Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်ယောဟန်ခရစ်ဝင် 19:31 - Judson Bible in Zawgyi Version

31 ထို​နေ့​သည် အ​ဖိတ်​နေ့​ဖြစ်၍၊ နက်​ဖြန်​နေ့​လည်း ကြီး​မြတ်​သော​ဥ​ပုသ်​နေ့​ဖြစ်​သည်​ကို ယု​ဒ​လူ​တို့​သည် ထောက်၍၊ အ​လောင်း​ကောင်​တို့​ကို ဥ​ပုသ်​နေ့၌ လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ မ​ရှိ​စေ​ခြင်း​ငှာ ပိ​လတ်​မင်း​ထံ​သို့​ဝင်​ပြီး​လျှင်၊ ခြေ​ကို​ချိုး၍ ထို​အ​လောင်း​ကောင်​တို့​ကို ယူ​သွား​ရ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

31 ထို​နေ့​သည် ပြင်ဆင်​ရာ​နေ့​ဖြစ်​ပြီး နောက်တစ်နေ့​သည် ကြီးမြတ်​သော​ဥပုသ်နေ့​ဖြစ်​သောကြောင့် ဂျူး​လူမျိုး​တို့​သည် ထို​ဥပုသ်နေ့​တွင် လက်ဝါးကပ်တိုင်​ပေါ်မှာ အလောင်း​များ​မ​ရှိ​စေ​လို​သဖြင့် လက်ဝါးကပ်တိုင်​ပေါ်၌ တင်​ထား​ခြင်း​ခံရ​သော​သူ​များ​၏​ခြေ​တို့​ကို​ချိုး​ပြီး အလောင်း​များ​ကို​ယူ​သွား​ခွင့်​ပေး​ရန် ပိလတ်​မင်း​ထံ တောင်းဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

31 ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​လက်​ဝါး​ကပ်​တိုင် တွင်​တင်​ထား​သူ​များ​၏​ခြေ​တို့​ကို​ချိုး​၍ အ​လောင်း​များ​ကို​ယူ​ဆောင်​သွား​ခွင့်​ပြု​ရန် ပိ​လတ်​မင်း​အား​တောင်း​လျှောက်​ကြ​၏။ သူ​တို့ ဤ​သို့​တောင်း​လျှောက်​ကြ​ရ​ခြင်း​မှာ​ထို​နေ့ သည်​အ​ဖိတ်​နေ့​ဖြစ်​၍​ဥ​ပုသ်​နေ့​၌ အ​လောင်း များ​ကို​လက်​ဝါး​ကပ်​တိုင်​တွင်​မ​ရှိ​စေ​လို သော​ကြောင့်​လည်း​ကောင်း၊ ထို​ဥ​ပုသ်​နေ့​သည် လည်း​နေ့​ထူး​နေ့​မြတ်​ဖြစ်​သော​ကြောင့် လည်း​ကောင်း​ဖြစ်​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန်ခရစ်ဝင် 19:31
12 ပူးပေါင်းရင်းမြစ်များ  

ပ​ထ​မ​နေ့၌​လည်း​ကောင်း၊ ခု​နစ်​ရက်​နေ့၌​လည်း​ကောင်း၊ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု​ရ​မည်။ ထို​နေ့​ရက်၌ လူ​တိုင်း​စား​ခြင်း​ကိ​စ္စ​နှင့်​ဆိုင်​သော အ​လုပ်​အ​ဆောင်​မှ​တစ်​ပါး အ​ခြား​သော​အ​လုပ်​ကို မ​လုပ်​မ​ဆောင်​ရ။


ဖြောင့်​မတ်​သော​သူ​သည် မိ​မိ​တိ​ရ​စ္ဆာန်​အ​သက်​ကို နှ​မြော​တတ်၏။ မ​တ​ရား​သော​သူ​မူ​ကား၊ က​ရု​ဏာ​အ​ရာ၌​ပင် ကြမ်း​ကြုတ်​တတ်၏။


ငါ့​လူ​တို့၏​အ​သား​ကို​စား​လျက်၊ အ​ရေ​ကို​ခွာ​လျက်၊ အ​ရိုး​တို့​ကို ချိုး​လျက်၊ ဟင်း​အိုး၌ ချက်​သော သား​တစ်၊ အိုး​ကင်း၌​ပြုတ်​သော အ​မဲ​သား​ကို ပြု​သ​ကဲ့​သို့ အ​ရိုး​အ​သား​ကို စဉ်း​လျက်​နှင့်​ပင်၊


အ​ဖိတ်​နေ့​လွန်၍ နက်​ဖြန်​နေ့​ရောက်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​နှင့် ဖာ​ရိ​ရှဲ​တို့​သည် ပိ​လတ်​မင်း​ထံ၌ စု​ဝေး၍၊-


ထို​နေ့​ကား အ​ဖိတ်​နေ့​တည်း​ဟူ​သော ပ​ရ​က္ကု​နေ့ ဖြစ်​သော​ကြောင့် ည​အ​ချိန်​ရောက်​မှ၊-


ထို​အ​ခါ ပိ​လတ်​မင်း​သည် ယေ​ရှု​ကို​ယူ၍​ရိုက်​ပြီး​မှ၊-


ထို​နေ့​အ​ချိန်​ကား၊ ပ​သ​ခါ​အ​ဖိတ်​နေ့ တစ်​ချက်​တီး​အ​ချိန်​လောက်​ရှိ၏။ ပိ​လတ်​မင်း​က​လည်၊ သင်​တို့၏ ရှင်​ဘု​ရင်​ကို ကြည့်​ကြ​လော့​ဟု ယု​ဒ​လူ​တို့​အား ပြော​ဆို​လျှင်၊-


ယု​ဒ​လူ​တို့၏ အ​ဖိတ်​နေ့​ဖြစ်​သော​ကြောင့်၊ အ​နီး​အ​ပါး​တွင်​ရှိ​သော ထို​သင်္ချိုင်း​တွင်း၌ အ​လောင်း​တော်​ကို​ထား​ကြ၏။


အာ​ဣ​မင်း​ကြီး​ကို ညဥ့်​ဦး​တိုင်​အောင် သစ်​ပင်​တွင်​ဆွဲ​ထား၍၊ မိုး​ချုပ်​သော​အ​ခါ၊ ယော​ရှု​စီ​ရင်​သည်​အ​တိုင်း၊ အ​သေ​ကောင်​ကို သစ်​ပင်​က​ချ​ပြီး​လျှင် မြို့​တံ​ခါး​ဝ၌​ပစ်​ထား၍၊ အ​သေ​ကောင်​အ​ပေါ်၌ များ​စွာ​သော ကျောက်​တို့​ကို စု​ပုံ​ကြ၏။ ထို​ကျောက်​ပုံ​သည် ယ​နေ့​တိုင်​အောင်​ရှိ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ