Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 10:3 - Judson Bible in Zawgyi Version

3 ထို​အ​ခါ ယေ​ရု​ရှ​လင်​မင်း​ကြီး အ​ဒေါ​နိ​ဇေ​ဒက်​သည်၊ ဟေ​ဗြုန်​မင်း​ကြီး​ဟော​ဟံ၊ ယာ​မုတ်​မင်း​ကြီး​ပိ​ရံ၊ လာ​ခိ​ရှ​မင်း​ကြီး​ယာ​ဖျာ၊ ဧ​ဂ​လုန်​မင်း​ကြီး​ဒေ​ပိ​ရ​တို့​ထံ​သို့ စေ​လွှတ်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 ထို့ကြောင့် ဂျေရုဆလင်​ဘုရင်​အဒေါနိဇေဒက်​မင်းကြီး​သည် ဟေဗြုန်​ဘုရင်​ဟောဟံ​မင်းကြီး​၊ ယာမုတ်​ဘုရင်​ပိရံ​မင်းကြီး​၊ လာခိရှ​ဘုရင်​ယာဖျာ​မင်းကြီး​၊ ဧဂလုန်​ဘုရင်​ဒေဗိရ​မင်းကြီး တို့​ထံသို့ လူ​လွှတ်​ကာ

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3 သို့​ဖြစ်​၍​ယေ​ရု​ရှ​လင်​မြို့​ဘု​ရင်​မင်း​ကြီး အ​ဒေါ​နိ​ဇေ​ဒက်​သည်​ဟေ​ဗြုန်​ဘု​ရင်​ဟော​ဟံ၊ ယာ​မုတ်​ဘု​ရင်​ဝိ​ရံ၊ လာ​ခိ​ရှ​ဘု​ရင်​ယာ​ဖျာ၊ ဧ​ဂ​လုန်​ဘု​ရင်​ဒေ​ပိ​ရ​တို့​ထံ​သို့​သံ​တ​မန် များ​ကို​စေ​လွှတ်​၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 10:3
19 ပူးပေါင်းရင်းမြစ်များ  

ခါ​နာန်​ပြည်၊ ဟေ​ဗြုန်​မြို့​တည်း​ဟူ​သော၊ ကိ​ရ​ယ​သာ​ဘ​မြို့၌ သေ​လေ၏။ အာ​ဗြ​ဟံ​သည်​လည်း စာ​ရာ​ကြောင့် ညည်း​တွား​ငို​ကြွေး​ခြင်း​ငှာ​လာ၏။


အ​ဘ​က​သွား​ပါ၊ အစ်​ကို​တို့​သည် ချမ်း​သာ​သ​လော၊ သိုး​ဆိတ်​တို့​လည်း ကောင်း​မွန်​စွာ​ရှိ​သ​လော​ဟူ၍ ကြည့်​ရှု​ပြီး​လျှင်၊ ငါ့​အား​သ​တင်း​ကြား​ပြော​ပါ​ဟု မှာ​လိုက်​လျက်၊ ဟေ​ဗြုန်​ချိုင့်​မှ​စေ​လွှတ်​သ​ဖြင့်၊ သူ​သည် ရှေ​ခင်​မြို့​သို့​ရောက်​လေ၏။


ဒါ​ဝိဒ်​သည် ဟေ​ဗြုန်​မြို့၌​နေ၍ ယု​ဒ​အ​မျိုး​ကို အ​စိုး​ရ​သော​နှစ်​ပေါင်း​ကား ခု​နစ်​နှစ်​နှင့်​ခြောက်​လ ဖြစ်​သ​တည်း။


ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇ​ကိ​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင်​ရှိ​ရာ လာ​ခိ​ရှ​မြို့​သို့​စေ​လွှတ်၍၊ အ​ကျွန်ုပ်​မှား​ပါ​ပြီ။ ပြန်​သွား​တော်​မူ​ပါ။ ကိုယ်​တော်​တင်​သ​မျှ​ကို​ထမ်း​ပါ​မည်​ဟု လျှောက်​စေ​သော်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇ​ကိ၌ ငွေ​အ​ခွက်​သုံး​ထောင်၊ ရွှေ​အ​ခွက်​သုံး​ရာ​ကို​တောင်း၏။


နောက်​တစ်​ဖန် အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် တာ​တန်၊ ရာ​ဗ​သာ​ရိတ်၊ ရာ​ဗ​ရှာ​ခ​တို့​ကို များ​စွာ​သော ဗိုလ်​ခြေ​နှင့်​တ​ကွ၊ လာ​ခိ​ရှ​မြို့​မှ ယေ​ရု​ရှ​လင်​မြို့၊ ဟေ​ဇ​ကိ​မင်း​ကြီး​ထံ​သို့ စေ​လွှတ်​သ​ဖြင့်၊ သူ​တို့​သည် ရောက်​သော​အ​ခါ၊ ခ​ဝါ​သည်၏ လယ်​နား​မှာ​လျှောက်​သော​လမ်း၊ အ​ထက်​ရေ​ကန်​ပြွန်​ဝ၌ ရပ်​နေ​ကြ၏။


အ​ဒေါ​ရိမ်​မြို့၊ လာ​ခိ​ရှ​မြို့၊ အ​ဇေ​ကာ​မြို့၊


ယု​ဒ​ပြည်၌ ခိုင်​ခံ့၍ ကျန်​ကြွင်း​သော​မြို့၊ လာ​ခိ​ရှ​မြို့၊ အ​ဇေ​ကာ​မြို့ တည်း​ဟူ​သော ယု​ဒ​ပြည်၌ ကျန်​ကြွင်း​သော မြို့​တို့​ကို​လည်း​ကောင်း တိုက်​သော​အ​ခါ၊ ပ​ရော​ဖက်​ယေ​ရ​မိ​သည် ထို​စ​ကား​အ​လုံး​စုံ​တို့​ကို ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​အား ဆင့်​ဆို​လေ၏။


အို လာ​ခိ​ရှ​မြို့​သ​မီး၊ လျင်​မြန်​သော​မြင်း​ကို ရ​ထား၌​က​လော့။ သင်​သည် ဣ​သ​ရေ​လ၏ လွန်​ကျူး​ခြင်း​ကို​လက်​ခံ၍၊ ဇိ​အုန်​သ​တို့​သ​မီး​အား အ​ပြစ်​လမ်း​ကို ပြ​သ​တည်း။


တောင်​မျက်​နှာ၌​လျှောက်​သွား၍ အာ​န​က​အ​မျိုး​သား အ​ဟိ​မန်၊ ရှေ​ရှဲ၊ တာ​လ​မဲ​နေ​သော ဟေ​ဗြုန်​မြို့​သို့ ရောက်​ကြ၏။ ဟေ​ဗြုန်​မြို့​ကား၊ အဲ​ဂု​တ္တု​ပြည်၌ ဇော​န​မြို့​မ​တည်​မီ ခု​နစ်​နှစ်​က​တည်​သော​မြို့ ဖြစ်​သ​တည်း။


ယော​ရှု​သည် ယေ​ရိ​ခေါ​မြို့​နှင့် မင်း​ကြီး​ကို ပြု​သ​ကဲ့​သို့၊ အာ​ဣ​မြို့​နှင့် မင်း​ကြီး​ကို တိုက်​ယူ၍ ရှင်း​ရှင်း​ဖျက်​ဆီး​ကြောင်း​ကို​လည်း​ကောင်း၊ ဂိ​ဗောင်​မြို့​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့၍ အ​တူ​နေ​ကြောင်း​ကို​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မင်း​ကြီး အ​ဒေါ​နိ​ဇေ​ဒက်​သည် ကြား​သော​အ​ခါ၊


သူ​တို့​သည် ပြု၍၊ ယေ​ရု​ရှ​လင်​မင်း​ကြီး၊ ဟေ​ဗြုန်​မင်း​ကြီး၊ ယာ​မုတ်​မင်း​ကြီး၊ လာ​ခိ​ရှ​မင်း​ကြီး၊ ဧ​ဂ​လုန်​မင်း​ကြီး​ငါး​ပါး​တို့​ကို လိုဏ်​ခေါင်း​ထဲ​က ဆောင်​ခဲ့၍၊


တစ်​ဖန် ယော​ရှု​သည် ဣ​သ​ရေ​လ လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ လာ​ခိ​ရှ​မြို့​မှ ဧ​ဂ​လုန်​မြို့​သို့​ချီ​သွား၍ တပ်​ချ​လျက်​တိုက်​ကြ၏။


ယေ​ရု​ရှ​လင်​မင်း​ကြီး၊ ဟေ​ဗြုန်​မင်း​ကြီး၊ ယာ​မုတ်​မင်း​ကြီး၊ လာ​ခိ​ရှ​မင်း​ကြီး၊ ဧ​ဂ​လုန်​မင်း​ကြီး​တည်း​ဟူ​သော အာ​မော​ရိ​မင်း​ကြီး​ငါး​ပါး​တို့​သည် စည်း​ဝေး၍ မိ​မိ​တို့​ဗိုလ်​ပါ​စစ်​သည် အ​ပေါင်း​တို့​နှင့်​တ​ကွ စစ်​ချီ၍၊ ဂိ​ဗောင်​မြို့​ရှေ့​မှာ​တပ်​ချ​လျက် စစ်​တိုက်​ကြ၏။


ဟေ​ဗြုန်​မြို့​သည် အ​ထက်​က ကိ​ရ​ယ​သာ​ဘ​အ​မည်​ရှိ၏။ အာ​ဗ​သည် အာ​န​က​အ​မျိုး​သား​တို့​တွင်​လူ​ကြီး​ဖြစ်၏။ ထို​အ​ခါ တစ်​ပြည်​လုံး​စစ်​ငြိမ်း​လေ၏။


ဟု​န္တ​မြို့၊ ဟေ​ဗြုန်​မြို့​တည်း​ဟူ​သော ကိ​ရ​ယ​သာ​ဘ​မြို့၊ ဇိ​အော​ရ​မြို့၊ ရွာ​နှင့်​တ​ကွ ကိုး​မြို့​တည်း။


ယေ​ရု​ရှ​လင်​မြို့၌​နေ​သော ယေ​ဗု​သိ​လူ​တို့​ကို​ကား၊ ယု​ဒ​အ​မျိုး​သား​တို့​သည်​မ​နှင်​ထုတ်​နိုင်​ဘဲ သူ​တို့​သည် ယ​နေ့​တိုင်​အောင် ယု​ဒ​အ​မျိုး​သား​တို့​နှင့်​အ​တူ ယေ​ရု​ရှ​လင်​မြို့၌ နေ​ကြ​သ​တည်း။


ဇေ​လ​မြို့၊ ဧ​လပ်​မြို့၊ ယေ​ရု​ရှ​လင်​မြို့​တည်း​ဟူ​သော ယေ​ဗု​သိ​မြို့၊ ဂိ​ဗတ်​မြို့၊ ကိ​ရ​ယတ်​မြို့၊ ရွာ​နှင့်​တ​ကွ ဆယ်​လေး​မြို့​တည်း။ ဤ​ရွေ့​ကား ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက်​ခံ​ရ​သော​အ​မွေ​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ