Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 1:15 - Judson Bible in Zawgyi Version

15 ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​နေ​ရာ​ချ​သည်​အ​တိုင်း၊ ညီ​အစ်​ကို​တို့​အား နေ​ရာ​ချ​တော်​မ​မူ​မီ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​ကို သူ​တို့​သည် မ​သိမ်း​မ​ယူ​မီ​တိုင်​အောင်၊ သင်​တို့​တွင် ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် လက်​နက်​ကိုင်​လျက်၊ သင်​တို့​ညီ​အစ်​ကို​များ​ရှေ့​မှာ ကူး၍​မ​စ​ရ​ကြ​မည်​ဟူ​သော စ​ကား​ကို အောက်​မေ့​ကြ​လော့။ ထို​နောက်​မှ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​သည် ယော်​ဒန်​မြစ် နေ​ထွက်​ရာ​ဘက်၌​ပေး၍၊ သင်​တို့​ပိုင်​သော​ပြည်​သို့ ပြန်၍​ဝင်​စား​ရ​ကြ​မည်​ဟု ပြော​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

15 ထာဝရဘုရား​သည် သင်​တို့​ကဲ့သို့ သင်​တို့​၏​အမျိုးသားချင်း​တို့​ကို အေးအေးချမ်းချမ်း​နေထိုင်​ရ​သော​အခွင့်​ပေး​သည်​အထိ​၊ သူ​တို့​အား ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​ကို အပိုင်ရ​သည်​အထိ သူ​တို့​ကို ကူညီ​ရ​မည်​။ ပြီးမှ သင်​တို့​ပြန်လာ​၍ သင်​တို့​အား​ထာဝရဘုရား​၏​အစေအပါး​မောရှေ ပေး​ခဲ့​သော ဂျော်ဒန်​မြစ်​တစ်ဖက်​၊ နေထွက်​ရာ​အရပ်​ကို သင်​တို့​ပိုင်ဆိုင်​ရ​မည်​”​ဟု ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

15 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ယော်​ဒန်​မြစ်​အ​နောက်​ဘက် ရှိ​ပြည်​ကို​သိမ်း​ပိုက်​နိုင်​သည်​အ​ထိ သူ​တို့ အား​ကူ​ညီ​တိုက်​ခိုက်​ရ​မည်။ ဣ​သ​ရေ​လ​အ​နွယ် တို့​ငြိမ်း​ချမ်း​စွာ​နေ​ထိုင်​ရ​သော​အ​ခါ​၌ သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မောရှေ​ပေး သော​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ​ပြည်​သို့​ပြန် နိုင်​သည်'' ဟု​ဆို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 1:15
15 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်၍၊ အင်္ဂါ​တစ်​ခု​တည်း ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​လျှင်၊ အင်္ဂါ​အ​ပေါင်း​တို့​သည် အ​တူ​ခံ​ရ​ကြ၏။ အင်္ဂါ​တစ်​ခု​သည် ချီး​မြှောက်​ခြင်း​ကို ခံ​ရ​လျှင်၊ အင်္ဂါ​အ​ပေါင်း​တို့​သည် အ​တူ​ဝမ်း​မြောက်​ရ​ကြ၏။-


မ​လျောက်​ပတ်​စွာ မ​ကျင့်​တတ်၊ ကိုယ်​အ​ကျိုး​ကို မ​ရှာ​တတ်၊ ဒေါ​သ​အ​မျက် မ​ထွက်​တတ်၊ အ​ပြစ်​ရှိ​သည်​ဟု မ​ထင်​တတ်၊-


ညီ​အစ်​ကို​တို့၊ သင်​တို့​သည် လွှတ်​ခြင်း​အ​ခွင့်​ကို ရ​သော​သူ​ဖြစ်​ကြ၏။ သို့​သော်​လည်း ဇာ​တိ​ပ​က​တိ​အား အ​ခွင့်​ကို​ပေး၍၊ ထို​လွှတ်​ခြင်း​ကို မ​သုံး​ကြ​နှင့်။ အ​ချင်း​ချင်း​ချစ်၍ အ​မှု​ချင်း​ကို ဆောင်​ရွက်​ကြ​လော့။-


ထမ်း​ရွက်​စ​ရာ​ဝန်​ချင်း​တို့​ကို အ​ချင်း​ချင်း​ကူ​ညီ၍ ထမ်း​ရွက်​သော​အား​ဖြင့် ခ​ရစ်​တော်၏​တ​ရား​ကို ကျင့်​ကြ​လော့။-


ထို​အ​ခါ ငါ​က၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဤ​မြေ​ကို သင်​တို့​အား​အ​ပိုင်​ပေး​တော်​မူ​ပြီ။ သို့​ရာ​တွင် စစ်​တိုက်​တတ်​သော​သူ​အ​ပေါင်း​တို့​သည် လက်​နက်​ကို​ကိုင်၍၊ သင်​တို့​ညီ​အစ်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှာ ကူး​သွား​ရ​ကြ​မည်။


အို ဣ​သ​ရေ​လ​အ​မျိုး၊ နား​ထောင်​လော့။ သင့်​ထက်​အား​ကြီး၍ များ​ပြား​သော​လူ​မျိုး​တို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ကို​ထိ​သော​မြို့​ရိုး​နှင့် ပြည့်​စုံ​သော မြို့​ကြီး​တို့​ကို​လည်း​ကောင်း၊


ကိုယ်​အ​မှု​အ​ရာ​ကို​သာ မ​ရှု​မ​မှတ်​ဘဲ၊ သူ့​အ​မှု​အ​ရာ​ကို အ​ချင်း​ချင်း​ရှု​မှတ်​ကြ​လော့။-


ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​သည် အ​နိ​စ္စ​ရောက်​သော​နောက်၊ မော​ရှေ​လက်​ထောက်၊ နုန်၏​သား​ယော​ရှု​အား ထာ​ဝ​ရ​ဘု​ရား​က၊


သင်​တို့​သား​မ​ယား၊ သူ​ငယ်​များ​နှင့် တိ​ရ​စ္ဆာန်​များ​တို့​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် မော​ရှေ​ပေး​သော​ပြည်၌ နေ​ရစ်​ရ​ကြ​မည်။


ထို​သူ​တို့​က​လည်း၊ ကိုယ်​တော်​မှာ​ထား​တော်​မူ​သ​မျှ​ကို ကျွန်​တော်​တို့​ပြု​ပါ​မည်။ စေ​လွှတ်​တော်​မူ​သ​မျှ​သော အ​ရပ်​သို့ သွား​ပါ​မည်။


တစ်​ဖန် ယော​ရှု​သည် ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​ကို​ခေါ်၍၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ