Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်ယောဟန်ခရစ်ဝင် 7:23 - Judson Bible in Zawgyi Version

23 မော​ရှေ၏​တ​ရား​မ​ပျက်​စေ​ခြင်း​ငှာ လူ​သည်​ဥ​ပုသ်​နေ့၌ အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​ရ​လျှင်၊ ငါ​သည် ဥ​ပုသ်​နေ့၌ လူ​တစ်​ကိုယ်​လုံး​ကို ကျန်း​မာ​စေ​သော​ကြောင့်၊ သင်​တို့​သည် ငါ့​ကို အ​မျက်​ထွက်​ရာ​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

23 လူ​သည် မောရှေ​၏​ပညတ်​တရား​ကို​မ​ချိုးဖောက်​ရန် ဥပုသ်နေ့​တွင် အရေဖျား​လှီး​ခြင်း​ကို​ခံ​သည်​ဆိုလျှင် ငါ​သည် ဥပုသ်နေ့​၌ လူ​တစ်ကိုယ်လုံး​ကို အကောင်း​ပကတိ​ဖြစ်​စေ​သည့်​အတွက် ငါ့​ကို​စိတ်ဆိုး​ရ​သလော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

23 ဤ​သို့​လျှင်​မော​ရှေ​၏​ပ​ညတ်​တ​ရား​မ​ချိုး ဖောက်​ရန် သင်​တို့​သည်​ဥ​ပုသ်​နေ့​တွင်​အ​ရေ​ဖျား လှီး​မင်္ဂ​လာ​ပေး​လျှင် ငါ​သည်​ဥ​ပုသ်​နေ့​၌​လူ တစ်​ဦး​တစ်​ယောက်​အား​ပ​က​တိ​ကျန်း​မာ လာ​စေ​သော​အ​ခါ​၌​မူ အ​ဘယ်​ကြောင့်​ငါ့ အား​အ​မျက်​ထွက်​ကြ​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန်ခရစ်ဝင် 7:23
9 ပူးပေါင်းရင်းမြစ်များ  

ဥ​ပုသ်​နေ့​သည် သင်​တို့​အား​သန့်​ရှင်း​သော​ကြောင့် ထို​နေ့​ကို​စောင့်​ရ​ကြ​မည်။ ဥ​ပုသ်​နေ့​ကို​ဖျက်​သော​သူ​တိုင်း အ​သေ​ခံ​ရ​မည်။ ထို​နေ့၌ အ​လုပ်​လုပ်​သော သူ​မည်​သည်​ကား၊ မိ​မိ​အ​မျိုး​မှ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်။


လူ​အ​ချို့​တို့​က၊ ဥ​ပုသ်​နေ့၌ ရော​ဂါ​ကို ငြိမ်း​စေ​အပ်​သ​လော​ဟု ကိုယ်​တော်၌ အ​ပြစ်​တင်​ခွင့်​ကို ရှာ၍ မေး​လျှောက်​ကြ၏။-


ဖာ​ရိ​ရှဲ​တို့​သည် မြင်​လျှင်၊ ကိုယ်​တော်၏ တ​ပည့်​တို့​သည် ဥ​ပုသ်​နေ့၌ မ​ပြု​အပ်​သော​အ​မှု​ကို ပြု​ကြ​ပါ​သည် တ​ကား​ဟု လျှောက်​ကြ​သော်၊-


ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း ဗိ​မာန်​တော်​တွင် ဥ​ပုသ်​နေ့၌ ဥ​ပုသ်​ပျက်​သော်​လည်း၊ အ​ပြစ်​မ​သင့်​သည်​ကို ပ​ည​တ္တိ​ကျမ်း၌ မ​ဖတ်​ဖူး​သ​လော။-


ထို​နေ့​သည် ဥ​ပုသ်​နေ့​ဖြစ်၏။ ထို​ကြောင့် ယု​ဒ​လူ​တို့​က၊ ဥ​ပုသ်​နေ့​ဖြစ်၏။ အိပ်​ရာ​ကို မ​ဆောင်​အပ်​ဟု ရော​ဂါ​ကင်း​သော သူ​အား​ဆို​ကြ၏။-


ယေ​ရှု​က​လည်း၊ ငါ​ပြု​သော​အ​မှု​တစ်​ခု​ကို သင်​တို့​ရှိ​သ​မျှ​သည် အံ့​ဩ​ခြင်း​ရှိ​ကြ၏။-


ဖာ​ရိ​ရှဲ​အ​ချို့​တို့​က၊ ထို​သူ​သည် ဥ​ပုသ်​မ​စောင့်။ ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​သော​သူ မ​ဟုတ်​ဟု ဆို​ကြ၏။ အ​ချို့​တို့​က၊ ဆိုး​သော​သူ​သည် ဤ​သို့​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို အ​ဘယ်​သို့​ပြ​နိုင်​သ​နည်း​ဟု ဆို​ကြ၏။ ထို​သို့​အ​ချင်း​ချင်း မ​သင့် ကွဲ​ပြား​ခြင်း​သို့​ရောက်၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ