Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​လ 3:10 - Judson Bible in Zawgyi Version

10 သံ​ထွန်​သွား​များ​ကို ဓား​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တံ​စဉ်​များ​ကို လှံ​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ထု​လုပ်​ကြ​လော့။ အား​နည်း​သော​သူ​က၊ ငါ​အား​ကြီး​သည်​ဟု ပြော​ဆို​စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

10 ထယ်​များ​ကို ဓား​အဖြစ်​၊ တံစဉ်​များ​ကို လှံ​အဖြစ် ပြောင်းလဲ​ထုလုပ်​ကြ​။ အားနည်း​သူ​က​လည်း “ငါ​သည် ခွန်အားကြီး​သူ​ဖြစ်​၏”​ဟု ဆို​စေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

10 `သင်​တို့​သည်​ထွန်​သွား​များ​ကို​ဓား အ​ဖြစ်​သို့​လည်း​ကောင်း၊ တံ​စဉ်​များ​ကို​လှံ​အ​ဖြစ်​သို့​လည်း​ကောင်း ထု​လုပ်​ကြ​လော့။ အား​အင်​ချည့်​နဲ့​သော​သူ​များ​ပင်​လျှင် စစ်​ပွဲ​ဝင်​ကြ​ရ​ပေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​လ 3:10
7 ပူးပေါင်းရင်းမြစ်များ  

မင်း​ကြီး​သွား​လို​လျှင်​သွား၍ စစ်​တိုက်​ခြင်း​ငှာ ခိုင်​ခံ့​သော်​လည်း၊ ရန်​သူ​ရှေ့​မှာ ဘု​ရား​သ​ခင်​ရှုံး​စေ​တော်​မူ​မည်။ ဘု​ရား​သ​ခင်​သည် မ​စ​ခြင်း​ငှာ​လည်း​ကောင်း၊ နှိမ့်​ချ​ခြင်း​ငှာ​လည်း​ကောင်း တတ်​နိုင်​တော်​မူ၏​ဟု​ပြော​ဆို​လျှင်၊


ထာ​ဝ​ရ​ဘု​ရား​သည် လူ​မျိုး​တို့​တွင်​တ​ရား​စီ​ရင်၍၊ များ​ပြား​သော​လူ​တို့​ကို ဆုံး​မ​တော်​မူ​သ​ဖြင့်၊ သူ​တို့ ဓား​လက်​နက်​များ​ကို ထွန်​သွား​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လှံ​များ​ကို တံ​စဉ်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ထု​လုပ်​ကြ​လိမ့်​မည်။ တစ်​ပြည်​ကို​တစ်​ပြည် စစ်​မ​တိုက်၊ စစ်​အ​တတ်​ကို​လည်း နောက်​တစ်​ဖန် မ​သင်​ရ​ကြ။


မြား​တို့​ကို ပွတ်​ကြ​လော့။ ဒိုင်း​လွှား​တို့​ကို ကိုင်​စွဲ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် မေ​ဒိ​ရှင်​ဘု​ရင်​တို့​ကို နှိုး​ဆော်​တော်​မူ​ပြီ။ ဗာ​ဗု​လုန်​မြို့​ကို ဖျက်​ဆီး​မည် အ​ကြံ​ရှိ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို​ဖြေ​ခြင်း၊ ဗိ​မာန်​တော်​ကို ဖျက်​ဆီး​သော အ​ပြစ်​နှင့်​အ​လျောက် ဒဏ်​ပေး​ခြင်း​အ​မှု ဖြစ်​သ​တည်း။


ထာ​ဝ​ရ​ဘု​ရား​သည် များ​ပြား​သော လူ​တို့​တွင် တ​ရား​စီ​ရင်၍၊ ဝေး​စွာ​နေ​လျက် အား​ကြီး​သော လူ​မျိုး​တို့​ကို ဆုံး​မ​တော်​မူ​သ​ဖြင့်၊ သူ​တို့ ဓား​လက်​နက်​များ​ကို ထွန်​သွား​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လှံ​များ​ကို တံ​စဉ်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ထု​လုပ်​ကြ​လိမ့်​မည်။ တစ်​ပြည်​ကို​တစ်​ပြည် စစ်​မ​တိုက်၊ စစ်​အ​တတ်​ကို​လည်း နောက်​တစ်​ဖန် မ​သင်​ရ​ကြ။


ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို ကွယ်​ကာ စောင့်​မ​တော်​မူ​သ​ဖြင့်၊ အား​နည်း​သော​သူ​သည် ထို​ကာ​လ၌ ဒါ​ဝိဒ်​မင်း​ကဲ့​သို့​လည်း​ကောင်း၊ ဒါ​ဝိဒ်​မင်း​မျိုး​သည် ဘု​ရား​သ​ခင် ကဲ့​သို့​လည်း​ကောင်း သူ​တို့​ရှေ့​မှာ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန် ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။


ယေ​ရှု​သည် ထို​မိန်း​မ​ကို မြင်​တော်​မူ​လျှင် အ​ထံ​တော်​သို့​ခေါ်၍၊ အ​ချင်း​မိန်း​မ၊ သင်​သည် အ​နာ​ရော​ဂါ​နှင့် လွတ်၏​ဟု မိန့်​တော်​မူ​လျက်၊-


ယ​ခု​မူ​ကား ငွေ​အိတ်​ရှိ​သော​သူ​သည် ယူ​စေ။ လွယ်​အိတ်​ရှိ​သော​သူ​သည် ယူ​စေ။ ဓား​မ​ရှိ​သော​သူ​သည် အ​ဝတ်​ကို​ရောင်း၍ ဓား​ကို​ဝယ်​စေ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ