Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 10:33 - Judson Bible in Zawgyi Version

33 ထို​အ​ခါ ဂေ​ဇာ​မင်း​ကြီး​ဟော​ရံ​သည်၊ လာ​ခိ​ရှ​မြို့​ကို ကူ​ညီ​မည်​ဟု လာ​သော​ကြောင့်၊ ယော​ရှု​သည် ထို​မင်း​ကြီး​နှင့် သူ၏​လူ​အ​ပေါင်း​တို့​ကို တစ်​ယောက်​မျှ​မ​ကျန်​ကြွင်း​ရ​ဘဲ ရှင်း​ရှင်း​လုပ်​ကြံ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

33 ထိုအခါ ဂေဇာ​ဘုရင်​ဟောရံ​မင်းကြီး​သည် လာခိရှ​ဘုရင်​ကို စစ်ကူပေး​ရန် ချီလာ​၏​။ ယောရှု​သည် ထို​ဘုရင်​နှင့်​သူ​၏​စစ်သည်​တို့​ကို အသက်ရှင်​ကျန်ရစ်​သူ​မ​ရှိ​အောင် ချေမှုန်း​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

33 ဂေ​ဇာ​မင်း​ဟော​ရံ​သည်​လာ​ခိ​ရှ​မင်း​ဘက် မှ​စစ်​ကူ​၍​တိုက်​ခိုက်​သော်​လည်း ယော​ရှု​သည် သူ​နှင့်​သူ​၏​တပ်​ကို​တိုက်​ခိုက်​အောင်​မြင်​၍ တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​လေ သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 10:33
11 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​သည်​ပြု၍ ဖိ​လိ​တ္တိ​လူ​တို့​ကို ဂေ​ဗ​မြို့​မှ​သည် ဂါ​ဇေ​ရ​မြို့​တိုင်​အောင် လုပ်​ကြံ​လေ၏။


နောက်​တစ်​ဖန် ဂေ​ဇာ​မြို့​မှ ဖိ​လိ​တ္တိ​လူ​တို့​နှင့် စစ်​တိုက်​ကြ​စဉ်၊ ဟု​ရှ​သိ​လူ​သိ​ဗေ​ခဲ​သည် ရေ​ဖိမ်​အ​မျိုး သာ​ဖ​ကို​သတ်၍ ဖိ​လိ​တ္တိ​လူ​တို့​ကို အောင်​မြင်​လေ၏။


ပြေး၍​ခို​နေ​ရာ ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ ရှေ​ခင်​မြို့​ကို မြို့​နယ်​နှင့်​တ​ကွ ပေး​ကြ၏။


ထာ​ဝ​ရ​ဘု​ရား​သည် ထို​မြို့​ကို ဣ​သ​ရေ​လ​လူ​တို့ လက်၌​အပ်​တော်​မူ​သ​ဖြင့်၊ ဒု​တိ​ယ​နေ့၌​ရ၍ လိ​ဗ​န​မြို့​ကို​ပြု​သ​ကဲ့​သို့ ထို​မြို့​နှင့် မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ကို ဓား​နှင့်​လုပ်​ကြံ​ကြ၏။


တစ်​ဖန် ယော​ရှု​သည် ဣ​သ​ရေ​လ လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ လာ​ခိ​ရှ​မြို့​မှ ဧ​ဂ​လုန်​မြို့​သို့​ချီ​သွား၍ တပ်​ချ​လျက်​တိုက်​ကြ၏။


ဧ​ဂ​လုန်​မင်း​ကြီး​တစ်​ပါး၊ ဂေ​ဇာ​မင်း​ကြီး​တစ်​ပါး၊


ဂေ​ဇာ​မြို့၌​နေ​သော ခါ​န​နိ​လူ​တို့​ကို မ​နှင်​ထုတ်​ဘဲ သူ​တို့​သည် ယ​နေ့​တိုင်​အောင် ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​နှင့် အ​တူ​နေ၍ အ​ခွန်​ပေး​ရ​ကြ၏။


အ​နောက်​မျက်​နှာ၌ ယာ​ဖ​လေ​တိ​မြို့​သို့​လည်း​ကောင်း၊ အောက်​ဗက်​ဟော​ရုန်​မြို့​သို့​လည်း​ကောင်း၊ ဂေ​ဇာ​မြို့​သို့​လည်း​ကောင်း ရောက်၍ ပင်​လယ်၌​ဆုံး​လေ၏။


လူ​အ​သက်​ကို​သတ်​မိ​သော​သူ မှီ​ခို​ရာ​မြို့​ဖြစ်​စေ​ခြင်း​ငှာ၊ ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ ရှေ​ခင်​မြို့​ကို မြို့​နယ်​နှင့်​တ​ကွ ပေး​ကြ၏။


ထို​အ​တူ ဧ​ဖ​ရိမ်​အ​မျိုး​သည် ဂေ​ဇာ​မြို့၌​နေ​သော ခါ​န​နိ​လူ​တို့​ကို မ​နှင်​ထုတ်​ဘဲ သူ​တို့​သည် ဂေ​ဇာ​မြို့၌ ရော​နှော​လျက်​နေ​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ