Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်ယောဟန်ခရစ်ဝင် 8:3 - Judson Bible in Zawgyi Version

3 မှား​ယွင်း​ခြင်း​အ​မှု​ကို ပြု​လျက်​နေ​သော မိန်း​မ​တစ်​ယောက်​ကို​တွေ့​လျှင်၊ ကျမ်း​ပြု​ဆ​ရာ​တို့​နှင့် ဖာ​ရိ​ရှဲ​တို့​သည်​ခေါ်​ခဲ့၍ အ​လယ်၌​ထား​ပြီး​မှ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 ထိုအခါ ကျမ်းပြု​ဆရာ​တို့​နှင့်​ဖာရိရှဲ​တို့​သည် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​သည့်​အတွက် အဖမ်း​ခံရ​သော​မိန်းမ​တစ်​ယောက်​ကို​ခေါ်ဆောင်​လာ​၍ အလယ်​၌​ထား​ပြီးလျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3 ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ​သည် အ​မျိုး​သ​မီး​တစ်​ယောက်​ကို​အ​ထံ​တော်​သို့ ခေါ်​ခဲ့​ကြ​၏။ သူ​သည်​မျောက်​မ​ထား​နေ​စဉ် အ​ဖမ်း​ခံ​ရ​ခြင်း​ဖြစ်​၏။ ကျမ်း​တတ်​ဆ​ရာ များ​နှင့်​ဖာ​ရိ​ရှဲ​တို့​သည်​အ​မျိုး​သ​မီး​ကို မိ​မိ​တို့​ရှေ့​တွင်​ရပ်​စေ​ပြီး​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန်ခရစ်ဝင် 8:3
10 ပူးပေါင်းရင်းမြစ်များ  

မျောက်​မ​ထား​သော မိန်း​မ​နှင့်၊ လူ​အ​သက်​ကို​သတ်​သော မိန်း​မ​တို့​ကို​စီ​ရင်​သ​ကဲ့​သို့ သင့်​ကို​ငါ​စီ​ရင်၍၊ ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​အ​သွေး​ကို ငါ​တိုက်​မည်။


သို့​ဖြစ်၍၊ မျောက်​မ​ထား​သော​မိန်း​မ၊ လူ​အ​သက်​ကို​သတ်​သော မိန်း​မ​ဖြစ်​သော​ကြောင့်၊ မျောက်​မ​ထား​သော​မိန်း​မ၊ လူ​အ​သက်​ကို​သတ်​သော မိန်း​မ​ကို စီ​ရင်​သ​ကဲ့​သို့၊ ဖြောင့်​မတ်​သော​သူ​တို့​သည် စီ​ရင်​ကြ​လိမ့်​မည်။


တွေ့​သော​သူ​တို့​သည်၊ ထို​သူ​ကို မော​ရှေ၊ အာ​ရုန်၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့​သို့ ခေါ်​ခဲ့​ကြ၏။


ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​တို့​တွင် ကျမ်း​ပြု​ဆ​ရာ​ရှိ​သ​မျှ​တို့​ကို စု​ဝေး​စေ၍ ခ​ရစ်​တော်​ကို အ​ဘယ်​အ​ရပ်​မှာ ဖွား​မြင်​လိမ့်​မည်​နည်း​ဟု မေး​မြန်း​တော်​မူ၏။-


နံ​နက်​စော​စော​ဗိ​မာန်​တော်​သို့ တစ်​ဖန်​ကြွ​တော်​မူ၍ လူ​အ​ပေါင်း​တို့​သည် အ​ထံ​တော်​သို့ လာ​ကြ၏။ ထို​အ​ခါ ထိုင်​တော်​မူ၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​စဉ်​တွင်၊-


အ​ရှင်​ဘု​ရား၊ ဤ​မိန်း​မ​သည် မှား​ယွင်း​ခြင်း​အ​မှု​ကို ပြု​စဉ်​တွင်​ပင် တွေ့​မိ​ပါ​သည်။-


ထို​သူ​တို့​သည်​ကြား​ရ​လျှင် မိ​မိ​တို့​စိတ်​နှ​လုံး​သည် မိ​မိ​တို့​အ​ပြစ်​ကို ဖော်​ပြ​သ​ဖြင့်၊ အ​သက်​ကြီး​သော​သူ​မှ​စ၍ အ​ငယ်​ဆုံး​သော​သူ​တိုင်​အောင် တစ်​ယောက်​နောက်​တစ်​ယောက် ထွက်​သွား​ကြ၏။ ယေ​ရှု​သည် တစ်​ယောက်​တည်း ကျန်​ရစ်​တော်​မူ၍၊ မိန်း​မ​သည် အ​လယ်၌​ရပ်​နေ၏။-


လူ​များ​သည် မျက်​စိ​ကန်း​ဖူး​သော ထို​သူ​ကို ဖာ​ရိ​ရှဲ​တို့​ထံ​သို့ ပို့​ကြ၏။-


တ​မန်​တော်​တို့​ကို အ​လယ်၌​ထား၍၊ သင်​တို့​သည် အ​ဘယ်​သို့​သော​တန်​ခိုး၊ အ​ဘယ်​သူ၏​နာ​မ​အား​ဖြင့် ဤ​အ​မှု​ကို​ပြု​သ​နည်း​ဟု မေး​မြန်း​ကြ၏။


ထို​ကြောင့်၊ မိ​မိ​လင်​မ​သေ​မီ အ​ခြား​သော​သူ၏ မ​ယား​ဖြစ်​လျှင်၊ မျောက်​မ​ထား​သော​မိန်း​မ​ဟု ခေါ်​ထိုက်၏။ လင်​သေ​လျှင်​မူ​ကား၊ ထို​တ​ရား​နှင့်​လွတ်​သည်​ဖြစ်၍၊ အ​ခြား​သော​သူ၏​မ​ယား ဖြစ်​သော်​လည်း၊ မျောက်​မ​ထား​သော​မိန်း​မ​ဟု ခေါ်​စ​ရာ​အ​ကြောင်း​မ​ရှိ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ