Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​န​ 4:11 - Judson Bible in Zawgyi Version

11 ငါ​သည် များ​စွာ​သော တိ​ရ​စ္ဆာန်​တို့​ကို မ​ဆို၊ ကိုယ်​လက်​ယာ​လက်​နှင့် လက်​ဝဲ​လက်​ကို​မျှ ပိုင်း​ခြား၍ မ​သိ​သော သူ​တစ်​သိန်း​နှစ်​သောင်း​မ​က၊ လူ​များ​သော နိ​နေ​ဝေ​မြို့​ကြီး​ကို ငါ​နှ​မြော​သင့်​သည် မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။ ပ​ရော​ဖက်​ယော​န၏​ဝ​တ္ထု​ပြီး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

11 ငါ​သည် တိရစ္ဆာန်​အများအပြား​ကို မ​ဆို​ထား​နှင့်​၊ မိမိ​လက်ဝဲ​လက်ယာ​ကို​ပင် ခွဲခြား​မ​သိ​နိုင်​သော​လူ​တစ်သိန်းနှစ်သောင်း​ကျော်​ရှိ​သော​နိနေဝေ​မြို့​ကြီး​ကို နှမြော​သင့်​သည်​မ​ဟုတ်​လော​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

11 ထို​နည်း​တူ​ပင်​အ​မှား​အ​မှန်​ကို​မ​ဝေ​ခွဲ နိုင်​သည့်​က​လေး​သူ​ငယ်​တစ်​သိန်း​နှစ်​သောင်း ကျော်​နှင့်​တိ​ရစ္ဆာန်​အ​မြောက်​အ​များ​ရှိ​သော နိ​နေ​ဝေ​မြို့​ကို​ငါ​ပို​၍​နှ​မြော​သင့်​သည် မ​ဟုတ်​လော'' ဟု​မိန့်​တော်​မူ​၏။ ပ​ရော​ဖက်​ယော​န​၏​ဝတ္ထု​ပြီး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​န​ 4:11
17 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​ထံ​မှာ​အ​သက်​ရှင်​သော တိ​ရ​စ္ဆာန်​တည်း​ဟူ​သော ငှက်၊ သား​ယဉ်၊ သား​ရဲ​ရှိ​သ​မျှ သင်္ဘော​ထဲ​က​ထွက်​ဆင်း​သ​မျှ​မှ​စ၍၊ မြေ​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​နှင့်​လည်း​ကောင်း၊ ငါ​သည်​ကိုယ်​တိုင် ပ​ဋိ​ညာဉ်​ပြု၏။


တိ​ရ​စ္ဆာန်​ဖို့ မြက်​ပင်​ကို​လည်း​ကောင်း၊ လူ​သုံး​ဖို့ စ​ပါး​ပင်​ကို​လည်း​ကောင်း ပေါက်​စေ​တော်​မူ​သ​ဖြင့်၊ မြေ​ကြီး​ထဲ​က မုန့်​ကို​ထုတ်​ဖော်​တော်​မူ၏။


ဖြောင့်​မတ်​တော်​မူ​ခြင်း​တ​ရား​သည် ကြီး​မား​စွာ​သော​တောင်​ရိုး​နှင့် တူ​ပါ၏။ တ​ရား​စီ​ရင်​တော်​မူ​ချက်​တို့​သည် အ​လွန်​နက်​နဲ​ရာ ဖြစ်​ကြ​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် လူ​မျိုး​နှင့် တိ​ရ​စ္ဆာန်​မျိုး​ကို စောင့်​မ​တော်​မူ၏။


ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ လာ​ကြ။ တ​ရား​စီ​ရင်​ကြ​ကုန်​အံ့။ သင်​တို့​အ​ပြစ်​သည် နီ​သော​အ​ဆင်း​ရှိ​သော်​လည်း၊ မိုး​ပွင့်​ကဲ့​သို့ ဖြူ​လိ​မ့်​မည်။ က​တ္တီ​ပါ​နီ​နှင့်​အ​မျှ နီ​သော်​လည်း၊ သိုး​မွေး​ကဲ့​သို့​ဖြစ်​လိမ့်​မည်။


အာ​ရှု​ရိ​ရှင်​ဘု​ရင် သ​နာ​ခ​ရိပ်​သည်​လည်း၊ ထို​အ​ရပ်​မှ​ထွက်၍ ပြန်​သွား​ပြီး​လျှင်၊ နိ​နေ​ဝေ​မြို့၌ နေ​လေ၏။


ထို​သူ​ငယ်​သည် မ​ကောင်း​သော​အ​ရာ​ကို မ​ပယ်၊ ကောင်း​သော​အ​ရာ​ကို မ​ရွေး​မ​ယူ​တတ်​မီ၊ သင်​ကြောက်​သော ရှင်​ဘု​ရင်​နှစ်​ဦး အ​စိုး​ရ​သော​ပြည်​သည် စွန့်​ပစ်​သော​အ​ရပ် ဖြစ်​လိမ့်​မည်။


သင်​ထ၍ နိ​နေ​ဝေ​မြို့​ကြီး​သို့ သွား​ပြီး​လျှင်၊ ခြိမ်း​ခြောက်​သော​စ​ကား​နှင့် ကြွေး​ကြော်​လော့။ ထို​မြို့​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​သည် ငါ့​ရှေ့​သို့ တက်​လာ​ပြီ​ဟု မိန့်​တော်​မူ၏။


မြို့​သား​တို့​သည် မိ​မိ​တို့​လိုက်​သော အ​ဓ​မ္မ​လမ်း​ကို​လွှဲ​ရှောင်၍၊ ကျင့်​သော​အ​ကျင့်​များ​ကို ဘု​ရား​သ​ခင်​သည် မြင်​လျှင်၊ အ​ရင်​ခြိမ်း​သော ဘေး​ဒဏ်​ကို မ​ပေး​ဘဲ​နေ​တော်​မူ၏။


ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် ပင်​ပန်း​စွာ​မ​လုပ်၊ ကြီး​ပွား​စေ​ခြင်း​ငှာ​လည်း မ​ပြု​စု၊ တစ်​ည​ချင်း​တွင် ပေါက်၍ တစ်​ည​ချင်း​တွင် သေ​သော ကြက်​ဆူ​ပင်​ကို နှ​မြော​သည်​တ​ကား။


ငါ​သည် သင့်​ကို​သ​နား​သ​ကဲ့​သို့ သင်​သည်​လည်း ကျွန်​ချင်း​ကို မ​သ​နား​အပ်​သ​လော​ဟု ဆို​လျက်၊-


ရန်​သူ​လု​ယူ​ရာ​ဖြစ်​မည်​ဟု သင်​တို့​ဆို​သော​သူ​ငယ်​များ၊ ထို​အ​ခါ ကောင်း​မ​ကောင်း​ကို ပိုင်း​ခြား​မ​သိ​နိုင်​သေး​သော သား​သ​မီး​များ​တို့​သည် ထို​ပြည်​ကို ဝင်​စား၍၊ ငါ​ပေး​သည်​အ​တိုင်း သိမ်း​ယူ​ကြ​လိမ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ