Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 10:23 - Judson Bible in Zawgyi Version

23 သူ​တို့​သည် ပြု၍၊ ယေ​ရု​ရှ​လင်​မင်း​ကြီး၊ ဟေ​ဗြုန်​မင်း​ကြီး၊ ယာ​မုတ်​မင်း​ကြီး၊ လာ​ခိ​ရှ​မင်း​ကြီး၊ ဧ​ဂ​လုန်​မင်း​ကြီး​ငါး​ပါး​တို့​ကို လိုဏ်​ခေါင်း​ထဲ​က ဆောင်​ခဲ့၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

23 ရှင်ဘုရင်​ငါး​ပါး​ဖြစ်​သော ဂျေရုဆလင်​ဘုရင်​၊ ဟေဗြုန်​ဘုရင်​၊ ယာမုတ်​ဘုရင်​၊ လာခိရှ​ဘုရင်​၊ ဧဂလုန်​ဘုရင်​တို့​ကို လိုဏ်ဂူ​ထဲမှ ခေါ်ထုတ်​လာ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

23 သူ​တို့​သည်​ယေ​ရု​ရှ​လင်​ဘု​ရင်၊ ဟေ​ဗြုန် ဘု​ရင်၊ ယာ​မုတ်​ဘု​ရင်၊ လာ​ခိ​ရှ​ဘု​ရင်၊ ဧ​ဂ​လုန်​ဘု​ရင်​တို့​ကို​လိုဏ်​ဂူ​ထဲ​မှ​ထုတ်​၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 10:23
7 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​ရှင်​ဘု​ရင်​များ​ကို​လည်း သင့်​လက်၌​အပ်​တော်​မူ​သ​ဖြင့်၊ သူ​တို့​ဘွဲ့​နာ​မ​ကို​ပင် ကောင်း​ကင်​အောက်​မှာ ပယ်​ရှင်း​ရ​မည်။ သူ​တို့​ကို မ​ဖျက်​ဆီး​မီ​တိုင်​အောင် သင့်​ရှေ့​မှာ အ​ဘယ်​သူ​မျှ မ​ရပ်​မ​နေ​နိုင်​ရာ။


ယော​ရှု​သည် ယေ​ရိ​ခေါ​မြို့​နှင့် မင်း​ကြီး​ကို ပြု​သ​ကဲ့​သို့၊ အာ​ဣ​မြို့​နှင့် မင်း​ကြီး​ကို တိုက်​ယူ၍ ရှင်း​ရှင်း​ဖျက်​ဆီး​ကြောင်း​ကို​လည်း​ကောင်း၊ ဂိ​ဗောင်​မြို့​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့၍ အ​တူ​နေ​ကြောင်း​ကို​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မင်း​ကြီး အ​ဒေါ​နိ​ဇေ​ဒက်​သည် ကြား​သော​အ​ခါ၊


ယော​ရှု​က​လည်း၊ လိုဏ်​ခေါင်း​ကို​ဖွင့်​ပြီး​လျှင်၊ ထို​မင်း​ကြီး​ငါး​ပါး​တို့​ကို လိုဏ်​ခေါင်း​ထဲ​က​ထုတ်၍ ငါ့​ထံ​သို့ ဆောင်​ခဲ့​ကြ​ဟု မှာ​လိုက်​သည်​အ​တိုင်း၊


ထို​အ​ခါ ယေ​ရု​ရှ​လင်​မင်း​ကြီး အ​ဒေါ​နိ​ဇေ​ဒက်​သည်၊ ဟေ​ဗြုန်​မင်း​ကြီး​ဟော​ဟံ၊ ယာ​မုတ်​မင်း​ကြီး​ပိ​ရံ၊ လာ​ခိ​ရှ​မင်း​ကြီး​ယာ​ဖျာ၊ ဧ​ဂ​လုန်​မင်း​ကြီး​ဒေ​ပိ​ရ​တို့​ထံ​သို့ စေ​လွှတ်၍၊


ယေ​ရု​ရှ​လင်​မင်း​ကြီး၊ ဟေ​ဗြုန်​မင်း​ကြီး၊ ယာ​မုတ်​မင်း​ကြီး၊ လာ​ခိ​ရှ​မင်း​ကြီး၊ ဧ​ဂ​လုန်​မင်း​ကြီး​တည်း​ဟူ​သော အာ​မော​ရိ​မင်း​ကြီး​ငါး​ပါး​တို့​သည် စည်း​ဝေး၍ မိ​မိ​တို့​ဗိုလ်​ပါ​စစ်​သည် အ​ပေါင်း​တို့​နှင့်​တ​ကွ စစ်​ချီ၍၊ ဂိ​ဗောင်​မြို့​ရှေ့​မှာ​တပ်​ချ​လျက် စစ်​တိုက်​ကြ၏။


ယေ​ရု​ရှ​လင်​မင်း​ကြီး​တစ်​ပါး၊ ဟေ​ဗြုန်​မင်း​ကြီး​တစ်​ပါး၊


ဧ​ဂ​လုန်​မင်း​ကြီး​တစ်​ပါး၊ ဂေ​ဇာ​မင်း​ကြီး​တစ်​ပါး၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ