ယောရှု 13:2 - Judson Bible in Zawgyi Version2 ကျန်သောမြေဟူမူကား၊ ဖိလိတ္တိပြည်မှစ၍ ဂေရှုရိပြည်တစ်လျှောက်လုံး၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်2 ကျန်ရှိနေသောမြေများမှာ ဖိလိတ္တိနယ်မြေတစ်ခုလုံး၊ ဂေရှုရိနယ်မြေတစ်ခုလုံး၊ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version2 ဖိလိတ္တိပြည်တစ်နယ်လုံး၊ ဂေရှုရိတစ်နယ်လုံး၊ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည် အကျွန်ုပ်ကို တစ်ဖန်ယေရုရှလင်မြို့သို့ ဆောင်တော်မူလျှင်၊ ထာဝရဘုရားဝတ်ကို အကျွန်ုပ်ပြုပါမည်ဟု ကိုယ်တော်ကျွန်သည် ရှုရိပြည် ဂေရှုရမြို့၌နေသောအခါ သစ္စာကတိပြုပါပြီ။ သို့ဖြစ်၍ ကျွန်တော်သည် ထာဝရဘုရားအား သစ္စာကတိပြုသည်အတိုင်း၊ ဟေဗြုန်မြို့သို့သွား၍ သစ္စာဝတ်ကိုဖြေရမည်အကြောင်း အခွင့်ပေးတော်မူပါဟုလျှောက်လျှင်၊
ခါနာန်ပြည်၌ တိုက်သော စစ်မှုရှိသမျှတို့ကို မသိသော ဣသရေလ အမျိုးသားအပေါင်းတို့ကို စုံစမ်းခြင်းငှာလည်းကောင်း၊ စစ်မှုကိုမသိသော ဣသရေလအမျိုးသား အစဉ်အဆက်တို့သည် စစ်အတတ်ကိုသင်၍ တတ်စေခြင်းငှာလည်းကောင်း၊ ထာဝရဘုရား ချန်ထားတော်မူသော လူမျိုးများဟူမူကား၊