Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်ယောဟန်ခရစ်ဝင် 20:8 - Judson Bible in Zawgyi Version

8 ထို​အ​ခါ သင်္ချိုင်း​တော်​သို့ အ​ရင်​ရောက်​သော အ​ခြား​တ​ပည့်​တော်​သည် ဝင်၍​မြင်​သ​ဖြင့် ယုံ​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 ထို့နောက် သင်္ချိုင်း​တော်​သို့​ဦးစွာ​ရောက်​သော အခြား​တပည့်​တော်​သည်​လည်း​ဝင်လာ​၍ မြင်​သဖြင့် ယုံကြည်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

8 ထို​နောက်​သင်္ချိုင်း​တော်​သို့​ဦး​စွာ​ရောက်​ရှိ​သည့် အ​ခြား​တ​ပည့်​တော်​သည်​လည်း​ဂူ​ထဲ​သို့​ဝင် လျှင်​ထို​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင်​ရ​သ​ဖြင့် ယုံ​ကြည်​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန်ခရစ်ဝင် 20:8
5 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြ​ဟံ​က၊ သူ​တို့​သည် မော​ရှေ၏​စ​ကား၊ ပ​ရော​ဖက်​တို့၏​စ​ကား​ကို နား​မ​ထောင်​လျှင်၊ တစ်​ယောက်​သော​သူ​သည် သေ​ခြင်း​မှ ထ​မြောက်​သော်​လည်း မ​ယုံ​ကြည်​နိုင်​ကြ​ဟု အာ​ဗြ​ဟံ​ဆို​သည်​ဟု မိန့်​တော်​မူ၏။


တစ်​ဖန် ယေ​ရှု​က၊ သင်္ဘော​သ​ဖန်း​ပင်​အောက်၌ သင့်​ကို​ငါ​မြင်​သည်​ဟု​ဆို​သော​ကြောင့် ယုံ​သ​လော။ ထို​မျှ​မ​က သင်​သည် သာ၍​ကြီး​စွာ​သော အ​ကြောင်း​အ​ရာ​ကို မြင်​လ​တ္တံ့။-


ထို​သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည်​သ​ခင်​ကို မြင်​ရ​ကြ​ပြီ​ဟု သော​မ​အား​ပြော​ဆို​ကြ​လျှင်၊ သော​မ​က၊ လက်​တော်၌​သံ​ရိုက်​ရာ​ချက်​ကို မ​မြင်၊ သံ​ရိုက်​ရာ​ချက်​ကို လက်​ညှိုး​နှင့် မ​တို့​မ​စမ်း၊ နံ​ဘေး​တော်​ကို​လည်း လက်​နှင့် မ​စမ်း​မ​သပ်​ရ​လျှင် အ​ကျွန်ုပ်​မ​ယုံ​ဟု​ဆို၏။-


ယေ​ရှု​က​လည်း၊ သင်​သည်​ငါ့​ကို​မြင်​သော​ကြောင့် ယုံ​ခြင်း​ရှိ၏။ ငါ့​ကို​မ​မြင်​ဘဲ​ယုံ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏​ဟု မိန့်​တော်​မူ၏။


ထို​သူ​နှစ်​ယောက်​တို့​သည် အ​တူ​ပြေး​သည်​တွင် အ​ခြား​သော​တ​ပည့်​တော်​သည် ပေ​တ​ရု​ကို​လွန်၍ သင်္ချိုင်း​တော်​သို့ အ​ရင်​ရောက်​သည်​ရှိ​သော်၊ ငုံ့၍​ကြည့်​သ​ဖြင့်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ