ​ဒ​ပေး​ခြင်း၊ အ​ပြစ်​ကို​ဖော်​ပြ​ခြင်း၊ ဖြောင့်​မတ်​စွာ ပြု​ပြင်​ခြင်း၊ တ​ရား​ကို သွန်​သင်​ခြင်း ကျေး​ဇူး​များ​ကို ပြု​တတ်၏။


ထို​နောက် ယော​ရှု​သည်၊ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ဂိ​လ​ဂါ​လ​တပ်​သို့​ပြန်​သွား၏။


သို့​ဖြစ်၍ ကေ​နက်​အ​မျိုး ယေ​ဖု​န္နာ၏​သား​ကာ​လက်​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ လုံး​လုံး​လိုက်​သော​ကြောင့်၊ ဟေ​ဗြုန်​ပြည်​သည် ယ​နေ့​တိုင်​အောင် ကာ​လက်၏​အ​မွေ​မြေ​ဖြစ်​သ​တည်း။


ကာ​လက်​ညီ ကေ​နတ်၏​သား​ဩ​သံ​ယေ​လ​သည် ထို​မြို့​ကို​တိုက်​ယူ၍ ကာ​လက်​သည် သ​မီး​အာ​ခ​သ​ကို သူ့​အား​ပေး​စား​လေ၏။


ပ​ထ​မ​လ၊ ဒ​သ​မ​နေ့​ရက်​တွင်၊ လူ​များ​တို့​သည် ယော်​ဒန်​မြစ်​ထဲ​က တက်​လာ၍၊ ယေ​ရိ​ခေါ​မြို့​အ​ရှေ့​ဘက်​နား​မှာ၊ ဂိ​လ​ဂါ​လ​အ​ရပ်၌ တပ်​ချ​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ