Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်ယောဟန်ခရစ်ဝင် 9:2 - Judson Bible in Zawgyi Version

2 တ​ပည့်​တော်​တို့​က၊ အ​ရှင်​ဘု​ရား၊ ဤ​သူ​သည် အ​ဘယ်​သူ၏​အ​ပြစ်​ကြောင့် မျက်​စိ​ကန်း​သ​နည်း။ ကိုယ်​အ​ပြစ်​ကြောင့် ကန်း​သ​လော။ မိ​ဘ​အ​ပြစ်​ကြောင့် ကန်း​သ​လော​ဟု မေး​လျှောက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 ထိုအခါ တပည့်​တော်​တို့​က “ရဗ္ဗိ၊ မည်သူ​က အပြစ်​ပြု​သောကြောင့် ဤ​သူ​သည် မျက်မမြင်​အဖြစ်​မွေး​လာ​ရ​သနည်း။ သူ​ကိုယ်တိုင်​လော​၊ သို့မဟုတ် သူ​၏​မိဘ​လော”​ဟု ကိုယ်တော်​အား မေးလျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2 တ​ပည့်​တော်​တို့​က ``အ​ရှင်​ဘု​ရား၊ ဤ​သူ​မျက်​စိ မ​မြင်​သည်​မှာ​မိ​မိ​၏​အ​ပြစ်​ကြောင့်​လော၊ မိ​ဘ တို့​၏​အ​ပြစ်​ကြောင့်​လော'' ဟု​မေး​လျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန်ခရစ်ဝင် 9:2
9 ပူးပေါင်းရင်းမြစ်များ  

ဦး​မ​ချ​ဝတ်​မ​ပြု​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်၏​ဘု​ရား​သ​ခင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၌​အ​ပြစ်​ရှိ​သည်​ဟု ယုံ​လွယ်​သော​ဘု​ရား၊ ငါ့​ကို​မုန်း​သော​သူ​တို့၏ အ​မျိုး​အ​စဉ်​အ​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တု​တ္ထ​အ​ဆက်​တိုင်​အောင်၊ အ​ဘ​တို့၏​အ​ပြစ်​ကို သား​တို့​၌​ဆပ်​ပေး​စီ​ရင်​သော​ဘု​ရား၊


လူ​အ​ချို့​က၊ ကိုယ်​တော်​သည် ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ဧ​လိ​ယ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ယေ​ရ​မိ​မှ​စ၍ ပ​ရော​ဖက်​တစ်​ပါး​ပါး​ဖြစ်​သည် ဟူ၍​လည်း​ကောင်း ဆို​ကြ​ပါ၏​ဟု လျှောက်​ကြ​သော်၊-


ဈေး၌ ရို​သေ​စွာ နှုတ်​ဆက်​ခြင်း​ကို​လည်း​ကောင်း၊ အ​ရှင်​ဘု​ရား အ​ရှင်​ဘု​ရား​ဟု လူ​များ​ခေါ်​ဝေါ်​ခြင်း​ကို​လည်း​ကောင်း နှစ်​သက်​ကြ၏။-


သင်​တို့​မူ​ကား အ​ရှင်​ဘု​ရား​ဟု ခေါ်​ဝေါ်​ခြင်း​ကို မ​ခံ​ကြ​နှင့်။ ခ​ရစ်​တော်​တည်း​ဟူ​သော သင်​တို့​ဥ​ပ​ဇ္ဈာယ်​ဆ​ရာ တစ်​ပါး​တည်း​ရှိ၏။ သင်​တို့​အ​ပေါင်း​သည် ညီ​အစ်​ကို​ချင်း ဖြစ်​ကြ၏။-


ယေ​ရှု​က၊ ထို​ဂါ​လိ​လဲ​လူ​တို့​သည် ထို​သို့​ခံ​ရ​သော​ကြောင့်၊ အ​ခြား​သော ဂါ​လိ​လဲ​လူ​အ​ပေါင်း​တို့​ထက် သာ၍ အ​ပြစ်​ရှိ​သည်​ဟု ထင်​ကြ​သ​လော။-


မ​ရောက်​မီ​တွင် တ​ပည့်​တော်​တို့​က၊ အ​ရှင်​ဘု​ရား၊ အ​စာ​ကို​သုံး​ဆောင်​တော်​မူ​ပါ​ဟု တောင်း​ပန်​ကြ​လျှင်၊-


လမ်း၌​သွား​တော်​မူ​စဉ်၊ အ​မိ​ဝမ်း​တွင်း​က​ပင် မျက်​စိ​ကန်း​သော​သူ​တစ်​ယောက်​ကို တွေ့​မြင်​သော်​မူ၏။-


ထို​သူ​တို့​က​လည်း၊ သင်​သည် မွေး​စ​က​ပင် တစ်​ကိုယ်​လုံး၌ ဒု​စ​ရိုက်​အ​ပြစ်​စွဲ​သော​သူ​ဖြစ်​လျက်​နှင့် ငါ​တို့​ကို ဆုံး​မ​ပါ​သည်​တ​ကား​ဟု ပြော​ဆို​ကြ​ပြီး​လျှင်၊ ထို​သူ​ကို တ​ရား​ဇ​ရပ်​မှ​နှင်​ထုတ်​ကြ၏။


ထို​လူ​ရိုင်း​တို့​သည် မြင်​လျှင်၊ ဤ​လူ​ကား၊ လူ​အ​သက်​ကို သတ်​သော​သူ အ​မှန်​ဖြစ်၏။ ပင်​လယ်​ဘေး​မှ လွတ်​သော်​လည်း၊ အ​သက်​ရှင်​စေ​ခြင်း​ငှာ တ​ရား​သည် အ​ခွင့်​မ​ပေး​ဟု အ​ချင်း​ချင်း​ဆို​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ