Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 10:21 - Judson Bible in Zawgyi Version

21 လူ​အ​ပေါင်း​တို့​သည် ယော​ရှု​ရှိ​ရာ မ​က္က​ဒါ​တပ်​သို့ ငြိမ်​ဝပ်​စွာ​ပြန်​လာ​ကြ၏။ ဣ​သ​ရေ​လ​လူ တစ်​စုံ​တစ်​ယောက်​ကို အ​ဘယ်​သူ​မျှ အ​ပြစ်​မ​တင်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

21 အစ္စရေး​စစ်သည်​အပေါင်း​တို့​သည် ယောရှု​စခန်း​ချ​ရာ မက္ကဒါ​အရပ်​သို့ ဘေးကင်း​စွာ​ပြန်ရောက်​လာ​ကြ​၏​။ အစ္စရေး​အမျိုးသား​တို့​ကို မည်သူ​မျှ ရန်​မ​စ​ဝံ့​ကြ​ချေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

21 ထို​နောက်​ဣ​သ​ရေ​လ​တပ်​သား​အား​လုံး​တို့ သည် ဘေး​ကင်း​စွာ​ယော​ရှု​ရှိ​ရာ​မက္ကဒါ​စ​ခန်း သို့​ပြန်​လာ​ကြ​လေ​သည်။ ထို​ပြည်​တွင်​မည်​သူ​မျှ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား အ​ပြစ်​တင်​သော​စ​ကား​ကို​ပင် မ​ပြော​ဝံ့​ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 10:21
5 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည်၊ အဲ​ဂု​တ္တု​လူ​တို့​နှင့် ဣ​သ​ရေ​လ​လူ​တို့​ကို ခြား​နား​စေ​တော်​မူ​ကြောင်း​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​လူ​တစ်​စုံ​တစ်​ယောက်​ကို ခွေး​တစ်​ကောင်​မျှ​မ​ဟိန်း​ရ​ဟု မိန့်​တော်​မူ၏။


သင့်​တစ်​ဖက်၌ လုပ်​သော​လက်​နက်​တစ်​စုံ​တစ်​ခု​မျှ အ​ထ​မ​မြောက်​ရ။ သင့်​ကို တ​ရား​တွေ့​သော​သူ မည်​သည်​ကား၊ အ​ရှုံး​ခံ​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ ကျွန်​တို့​သည် ထို​သို့​သော အ​မွေ​ကို​ခံ​ရ၍၊ ငါ့​ကြောင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​ရ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။


သင်​တို့​သည် အ​ဘယ်​သူ​ကို ကျီ​စယ်​ကြ​သ​နည်း။ အ​ဘယ်​သူ​အား​နှုတ်​ကို​ဖွင့်၍ လျှာ​ကို ထုတ်​ပြ​ကြ​သ​နည်း။ သင်​တို့​သည် ဖောက်​ပြန်​သော အ​မျိုး၊ သ​စ္စာ​ပျက်​သော​အ​မျိုး ဖြစ်​ကြ​သည်​မ​ဟုတ်​လော။


ယော​ရှု​နှင့် ဣ​သ​ရေ​လ​လူ​တို့​သည် ရန်​သူ​တို့​ကို ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အား​ဖြင့် သုတ်​သင်​ပယ်​ရှင်း​ပြီး​မှ၊ ကျန်​ကြွင်း​သော​သူ​အ​ချို့​တို့​သည် ခိုင်​ခံ့​သော​မြို့​သို့​ဝင်၍ နေ​ကြ၏။


ယော​ရှု​က​လည်း၊ လိုဏ်​ခေါင်း​ကို​ဖွင့်​ပြီး​လျှင်၊ ထို​မင်း​ကြီး​ငါး​ပါး​တို့​ကို လိုဏ်​ခေါင်း​ထဲ​က​ထုတ်၍ ငါ့​ထံ​သို့ ဆောင်​ခဲ့​ကြ​ဟု မှာ​လိုက်​သည်​အ​တိုင်း၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ