Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 13:31 - Judson Bible in Zawgyi Version

31 ဂိ​လဒ်​ပြည်​တစ်​ဝက်၊ ဗာ​ရှန်​ပြည်၌ ဩ​ဃ၏​နိုင်​ငံ​အ​ဝင်၊ အာ​ရှ​တ​ရုတ်​မြို့​နှင့် ဧ​ဒြိ​မြို့​တို့​ကို မ​နာ​ရှေ​သား မာ​ခိ​ရ၏​သား​မြေး​တစ်​ဝက် အ​ဆွေ​အ​မျိုး​အ​လိုက် ပိုင်​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

31 ဂိလဒ်​ပြည်​တစ်ဝက်​နှင့် ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​၏​မင်းနေပြည်တော်​မြို့​များ​ဖြစ်​သည့် အာရှတရုတ်​မြို့​နှင့်​ဧဒြိ​မြို့​တို့​ဖြစ်​၏​။ ဤသည်ကား မျိုးနွယ်စု​အလိုက် မနာရှေ​၏​သား မာခိရ​၏​သားမြေး​တစ်ဝက်​တို့​ရ​သော​အမွေမြေ​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

31 ဂိ​လဒ်​ပြည်​တစ်​ဝက်​နှင့်​သြ​ဃ​မင်း​အ​စိုး​ရ သော​ဗာ​ရှန်​ပြည်​၏​မြို့​တော်​များ​ဖြစ်​သည့် အာ​ရှ​တ​ရုတ်​မြို့​နှင့်​ဧ​ဒြိ​မြို့​များ​လည်း ပါ​ဝင်​သည်။ အ​ထက်​ဖော်​ပြ​ပါ​နယ်​မြေ​သည် မ​နာ​ရှေ​၏​သား​မာ​ခိ​ရ​၏​မိ​သား​စု​တစ် ဝက်​တို့​အ​တွက်​ဝေ​စု​ဖြစ်​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 13:31
14 ပူးပေါင်းရင်းမြစ်များ  

ဂေ​ရ​ရှုံ​သား​တို့​အား​လည်း၊ မ​နာ​ရှေ​ခ​ရိုင်​ဝက်​ထဲ​က ဗာ​ရှန်​ပြည် ဂေါ​လန်​မြို့​နှင့် မြို့​နယ်၊ အာ​ရှ​တ​ရုတ်​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း​ကောင်း၊


ဂိ​လဒ်​ပြည်​ကို ငါ​ပိုင်​ရ၏။ မ​နာ​ရှေ​ပြည်​ကို​လည်း ငါ​ပိုင်​ရ၏။ ဧ​ဖ​ရိမ်​ပြည်​ကား၊ ငါ့​ဦး​ခေါင်း၏​အ​စွမ်း​ဖြစ်​ရ၏။ ယု​ဒ​ပြည်​ကား၊ ငါ၏​လွှတ်​တော်​ဖြစ်​ရ၏။


နဿ​လိ​ခ​ရိုင်​အ​နား၊ အ​ရှေ့​ဘက်​မှ​သည် အ​နောက်​ဘက်​တိုင်​အောင် မ​နာ​ရှေ​ခ​ရိုင်​ရှိ​ရ​မည်။


ဟေ​ရ​မုန်​တောင်​နှင့် သာ​လ​က​ပြည်​ကို​လည်း​ကောင်း၊ ဂေ​ရှု​ရိ​လူ၊ မာ​ခါ​သိ​လူ​နေ​သော ပြည်​စွန်း​တိုင်​အောင် ဗာ​ရှန်​ပြည် တစ်​လျှောက်​လုံး​ကို​လည်း​ကောင်း၊ ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင် ရှိ​ဟုန်​ပိုင်​သော နိုင်​ငံ​စွန်း​တိုင်​အောင် ဂိ​လဒ်​ပြည်​တစ်​ဝက်​ကို​လည်း​ကောင်း အ​စိုး​ရ၍၊ အာ​ရှ​တ​ရုတ်​မြို့၊ ဧ​ဒြိ​မြို့၌​နေ​သော အ​လွန်​ကြီး​မား​သော​လူ​မျိုး​ထဲ​က ကျန်​ကြွင်း​သော​သူ ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ​တစ်​ပါး၊


အ​လွန်​ကြီး​မား​သော​လူ​မျိုး​ထဲ​က ကျန်​ကြွင်း​သော​သူ၊ အာ​ရှ​တ​ရုတ်​မြို့၊ ဧ​ဒြိ​မြို့၌​မင်း​ပြု​သော ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ၏ နိုင်​ငံ​တစ်​လျှောက်​လုံး ပါ​သ​တည်း။ ထို​မင်း​တို့​ကို မော​ရှေ​သည် လုပ်​ကြံ၍​ပယ်​ရှား​လေ၏။


ဤ​ရွေ့​ကား၊ မော​ရှေ​သည် ယော်​ဒန်​မြစ်​အ​ရှေ့၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၊ မော​ဘ​လွင်​ပြင်၌ အ​မွေ​ဝေ​ဖန်​သော​ပြည်​များ​ပေ​တည်း။


ထို​သို့ မ​နာ​ရှေ၏​သ​မီး​တို့​သည် သား​တို့​နှင့်​အ​တူ အ​မွေ​ကို​ခံ​ရ၍၊ မ​နာ​ရှေ၏​သား​အ​ချို့​တို့​သည် ဂိ​လဒ်​ပြည်​ကို ရ​သော​ကြောင့်၊ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် ဂိ​လဒ်​ပြည်​နှင့် ဗာ​ရှန်​ပြည်​မှ​တစ်​ပါး၊ မ​နာ​ရှေ​အ​မျိုး​သည် ဆယ်​ဖို့​ကို ရ​သေး၏။


ယော်​ဒန်​မြစ် အ​ရှေ့​ဘက်၌​နေ​သော အာ​မော​ရိ​မင်း​ကြီး၊ ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင် ရှိ​ဟုန်၊ အာ​ရှ​တ​ရုတ်​မြို့​မှာ​နေ​သော ဗာ​ရှန်​ရှင်​ဘု​ရင် ဩ​ဃ​တို့၌ ပြု​တော်​မူ​သ​မျှ​ကို​လည်း​ကောင်း ကြား​ပါ​ပြီ။


တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍၊ ဗာ​လ​ဘု​ရား၊ အာ​ရှ​တ​ရက်​ဘု​ရား၊ ရှု​ရိ​ဘု​ရား၊ ဇိ​ဒုန်​ဘု​ရား၊ မော​ဘ​ဘု​ရား၊ အ​မ္မုန်​ဘု​ရား၊ ဖိ​လိ​တ္တိ​ဘု​ရား​တို့​ကို ဝတ်​ပြု၍ ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​မ​ပြု စွန့်​ထား​ကြ၏။


ဂိ​လဒ်​ပြည်​သား​တို့​သည် ယော်​ဒန်​မြစ်​တစ်​ဖက်၌ ငြိမ်​ဝပ်​စွာ​နေ​ကြ၏။ ဒန်​အ​မျိုး​သည် သင်္ဘော​ဆိပ်​အ​နား​မှာ အ​ဘယ်​ကြောင့် နေ​ရစ်​သ​နည်း။ အာ​ရှာ​အ​မျိုး​သည်​လည်း ပင်​လယ်​ကမ်း​နား သင်္ဘော​ဆိုက်​ရာ​ကွေ့​တို့၌ မ​လှုပ်​ဘဲ​ငြိမ်​ဝပ်​စွာ​နေ​သည်​တ​ကား။


တစ်​ဖန် သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား အော်​ဟစ်​လျက်၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို​စွန့်၍၊ ဗာ​လ​ဘု​ရား​နှင့် အာ​ရှ​တ​ရက်​ဘု​ရား​တို့​ကို ဝတ်​ပြု​သ​ဖြင့် ပြစ်​မှား​ပါ​ပြီ။ သို့​ရာ​တွင် ရန်​သူ​လက်​မှ ကယ်​ချွတ်​တော်​မူ​ပါ။ ကိုယ်​တော်​ကို ဝတ်​ပြု​ပါ​မည်​ဟု လျှောက်​ကြ​သော​အ​ခါ၊


တစ်​ဖန် ရှ​မွေ​လ​က၊ သင်​တို့​သည် အ​ခြား​တစ်​ပါး​သော ဘု​ရား​တည်း​ဟူ​သော ဗာ​လ​ဘု​ရား၊ အာ​ရှ​တ​ရက်​ဘု​ရား​တို့​ကို ပယ်၍ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သင်​တို့​စိတ်​နှ​လုံး​ကို ပြင်​ဆင်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ စိတ်​နှ​လုံး အ​ကြွင်း​မဲ့​ပြန်​လာ​သ​ဖြင့်၊ ထို​ဘု​ရား​ကို​သာ​ဝတ်​ပြု​ကြ​လျှင်၊ ဖိ​လိ​တ္တိ​လူ​တို့​လက်​မှ ကယ်​တင်​တော်​မူ​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား​ဆုံး​မ​သည်​အ​တိုင်း၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ