Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​လ 2:8 - Judson Bible in Zawgyi Version

8 တစ်​ဦး​ကို​တစ်​ဦး မ​တိုက်​ဘဲ မိ​မိ​လမ်း​သို့ မိ​မိ​လိုက်​ကြ​လိမ့်​မည်။ ဓား​သွား​ကို ထိ​သော်​လည်း ရှ​န​ခြင်း​ကို မ​ခံ​ရ​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 အချင်းချင်း မ​တိုး​မ​တိုက်​ဘဲ ကိုယ့်​လမ်းကြောင်း​နှင့်​ကိုယ် ချီတက်​ကြ​၏​။ လက်နက်​ကြား​တိုးဝင်​သော်လည်း မ​ကျဆုံး​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

8 အ​ချင်း​ချင်း​တစ်​ကောင်​နှင့်​တစ်​ကောင် အ​နှောင့်​အ​ယှက်​လည်း​မ​ဖြစ်​စေ​ကြ။ သူ​တို့​ခံ​တပ်​များ​ကို​ဖြတ်​၍​ပျံ​သန်း ကြ​သော်​လည်း၊ သူ​တို့​အား​အ​ဘယ်​သူ​မျှ​မ​ဆီး​မ​တား​နိုင် ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​လ 2:8
11 ပူးပေါင်းရင်းမြစ်များ  

အ​သီး​အ​သီး လက်​နက်​ကိုင်​သော သူ​အ​ပေါင်း​တို့​ကို ရှင်​ဘု​ရင်​ပတ်​လည်၊ ယဇ်​ပ​လ္လင်​အ​နား​နှင့် ဗိ​မာန်​တော်​အ​နား၌၊ လက်​ယာ​ထောင့်​မှ​စ၍ လက်​ဝဲ​ထောင့်​တိုင်​အောင် နေ​ရာ​ချ​ထား​လေ၏။


ဟေ​ဇ​ကိ​သည်​လည်း ကိုယ်​ကို ခိုင်​ခံ့​စေ၏။ ပြို​သော​မြို့​ရိုး​ရှိ​သ​မျှ​ကို ပြု​ပြင်၍၊ ရဲ​တိုက်​တို့​နှင့် တ​ညီ​တည်း​တည်၏။ ပြင်​မြို့​ရိုး​ကို​လည်း တည်၏။ ဒါ​ဝိဒ်​မြို့၌ မိ​လ္လော​ရဲ​တိုက်​ကို​လည်း ပြု​ပြင်၍၊ များ​စွာ​သော လှံ​လက်​နက်​ဒိုင်း လွှား​တို့​ကို​လည်း လုပ်​လေ၏။


မြို့​ရိုး​တည်​သော​သူ၊ ဝန်​ထမ်း​သော​သူ၊ ဝန်​ကို​တင်​သော​သူ အ​ပေါင်း​တို့​သည် လက်​တစ်​ဖက်​နှင့် လုပ်​ကြ၏။ လက်​တစ်​ဖက်​နှင့် လက်​နက်​ကို​ကိုင်​ကြ၏။


ထို​သို့ ငါ​နှင့်​ငါ့​ညီ၊ ငါ့​ကျွန်၊ ငါ့​နောက်၌​လိုက်​သော တပ်​သား​တို့​သည်၊ ကိုယ်​အ​ဝတ်​ကို မ​ချွတ်​ဘဲ နေ​ရ​ကြ၏။


သူ၏​အ​သက်​ကို သင်္ချိုင်း​တွင်း​မှ ကွယ်​ကာ၍၊ ဓား​ဘေး​ဖြင့် မ​သေ​စေ​ခြင်း​ငှာ စောင့်​မ​တော်​မူ၏။


နား​မ​ထောင်​လျှင် ဓား​ဘေး​ဖြင့်​ဆုံး၍၊ ပ​ညာ​အ​တတ်​မ​ရှိ​ဘဲ သေ​တတ်​ကြ၏။


မင်း​မ​ရှိ​သော်​လည်း၊ တပ်​ဖွဲ့၍ အ​စဉ်​အ​တိုင်း​သွား​တတ်​သော ကျိုင်း​တစ်​ပါး၊


သင်၏​ပျိုး​ပင်​တို့​ကား၊ ချို​သော​အ​သီး​ကို သီး​တတ်​သော သ​လဲ​တော၊ နာ​ဒု​ပင်​နှင့်​ရော​သော ဟင်္နာ​တော၊


သူ​တို့​တွင် မော​သော​သူ​မ​ရှိ။ ထိ​မိ၍ လဲ​သော​သူ မ​ရှိ။ ငိုက်​မျဉ်း​သော​သူ၊ အိပ်​ပျော်​သော​သူ​လည်း​မ​ရှိ။ သူ​တို့​ခါး​စည်း မ​ပြေ။ ခြေ​နင်း​ကြိုး​လည်း​မ​ကျွတ်။


သူ​တို့​သည် သူ​ရဲ​ကဲ့​သို့ ပြေး၍ စစ်​သူ​ရဲ​ကဲ့​သို့ မြို့​ရိုး​ကို တက်​ကြ​လိမ့်​မည်။ လမ်း​မ​လွှဲ​ဘဲ အ​သီး​အ​သီး မိ​မိ​တို့​လမ်း​သို့ တည့်​တည့်​လိုက်​ကြ​လိမ့်​မည်။


မြို့​ထဲ​မှာ တ​လည်​လည်​ပြေး​လျက်၊ မြို့​ရိုး​ကို​ကျော်​လျက်၊ အိမ်​ပေါ်​သို့ တက်​လျက်၊ သူ​ခိုး​ကဲ့​သို့ ပြူ​တင်း​ပေါက်​ထဲ​သို့ ဝင်​လျက်​ရှိ​ကြ​လိမ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ