Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်ယောဟန်ခရစ်ဝင် 9:17 - Judson Bible in Zawgyi Version

17 တစ်​ဖန် မျက်​စိ​ကန်း​ဖူး​သော​သူ​အား၊ သင်၏​မျက်​စိ​ကို ဖွင့်​သော​သူ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သ​နည်း​ဟု မေး​ကြ​လျှင်၊ ပ​ရော​ဖက်​ဖြစ်​သည်​ဟု​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

17 ထို့ကြောင့် ဖာရိရှဲ​တို့​သည် ထို​မျက်မမြင်​အား “သင့်​ကို​မျက်စိ​မြင်​စေ​သော​သူ​၏​အကြောင်း​ကို သင်​မည်သို့​ဆို​မည်နည်း”​ဟု နောက်တစ်ဖန်​မေးမြန်း​ကြ​လျှင် “ပရောဖက်​ဖြစ်​သည်”​ဟု ဖြေကြား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

17 ထို့​ကြောင့်​ဖာ​ရိ​ရှဲ​တို့​သည် မျက်​မ​မြင်​ဖြစ်​ခဲ့​ဖူး သူ​အား ``သင့်​ကို​မျက်​စိ​မြင်​စေ​သူ​သည်​အ​ဘယ် သို့​သော​သူ​ဖြစ်​သ​နည်း'' ဟု​တစ်​ဖန်​မေး​ပြန် ကြ​၏။ ထို​သူ​က ``ပ​ရော​ဖက်​ဖြစ်​ပါ​၏'' ဟု​ဖြေ​ကြား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန်ခရစ်ဝင် 9:17
9 ပူးပေါင်းရင်းမြစ်များ  

လူ​အ​စု​အ​ဝေး​တို့​က၊ ဤ​သူ​သည် ဂါ​လိ​လဲ​ပြည် နာ​ဇ​ရက်​မြို့၌ ပေါ်​ထွန်း​သော ပ​ရော​ဖက်​ယေ​ရှု​ပေ​တည်း​ဟု ပြော​ဆို​ကြ၏။


ကိုယ်​တော်​က​လည်း၊ အ​ဘယ်​အ​ကြောင်း​အ​ရာ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ထို​သူ​တို့​က၊ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၏ အ​ကြောင်း​အ​ရာ​ပေ​တည်း။ ထို​သူ​သည် ဘု​ရား​သ​ခင်​ရှေ့၊ လူ​အ​ပေါင်း​တို့​ရှေ့​မှာ၊ နှုတ်​သ​တ္တိ၊ လက်​သ​တ္တိ​နှင့် ပြည့်​စုံ​သော ပ​ရော​ဖက်​ဖြစ်၏။-


ထို​မိန်း​မ​က​လည်း၊ သ​ခင်၊ ကိုယ်​တော်​သည် ပ​ရော​ဖက်​ဖြစ်​သည်​ကို အ​ကျွန်ုပ်​ရိပ်​မိ​ပါ၏။-


ထို​သို့​ယေ​ရှု​ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ​ကို ထို​လူ​များ​တို့​သည်​မြင်​လျှင်၊ ဤ​သူ​ကား ဤ​လော​က​သို့ ကြွ​လာ​ရ​သော ပ​ရော​ဖက်​အ​မှန်​ဖြစ်​သည်​ဟု ဆို​ကြ၏။-


တစ်​ဖန်​ဖာ​ရိ​ရှဲ​တို့​က၊ အ​ဘယ်​သို့ သင်၏​မျက်​စိ​မြင်​သ​နည်း​ဟု မေး​ပြန်​လျှင်၊ အ​ကျွန်ုပ်​မျက်​စိ၌ သူ​သည် ရွှံ့​ကို​ထည့်၍ အ​ကျွန်ုပ်​ဆေး​လျှင် မျက်​စိ​မြင်​သည်​ဟု​ဆို၏။-


ထို​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ တန်​ခိုး​တော်​နှင့်​လည်း​ကောင်း၊ နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ကို ဘိ​သိက်​ပေး​တော်​မူ​သ​ဖြင့်၊ ထို​သူ​သည် ဘု​ရား​သ​ခင်၏​အ​ခွင့်​တော်​နှင့် ကျေး​ဇူး​ပြု​လျက်၊ မာရ်​နတ်​ညှဉ်း​ဆဲ​သော သူ​အ​ပေါင်း​တို့​အား ချမ်း​သာ​ကို​ပေး​လျက် လှည့်​လည်​တော်​မူ၏။-


ဣ​သ​ရေ​လ​လူ​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့ သိ​ကြ​သည်​အ​တိုင်း နာ​ဇ​ရက်​မြို့​သား ယေ​ရှု​သည် ထူး​ဆန်း​သော​တန်​ခိုး၊ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို သင်​တို့​တွင်​ပြု​ရ​သော​အ​ခွင့်​နှင့် ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော သက်​သေ​ကို ရ​သော​သူ​ဖြစ်၍၊-


သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၏​အ​မျိုး​သား​ချင်း​တို့​အ​ထဲ၌ ငါ​နှင့်​တူ​သော ပ​ရော​ဖက်​တစ်​ပါး​ကို သင့်​အ​ဖို့ ပေါ်​ထွန်း​စေ​တော်​မူ​မည်။ ထို​ပ​ရော​ဖက်၏​စ​ကား​ကို နား​ထောင်​ရ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ