ယောရှု 11:23 - Judson Bible in Zawgyi Version23 ထာဝရဘုရားသည် မောရှေကို မိန့်တော်မူသမျှအတိုင်း၊ ယောရှုသည် ထိုပြည်တစ်လျှောက်လုံးကို သိမ်းယူ၍ ဣသရေလအမျိုးအနွယ် အသီးအသီးတို့အား အမွေပေးသဖြင့်၊ တစ်ပြည်လုံးစစ်ငြိမ်းလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်23 မောရှေအား ထာဝရဘုရားမိန့်မှာခဲ့သည့်အတိုင်း ယောရှုသည် ပြည်တစ်ပြည်လုံးကို သိမ်းယူ၍ အစ္စရေးလူမျိုးတို့အား မျိုးနွယ်အလိုက် အမွေမြေအဖြစ် ခွဲဝေပေးလေ၏။ ထို့နောက်တွင် တစ်ပြည်လုံး စစ်ငြိမ်းလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version23 ထာဝရဘုရားသည်မောရှေမှတစ်ဆင့်မိန့် မှာတော်မူသည်အတိုင်း ယောရှုသည်ထိုပြည် တစ်ပြည်လုံးကိုတိုက်ခိုက်သိမ်းယူလေသည်။ သူသည်ဣသရေလအနွယ်အသီးသီး အားပိုင်ဆိုင်စေရန်ထိုပြည်ကိုခွဲဝေပေး လေသည်။ ထိုနောက်တစ်ပြည်လုံးငြိမ်းချမ်းသာယာ လျက်ရှိလေသတည်း။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဖို့ အပိုင်ပေးတော်မူသောပြည်၌ သင့်ပတ်လည်၌နေသော ရန်သူအပေါင်းတို့၏လက်မှ ကယ်လွှတ်၍ ချမ်းသာပေးတော်မူသောအခါ၊ အာမလက်အမျိုးကို အောက်မေ့စရာ မရှိစေခြင်းငှာ၊ ကောင်းကင်အောက်၌ သုတ်သင်ပယ်ရှင်းရမည်။ ထိုအမှုကို မမေ့မလျော့ရ။
ယော်ဒန်မြစ်အနောက်ဘက်မှာ လေဗနုန်ချိုင့်၌ရှိသော ဗာလဂဒ်မြို့မှစ၍၊ စိရလမ်းတွင်ရှိသော ဟာလက်တောင်တိုင်အောင် တောင်ပေါ်အရပ်၊ ချိုင့်ထဲအရပ်၊ လွင်ပြင်အရပ်၊ စမ်းရေတွင်းအရပ်၊ တောအရပ်၊ တောင်မျက်နှာအရပ်၊ ဟိတ္တိလူ၊ အာမောရိလူ၊ ခါနနိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူနေရာ၊ ယောရှုနှင့် ဣသရေလအမျိုးသားလုပ်ကြံ၍၊ ယောရှုသည် ဣသရေလအမျိုးအနွယ် အသီးအသီးတို့အား အပိုင်ပေးသောပြည်ကို အစိုးရသော မင်းကြီးများဟူမူကား၊
ယခုမှာ သင်တို့၏ဘုရားသခင် ထာဝရဘုရားကတိတော်ရှိသည်အတိုင်း၊ ညီအစ်ကိုတို့အား ငြိမ်သက်ခြင်းအခွင့်ကို ပေးတော်မူသောကြောင့်၊ သင်တို့ပြန်၍ ကိုယ်နေရာအိမ်သို့လည်းကောင်း၊ ယော်ဒန်မြစ်တစ်ဖက်၌ ထာဝရဘုရား၏ကျွန် မောရှေပေးသည်အတိုင်း၊ ကိုယ်ပိုင်သောမြေသို့လည်းကောင်း သွားကြလော့။