Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 13:8 - Judson Bible in Zawgyi Version

8 ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ မော​ရှေ​ပေး​သည်​အ​တိုင်း မိ​မိ​တို့​အ​မွေ​မြေ​ကို​ခံ​ကြ​ပြီ​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 ကျန်​မနာရှေ​အမျိုး​တစ်ဝက်​နှင့် ရုဗင်​အမျိုး​၊ ဂဒ်​အမျိုး​တို့​မူကား ဂျော်ဒန်​မြစ်​အရှေ့ဘက်​တွင် မောရှေ​ခွဲပေး​သော အမွေမြေ​ကို ရ​ပြီး​ဖြစ်​၏​။ ထာဝရဘုရား​၏​ကျွန်​မောရှေ​ခွဲပေး​ခဲ့​သည့်​အတိုင်း

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

8 ရု​ဗင်၊ ဂဒ်​နှင့်​အ​ခြား​မ​နာ​ရှေ​အ​နွယ်​ဝင် တစ်​ဝက်​တို့​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ နယ်​မြေ​ကို​ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ မော​ရှေ​သတ်​မှတ်​ခွဲ​ဝေ​ပေး​သည့်​အ​တိုင်း ရ​ရှိ​ကြ​ပြီး​ဖြစ်​သည်။ ထို​ဒေ​သ​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ကမ်း​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 13:8
11 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တော်​တို့​သည် ယော်​ဒန်​မြစ်​တစ်​ဖက်၌ သူ​တို့​နှင့်​အ​တူ အ​မွေ​ကို​မ​တောင်း​မ​ခံ​ပါ။ ကျွန်​တော်​တို့​အ​မွေ​ခံ​ရာ​မြေ​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၌ ကျ​ပါ​သည်​ဟု လျှောက်​ပြန်​ကြ၏။


ထို​အ​ခါ အာ​နုန်​မြစ်​မှ​စ၍ ဟေ​ရ​မုန်​တောင်​တိုင်​အောင်၊ ယော်​ဒန်​မြစ် အ​ရှေ့​ဘက်၌​ရှိ​သော​မြေ​ကို ငါ​တို့​သည်​သိမ်း​ယူ​ကြ၏။


ယော်​ဒန်​မြစ်​အ​ရှေ့ နေ​ထွက်​ရာ​ဘက်၌၊ အာ​နုန်​မြစ်​မှ​စ၍ ဟေ​ရ​မုန်​တောင်​တိုင်​အောင်၊ အ​ရှေ့​လွင်​ပြင်​ရှိ​သ​မျှ​ပါ​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် လုပ်​ကြံ၍ သိမ်း​ယူ​သော​ပြည်​ကို အ​စိုး​ရ​သော မင်း​ကြီး​များ​ဟူ​မူ​ကား၊


ထို​ရှင်​ဘု​ရင်​နှစ်​ပါး​ကို ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် လုပ်​ကြံ၍၊ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​သည် သူ​တို့​ပြည်​ကို ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​အား အ​ပိုင်​ပေး​လေ၏။


ယ​ခု​မှာ ဤ​ပြည်​ကို ဣ​သ​ရေ​လ​အ​မျိုး​ကိုး​မျိုး​နှင့် မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​အား အ​မွေ​ဝေ​ဖန်​လော့။


ထာ​ဝ​ရ​ဘု​ရား၏​ကျွန် မော​ရှေ​ပေး​သော​မြေ​ဟူ​မူ​ကား၊ အာ​နုန်​မြစ်​နား၌​ရှိ​သော အာ​ရော်​မြို့၊ မြစ်​အ​ကွေ့၌ ရှိ​သ​မျှ​သော​မြို့​တို့​နှင့်​တ​ကွ၊ ဒိ​ဘုန်​မြို့​တိုင်​အောင် မေ​ဒ​ဘ​လွင်​ပြင်​တစ်​လျှောက်​လုံး၊


ယ​ခု​မှာ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ ညီ​အစ်​ကို​တို့​အား ငြိမ်​သက်​ခြင်း​အ​ခွင့်​ကို ပေး​တော်​မူ​သော​ကြောင့်၊ သင်​တို့​ပြန်၍ ကိုယ်​နေ​ရာ​အိမ်​သို့​လည်း​ကောင်း၊ ယော်​ဒန်​မြစ်​တစ်​ဖက်၌ ထာ​ဝ​ရ​ဘု​ရား၏​ကျွန် မော​ရှေ​ပေး​သည်​အ​တိုင်း၊ ကိုယ်​ပိုင်​သော​မြေ​သို့​လည်း​ကောင်း သွား​ကြ​လော့။


ရု​ဗင်​အ​မျိုး​သား၊ ဂဒ်​အ​မျိုး​သား၊ မ​နာ​ရှေ​အ​မျိုး​သား​တစ်​ဝက်​တို့​သည် မော​ရှေ​မှာ​ခဲ့​သည်​အ​တိုင်း လက်​နက်​ကို​စွဲ​ကိုင်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှာ ကူး​သွား​ကြ၏။


ယော်​ဒန်​မြစ်​တစ်​ဖက်၌ နေ​သော​သူ​အ​ချို့​တို့​သည် ကူး​ပြန်၍၊ ဂဒ်​ပြည်၊ ဂိ​လဒ်​ပြည်​သို့ သွား​ကြ၏။ ရှော​လု​သည် ဂိ​လ​ဂါ​လ​မြို့၌ နေ​သေး၍၊ လူ​အ​ပေါင်း​တို့​သည် သူ့​နောက်၌ တုန်​လှုပ်​လျက်​ရှိ​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ