Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်ယောဟန်ခရစ်ဝင် 19:19 - Judson Bible in Zawgyi Version

19 ပိ​လတ်​မင်း​သည်​လည်း က​မ္ပည်း​လိပ်​စာ​ကို​ရေး၍ လက်​ဝါး​ကပ်​တိုင်​တော်၌ တပ်​လေ၏။ လိပ်​စာ​ချက်​ဟူ​မူ​ကား၊ ယု​ဒ​ရှင်​ဘု​ရင်၊ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ဟု ရေး​ထား​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

19 ပိလတ်​မင်း​သည် ကမ္ပည်း​ကို​လည်း ရေး​ထိုး​၍ လက်ဝါးကပ်တိုင်​ပေါ်မှာ​တပ်​ထား​၏။ ထို​ကမ္ပည်း​တွင် “ဂျူး​လူမျိုး​တို့​၏​ဘုရင်၊ နာဇရက်​မြို့သား​ယေရှု”​ဟု ရေး​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

19 ပိ​လတ်​မင်း​သည်​ကမ္ပည်း​လိပ်​စာ​ရေး​၍​ကိုယ်​တော် ၏​လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ​ကပ်​ထား​စေ​၏။ ထို ကမ္ပည်း​လိပ်​စာ​ကား ``ယု​ဒ​ဘု​ရင်၊ နာ​ဇ​ရက်​မြို့ သား​ယေ​ရှု'' ဟူ​၍​ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန်ခရစ်ဝင် 19:19
14 ပူးပေါင်းရင်းမြစ်များ  

ခ​ရစ်​တော်​ကို နာ​ဇ​ရက်​လူ​ဟု ခေါ်​ဝေါ်​ကြ​လ​တ္တံ့​ဟူ​သော ပ​ရော​ဖက်​တို့၏ နှုတ်​ထွက်​နှင့်​အ​ညီ၊ နာ​ဇ​ရက်​အ​မည်​ရှိ​သော​မြို့​သို့ ရောက်၍ အ​မြဲ​နေ​လေ၏။-


အ​ပြစ်​ဖော်​ပြ​သော က​မ္ပည်း​လိပ်​စာ​ချက်​ဟူ​မူ​ကား၊ ဤ​သူ​သည် ယု​ဒ​ရှင်​ဘု​ရင် ယေ​ရှု​ပေ​တည်း​ဟု​ရေး၍ ခေါင်း​တော်​ပေါ်​မှာ တပ်​သ​တည်း။-


အ​ပြစ်​ဖော်​ပြ​သော က​မ္ပည်း​လိပ်​စာ​ချက် ဟူ​မူ​ကား၊ ယု​ဒ​ရှင်​ဘု​ရင်​ဟု ရေး​ထား​သ​တည်း။-


နာ​ဇ​ရက်​မြို့​သား​ယေ​ရှု ကြွ​သွား​ကြောင်း​ကို သူ​တစ်​ပါး​ပြော​လျှင်၊-


ခေါင်း​တော်​ပေါ်​မှာ​တပ်၍ အ​ပြစ်​ဖော်​ပြ​သော က​မ္ပည်း​လိပ်​စာ​ချက်​ဟူ​မူ​ကား၊ ဤ​သူ​သည် ယု​ဒ​ရှင် ဘု​ရင်​ပေ​တည်း​ဟု ဟေ​ဗြဲ​ဘာ​သာ၊ ဟေ​လ​သ​ဘာ​သာ၊ ရော​မ​ဘာ​သာ​အား​ဖြင့်​ရေး၍ ခေါင်း​တော်​ပေါ်​မှာ တပ်​သ​တည်း။


အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ၏၊ ဣ​သ​ရေ​လ​လူ​တို့၏ ရှင်​ဘု​ရင်​လည်း ဖြစ်​တော်​မူ၏​ဟု နာ​သ​နေ​လ​လျှောက်​လေ၏။-


ပိ​လတ်​မင်း​သည် အိမ်​တော်​ဦး​ထဲ​သို့ တစ်​ဖန်​ဝင်၍​ယေ​ရှု​ကို​ခေါ်​ပြီး​လျှင်၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင် မှန်​သ​လော​ဟု​မေး၏။-


ထို​အ​ခါ​မှ​စ၍ ပိ​လတ်​မင်း​သည် ကိုယ်​တော်​ကို​လွှတ်​ခြင်း​ငှာ ရှာ​ကြံ​လေ၏။ ယု​ဒ​လူ​တို့​က​လည်း၊ ထို​သူ​ကို​လွှတ်​လျှင် ကိုယ်​တော်​သည် ကဲ​သာ​ဘု​ရင်၏​အ​ဆွေ မ​ဟုတ်​ပါ။ ရှင်​ဘု​ရင်​လုပ်​သော​သူ​မည်​သည်​ကား၊ ကဲ​သာ​ဘု​ရင်၏​ရန်​သူ​ဖြစ်​ပါ​သည်​ဟု လျှောက်​ကြ၏။


ထို​နေ့​အ​ချိန်​ကား၊ ပ​သ​ခါ​အ​ဖိတ်​နေ့ တစ်​ချက်​တီး​အ​ချိန်​လောက်​ရှိ၏။ ပိ​လတ်​မင်း​က​လည်၊ သင်​တို့၏ ရှင်​ဘု​ရင်​ကို ကြည့်​ကြ​လော့​ဟု ယု​ဒ​လူ​တို့​အား ပြော​ဆို​လျှင်၊-


ထို​ကြောင့် ယု​ဒ​ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် ပိ​လတ်​မင်း​ထံ​သို့​ဝင်၍၊ ယု​ဒ​ရှင်​ဘု​ရင်​ဟု မ​ရေး​ပါ​နှင့်။ ငါ​သည်​ယု​ဒ​ရှင်​ဘု​ရင်​ဖြစ်​သည်​ဟု သူ​ဆို​ကြောင်း​ကို ရေး​တော်​မူ​ပါ​ဟု လျှောက်​ကြ​လျှင်၊-


ယု​ဒ​ရှင်​ဘု​ရင်၊ ကိုယ်​တော်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု​ဆို၍ ရိုက်​ပုတ်​ကြ၏။-


နာ​ဇ​ရက်​မြို့​သား ယေ​ရှု၏ နာ​မ​တော်​နှင့် ဆန့်​ကျင်​သော အ​မှု​များ​ကို ပြု​ကောင်း၏​ဟု အ​ကျွန်ုပ်​သည် စိတ်​ထင်​လျက်၊-


ပေ​တ​ရု​က​လည်း၊ ငါ၌​ရွှေ​ငွေ​မ​ရှိ။ ရှိ​သည်​အ​ရာ​ကို သင့်​အား​ငါ​ပေး​မည်။ နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​အား​ဖြင့် ထ​၍​လှမ်း​သွား​လော့​ဟု​ဆို​လျက်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ