Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​လ 2:30 - Judson Bible in Zawgyi Version

30 မိုး​ကောင်း​ကင်၌​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်၌​လည်း​ကောင်း၊ အံ့​ဖွယ်​သော​အ​ရာ​တည်း​ဟူ​သော သွေး၊ မီး​လျှံ၊ မီး​ခိုး​တိုင်​တို့​ကို ငါ​ပြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

30 မိုးကောင်းကင်​နှင့် မြေကြီး​ပေါ်တွင် အံ့ဖွယ်​သော​အမှု​တို့​ကို ငါ​ပြ​ဦး​မည်​။ သွေး​၊ မီး​နှင့် မီးခိုး​တိုင်​တို့ ဖြစ်ပေါ်​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

30 ``ငါ​သည်​ထို​နေ့​ရက်​ကာ​လ​နှင့်​ပတ်​သက်​၍ မိုး​ကောင်း​ကင်​၌​သော်​လည်း​ကောင်း၊မြေ​ကြီး ပေါ်​၌ သော်​လည်း​ကောင်း​ပုဗ္ဗ​နိ​မိတ်​များ​ကို​ပြ​မည်။ သွေး​ထွက်​သံ​ယို​ဖြစ်​မှု​မီး​လျှံ​မီး​ခိုး​များ ထ​မှု​တို့ ဖြစ်​ပေါ်​လာ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​လ 2:30
16 ပူးပေါင်းရင်းမြစ်များ  

သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​မှ​စ​သော ချိုင့်​အ​ရပ်​တစ်​လျှောက်​လုံး​ကို ကြည့်​ရှု၍၊ မီး​ဖို၌​အ​ခိုး​ကဲ့​သို့၊ တစ်​ပြည်​လုံး​အ​ခိုး​တက်​သည်​ကို မြင်​လေ​၏။


မု​ရန်၊ လော​ဗန်​အ​စ​ရှိ​သော ကုန်​သည်​ရောင်း​တတ်​သော နံ့​သာ​မှုန့်​မျိုး​ကို​မီး​ရှို့၍၊ ထ​သော မီး​ခိုး​တိုင်​သ​ဏ္ဌာန်​ရှိ​လျက် တော​ထဲ​က​လာ​သော ထို​သူ​ကား၊ အ​ဘယ်​သူ​ဖြစ်​ပါ​လိမ့်​မည်​နည်း။ ရှော​လ​မုန်​မင်း၏ ယာဉ်​ပျံ​တော်​ကို ကြ​ည့်​ကြ​လော့။ သူ​ရဲ​ခြောက်​ကျိပ်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​သူ​ရဲ အ​ခြွေ​အ​ရံ​ရှိ​ကြ၏။


ထို​ကြောင့်၊ မြေ​ကြီး​သည် ညည်း​တွား​လိမ့်​မည်။ မိုး​ကောင်း​ကင်​လည်း နက်​လိမ့်​မည်။ ငါ​သည်​ပြော​ပြီး​မှ နောင်​တ​မ​ရှိ။ ကြံ​ပြီး​မှ အ​ကြံ​မ​ပျက်​ရ။


ထို​နေ့​ရက်၌ အ​လင်း​မ​ရှိ၊ မြတ်​သော​အ​ရာ​တို့​သည် ယုတ်​လျော့​လိမ့်​မည်။


ထို​ကာ​လ၏ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​နောက် ရုတ်​ခ​နဲ နေ​သည်​မိုက်​လိမ့်​မည်။ လ​သည် အ​ရောင်​ကို​မ​ပေး။ ကြယ်​တို့​သည် ကောင်း​ကင်​မှ ကျ​ကြ​လိမ့်​မည်။ ကောင်း​ကင်​တန်​ခိုး​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။-


အ​ရပ်​ရပ်​တို့၌ ကြီး​စွာ​သော မြေ​လှုပ်​ခြင်း၊ အ​စာ​ခေါင်း​ပါး​ခြင်း၊ ကာ​လ​နာ​များ​ပြား​ခြင်း​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။ မိုး​ကောင်း​ကင်၌​လည်း ကြောက်​မက်​ဖွယ်​သော​အ​ရာ​နှင့် ကြီး​စွာ​သော​ပု​ပ္ပ​နိ​မိတ်​တို့​သည် ပေါ်​ထွန်း​ကြ​လိမ့်​မည်။-


အာ​ဣ​မြို့​သား​တို့​သည် ပြန်​ကြည့်၍၊ မြို့​ကို​လောင်​သော မီး၏​အ​ခိုး​သည် မိုး​ကောင်း​ကင်​သို့ တက်​လျက်​ရှိ​သည်​ကို မြင်​သော​အ​ခါ၊ အ​ဘယ်​အ​ရပ်​ကို​မျှ ပြေး​ခြင်း​ငှာ မ​တတ်​စွမ်း​နိုင်​ကြ။ တော​သို့​ပြေး​သော​သူ​တို့​သည်​လည်း လိုက်​သော​သူ​တို့​ကို ပြန်​လှန်၍ တိုက်​ကြ၏။


သူ​ကျွမ်း​လောင်​ရာ မီး​ခိုး​ကို​မြင်​လျှင်၊ ထို​မြို့​နှင့် အ​ဘယ်​မြို့ တူ​သ​နည်း​ဟူ၍​လည်း​ကောင်း၊-


မ​တ​ရား​သော​မေ​ထုန်​ကို သူ​နှင့်​ပြု၍ ကာ​မ​ဂုဏ်၌ ပျော်​မွေ့​သော လော​ကီ​ရှင်​ဘု​ရင်​တို့​သည်၊ သူ​ကျွမ်း​လောင်​ရာ မီး​ခိုး​ကို မြင်​သော​အ​ခါ၊-


ပ​ထ​မ​သူ​သည် တံ​ပိုး​မှုတ်​သော​အ​ခါ မိုး​သီး​ဖြစ်၏။ အ​သွေး​နှင့် ရော​နှော​သော​မီး​လည်း ဖြစ်၏။ မြေ​ကြီး​အ​ပေါ်​သို့ ချ​လိုက်၍၊ မြေ​သုံး​စု​တစ်​စု၊ သစ်​ပင်​သုံး​စု​တစ်​စု၊ စိမ်း​သော မြက်​ပင်​ရှိ​သ​မျှ​တို့​ကို ကျွမ်း​လောင်​လေ၏။-


မြို့​ထဲ​မှာ ကြီး​စွာ​သော မီး​ခိုး​တက်​စေ​ရ​မည်​အ​ကြောင်း ဣ​သ​ရေ​လ​လူ​တို့​သည် ကင်း​စောင့်​လူ​တို့​အား အ​ကြံ​ပေး​နှင့်​ကြ​ပြီ​ဖြစ်၍၊


တစ်​ဖန် မီး​လောင်၍ ထူ​ထပ်​သော​မီး​ခိုး​သည် မြို့​ထဲ​မှာ တက်​စ​ရှိ​သော​အ​ခါ၊ ဗင်္ယာ​မိန်​လူ​တို့​သည် ပြန်​ကြည့်၍ မြို့​ကို​လောင်​သော မီး​လျှံ​သည် မိုး​ကောင်း​ကင်​သို့ တက်​သည်​ကို မြင်​ကြ၍၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ