Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်ယောဟန်ခရစ်ဝင် 21:2 - Judson Bible in Zawgyi Version

2 ရှိ​မုန်​ပေ​တ​ရု​နှင့် ဒိ​ဒု​မု​ဟု​အ​မည်​ရှိ​သော သော​မ၊ ဂါ​လိ​လဲ​ပြည် ကာ​န​မြို့​သား နာ​သ​နေ​လ၊ ဇေ​ဗေ​ဒဲ၏ သား​နှစ်​ယောက်၊ အ​ခြား​သော​တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် အ​တူ​ရှိ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 ရှိမုန်​ပေတရု​နှင့် ဒိဒုမု​ဟု​ခေါ်​သည့်​သောမ၊ ဂါလိလဲ​နယ် ကာန​မြို့သား နာသနေလ၊ ဇေဗေဒဲ​၏​သား​တို့​နှင့် အခြား​တပည့်​တော်​နှစ်​ပါး​တို့​သည် အတူ​ရှိ​နေ​ကြ​စဉ်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2 ရှိ​မုန်​ပေ​တ​ရု၊ (အ​မြွှာ​ပူး​ဟု​နာ​မည်​တွင်​သူ) သော​မ၊ (ဂါ​လိ​လဲ​ပြည်​ကာ​န​မြို့​သား) နာ​သ နေ​လ၊ ဇေ​ဗေ​ဒဲ​၏​သား​များ​နှင့်​အ​ခြား​တ​ပည့် တော်​နှစ်​ဦး​တို့​သည်​အ​တူ​ရှိ​နေ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန်ခရစ်ဝင် 21:2
12 ပူးပေါင်းရင်းမြစ်များ  

ဇေ​ဗေ​ဒဲ၏​သား​ယာ​ကုပ်​နှင့် သူ့​ညီ​ယော​ဟန်၊ ဖိ​လိ​ပ္ပု​နှင့် ဗာ​သော​လ​မဲ၊ သော​မ​နှင့် အ​ခွန်​ခံ​မဿဲ၊ အာ​လ​ဖဲ၏​သား​ယာ​ကုပ်​နှင့် သ​ဒ္ဒဲ​ဟု အ​မည်​သစ်​ကို​ရ​သော လေ​ဗဲ၊-


ထို​မှ အ​နည်း​ငယ်​လွန်​ပြန်​လျှင် ဇေ​ဗေ​ဒဲ၏​သား​ယာ​ကုပ်​နှင့် ယော​ဟန် ညီ​အစ်​ကို​နှစ်​ယောက်​တို့​သည် လှေ​ပေါ်​မှာ ပိုက်​ကွန်​ပြင်​နေ​သည်​ကို မြင်၍ ချက်​ချင်း​ခေါ်​တော်​မူ၏။-


ယေ​ရှု​က​လည်း၊ ကြောက်​ရွံ့​ခြင်း မ​ရှိ​နှင့်။ သင်​သည်​ယ​ခု​မှ​စ၍ လူ​တို့​ကို​ဖမ်း​မိ​သော​သူ ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-


ဖိ​လိ​ပ္ပု​သည် နာ​သ​နေ​လ​ကို​တွေ့​လျှင်၊ မော​ရှေ​သည် ပ​ည​တ္တိ​ကျမ်း၌​လည်း​ကောင်း၊ ပ​ရော​ဖက်​တို့​သည် သူ​တို့​ကျမ်း၌​လည်း​ကောင်း အ​ကြောင်း​ပြု၍ ရေး​ထား​သော​သူ၊ နာ​ဇ​ရက်​မြို့​သား​ဖြစ်​သော ယော​သပ်၏​သား​ယေ​ရှု​ကို ငါ​တို့​သည် တွေ့​ကြ​ပြီ​ဟု​ဆို၏။-


ဒိ​ဒု​မု​အ​မည်​ရှိ​သော သော​မ​က၊ အ​ကျွန်ုပ်​တို့​လည်း​လိုက်၍ သ​ခင်​နှင့်​အ​တူ အ​သေ​ခံ​ကြ​ကုန်​အံ့​ဟု တ​ပည့်​တော်​ချင်း​တို့​အား ပြော​ဆို၏။


သုံး​ရက်​မြောက်​သော​နေ့၌ ဂါ​လိ​လဲ​ပြည် ကာ​န​မြို့​တွင် မင်္ဂ​လာ​ဆောင်​ပွဲ​ကို​ခံ​ကြ​စဉ်၊ ထို​ပွဲ၌ ယေ​ရှု၏​မယ်​တော်​ရှိ၏။-


ထို​သို့​ယေ​ရှု​သည် ရှေ့​ဦး​စွာ​သော ဤ​နိ​မိတ်​လ​က္ခ​ဏာ​ကို ဂါ​လိ​လဲ​ပြည်၊ ကာ​န​မြို့၌​ပြ၍ မိ​မိ​ဘုန်း​တော်​ကို ထင်​ရှား​စေ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည်​လည်း ယုံ​ကြည်​ကြ၏။


သော​မ​က​လည်း၊ အ​ကျွန်ုပ်၏​အ​ရှင်၊ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​ပါ​တ​ကား​ဟု ပြန်၍​လျှောက်၏။-


ရေ​ကို စ​ပျစ်​ရည်​ဖြစ်​စေ​သော​အ​ရပ်၊ ဂါ​လိ​လဲ​ပြည်​ကာ​န​မြို့​သို့ တစ်​ဖန်​ကြွ​တော်​မူ၏။ က​ပေ​ရ​နောင်​မြို့၌ အ​မတ်​တစ်​ယောက်၏​သား​သည် အ​နာ​ရော​ဂါ​စွဲ​လျက်​ရှိ၏။-


ဟေ​ဗြုန်​မြို့၊ ရ​ဟော​ဘ​မြို့၊ ဟ​မ္မုန်​မြို့၊ ကာ​န​မြို့၊ ဇိ​ဒုန်​မြို့​ကြီး​တိုင်​အောင် ရောက်​ပြီး​လျှင်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ