Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 12:3 - Judson Bible in Zawgyi Version

3 အ​ရှေ့​မျက်​နှာ၌​လွင်​ပြင်​မှ​စ၍ ဂင်္နေ​သ​ရက်​အိုင်​နှင့် လွင်​ပြင်​အိုင်​တည်း​ဟူ​သော သော​ဒုံ​အိုင်​အ​ရှေ့​ဘက် ဗက်​ယေ​ရှိ​မုတ်​မြို့​သို့ သွား​ရာ​လမ်း၊ အာ​ဇုတ်​ပိ​သ​ဂါ​မြို့​အ​နား၊ တောင်​မျက်​နှာ​မှ လာ​ရာ​လမ်း​တိုင်​အောင်​လည်း​ကောင်း အ​စိုး​ရ၍၊ ဟေ​ရှ​ဘုန်​မြို့၌​နေ​သော အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန်​တစ်​ပါး၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 အရာဗ​လွင်ပြင်​မှ ဂင်နေသရက်​အိုင်​အရှေ့ဘက်​အထိ​၊ ဆား​ပင်လယ်​ဟု​ခေါ်​သော​အရာဗ​ပင်လယ်​မှ အရှေ့ဘက်​ဗက်ယေရှိမုတ်​မြို့​အထိ​၊ တောင်ဘက် ပိသဂါ​တောင်ခြေ​အထိ​၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3 ထို့​အ​ပြင်​မြောက်​ဘက်​ဂါ​လိ​လဲ​အိုင်​မှ ပင်​လယ်​သေ​အ​ရှေ့​ဘက်​ရှိ ဗက်​ယေ​ရှိ​မုတ် မြို့​တိုင်​အောင်​တည်​ရှိ​သော​ယော်​ဒန်​မြစ်​ဝှမ်း၊ ထို​မှ​တစ်​ဖန်​ပိ​သ​ဂါ​တောင်​ခြေ​အ​ထိ ကျယ်​ပြန့်​သော​နယ်​မြေ​လည်း​ပါ​ဝင်​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 12:3
15 ပူးပေါင်းရင်းမြစ်များ  

ထို​ပြည်​ရှိ​သ​မျှ​တို့​သည်၊ သော​ဒုံ​အိုင်​ဖြစ်​သော​စိ​ဒ္ဒိမ်​ချိုင့်​တွင် နီး​စပ်​လျက်​ရှိ​ကြ​၏။


ထို​မြို့​တို့​ကို​လည်း​ကောင်း၊ ချိုင့်​အ​ရပ်​တစ်​လျှောက်​လုံး​ကို​လည်း​ကောင်း၊ မြို့​သား​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ မြေ၌​ပေါက်​သ​မျှ​ကို​လည်း​ကောင်း၊ မှောက်​လှဲ​တော်​မူ၏။


အာ​သ​မင်း​ကြီး၏​စ​ကား​ကို ဗင်္ဟာ​ဒဒ်​သည် နား​ထောင်၍၊ ဣ​သ​ရေ​လ​မြို့​ရွာ​တို့​ကို စစ်​ချီ​စေ​ခြင်း​ငှာ မိ​မိ​ဗိုလ်​များ​ကို စေ​လွှတ်​သ​ဖြင့်၊ သူ​တို့​သည် ဣ​ယုန်​မြို့၊ ဒန်​မြို့၊ အာ​ဗေ​လ​ဗက်​မာ​ခါ​မြို့​မှ​စ၍ ဂင်္နေ​သ​ရက်​ပြည်​လုံး၊ နဿ​လိ​ပြည်​လုံး​ကို လုပ်​ကြံ​ကြ၏။


အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ မော​ဘ​နံ​ပါး၊ ပြည်​စွန်း​နား​မှာ နိုင်​ငံ၏​ဘုန်း​ဖြစ်​သော ဗက်​ယေ​ရှိ​မုတ်​မြို့၊ ဗာ​လ​မောင်​မြို့၊ ကိ​ရ​ယ​သိမ်​မြို့​တို့​ကို ငါ​လှန်​ထား​မည်။


ဗာ​မုတ်​အ​ရပ်​မှ မော​ဘ​ချိုင့်​သို့​လည်း​ကောင်း၊ ယေ​ရှိ​မုန်​မြို့​ကို မျက်​နှာ​ပြု​သော ပိ​သ​ဂါ​တောင်​ထိပ်​သို့​လည်း​ကောင်း ခ​ရီး​သွား​ကြ၏။


အ​ဣ​န​ရွာ​အ​ရှေ့၌​လျှောက်၍ ရိ​ဗ​လ​ရွာ​သို့ သွား​ရ​မည်။ ထို​ရွာ​မှ​ထွက်၍ ဂင်္နေ​သ​ရက်​အိုင်​အ​ရှေ့​ကမ်း​ကို လျှောက်​သ​ဖြင့်၊


တစ်​ရံ​ရော​အ​ခါ ဂင်္နေ​သ​ရက်​အိုင်​နား​မှာ ရပ်​တော်​မူ၍၊ လူ​များ​တို့​သည် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​ကို နား​ထောင်​ခြင်း​ငှာ ကိုယ်​တော်​အ​နီး​သို့ တိုး​ဝင်​ကြ​စဉ်​တွင်၊ ကမ်း​နား​မှာ​ဆိုက်​သော လှေ​နှစ်​စင်း​ကို မြင်​တော်​မူ၏။-


ထို​နောက်​မှ ယေ​ရှု​သည် တိ​ဗေ​ရိ​အိုင်​တည်း​ဟူ​သော ဂါ​လိ​လဲ​အိုင်​ကို ကူး​တော်​မူ၏။-


လွင်​ပြင်​နှင့်​တ​ကွ ယော်​ဒန်​မြစ်​နား၊ ဂင်္နေ​သ​ရက်​အ​ရပ်​မှ လွင်​ပြင်​နှင့်​ဆိုင်​သော သော​ဒုံ​အိုင်​အ​ရှေ့၊ အာ​ဇုတ်​ဝိ​သ​ဂါ​မြို့​တိုင်​အောင်၊ မြေ​တစ်​လျှောက်​လုံး​ကို​လည်း​ကောင်း ငါ​ပေး၏။


ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် လွင်​ပြင်​နှင့်​တ​ကွ လွင်​ပြင်​နှင့်​ဆိုင်​သော​အိုင်​နား၊ အာ​ဇုတ်​ပိ​သ​ဂါ​မြို့​တိုင်​အောင်​လည်း​ကောင်း သိမ်း​ယူ​ကြ၏။


တောင်​ရိုး​မြောက်​ဘက်​အ​ရပ်၊ ဂင်္နေ​သ​ရက်​မြို့ တောင်​ဘက်​လွင်​ပြင်​အ​ရပ်၊ ချိုင့်​ထဲ​အ​ရပ်၊ အ​နောက်​မျက်​နှာ ဒေါ​ရ​ပြည်​နယ်၌​ရှိ​သော မင်း​ကြီး​များ​ထံ​သို့​လည်း​ကောင်း၊


ဗက်​ပေ​ဂု​ရ​မြို့၊ အာ​ဇုတ်​ပိ​သ​ကာ​မြို့၊ ဗက်​ယေ​ရှိ​မုတ်​မြို့၊


တောင်​ဘက်​အ​ပိုင်း​အ​ခြား​သည် သော​ဒုံ​အိုင်၌ တောင်​အ​ကွေ့​မှ​ထွက်၍၊


အ​ရှေ့​ဘက်၌ သော​ဒုံ​အိုင်​သည် ယော်​ဒန်​မြစ်​ဝ​တိုင်​အောင် အ​ရှေ့​အ​ပိုင်း​အ​ခြား​ဖြစ်၏။ မြောက်​ဘက်​အ​ပိုင်း​အ​ခြား​သည် ယော်​ဒန်​မြစ်​သို့​ဆင်း​ရာ သော​ဒုံ​အိုင်​ကွေ့​မှ​ထွက်၍၊


မြစ်​ညာ​က စီး​လာ​သော​ရေ​သည် တန့်​ရပ်၍ ဝေး​သော​အ​ရပ်၊ ဇာ​ရ​တန်​မြို့​နား​မှာ​ရှိ​သော အာ​ဒံ​မြို့​တိုင်​အောင် ပုံ့​ပုံ့​ကြွ​လျက်​နေ၏။ လွင်​ပြင်​အိုင်​တည်း​ဟူ​သော သော​ဒုံ​အိုင်​သို့ စီး​သွား​သော​ရေ​သည်​လည်း အ​ကုန်​အ​စင်​ပြတ်၍၊ လူ​များ​တို့​သည် ယေ​ရိ​ခေါ​မြို့​သို့ ရှေ့​ရှု​ကူး​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ