Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်ယောဟန်ခရစ်ဝင် 11:38 - Judson Bible in Zawgyi Version

38 တစ်​ဖန်​ယေ​ရှု​သည် အ​လွန်​ညှိုး​ငယ်​သော​စိတ်​နှင့် သင်္ချိုင်း​တွင်း​သို့ ရောက်​တော်​မူ၏။ ထို​တွင်း​သည် မြေ​တွင်း​ဖြစ်၏။ ကျောက်​နှင့် ပိတ်​ထား၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

38 ထို့နောက် ယေရှု​သည် နောက်တစ်ဖန် ရင်​တွင်း​၌ ညည်းတွား​လျက် သင်္ချိုင်း​ဂူ​သို့​ကြွ​တော်မူ​၏။ ထို​သင်္ချိုင်းဂူ​သည် ကျောက်​လိုဏ်ဂူ​ဖြစ်​ပြီး အဝင်​ဝ​ကို ကျောက်တုံး​ဖြင့်​ပိတ်​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

38 သ​ခင်​ယေ​ရှု​သည်​တစ်​ဖန်​စိတ်​တော်​အ​လွန် လှုပ်​ရှား​လျက်​သင်္ချိုင်း​ဂူ​သို့​ကြွ​တော်​မူ​၏။ ထို ဂူ​၏​အ​ဝင်​ဝ​ကို​ကျောက်​တုံး​ဖြင့်​ပိတ်​ထား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန်ခရစ်ဝင် 11:38
12 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​မှ​အာ​ဗြ​ဟံ​သည်၊ မံ​ရေ​မြို့​ရှေ့​မှာ၊ မ​ပ္ပေ​လ​လယ်​ပြင်​မြေ​တွင်း၌ မ​ယား​စာ​ရာ​ကို သင်္ဂြိုဟ်​ရ​လေ၏။ ထို​အရပ်​ကား၊ ခါ​နာန်​ပြည် ဟေ​ဗြုန်​အ​ရပ်​ဖြစ်​သ​တည်း။


မြင့်​သော​အ​ရပ်၌ ကိုယ်​သင်္ချိုင်း​တွင်း​ကို ထွင်း၍၊ ကိုယ်​နေ​ရာ​ကို ကျောက်၌​ထု​လုပ်​သော​သူ၊ သင်​သည် ဤ​အ​ရပ်၌ သင်္ချိုင်း​တွင်း​ကို ကိုယ်​အ​ဖို့​ထွင်း​စေ​ခြင်း​ငှာ၊ ဤ​အ​ရပ်​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ဤ​အ​ရပ်​သား​တို့​တွင် အ​ဘယ်​သူ​နှ​င့် ဆိုင်​သ​နည်း။


သို့​ဖြစ်၍၊ အ​ချင်း​လူ​သား၊ ညည်း​တွား​သံ​ကို ပြု​လော့။ ခါး​ကျိုး​လျက်၊ နှ​လုံး​ကြေ​ကွဲ​လျက်၊ သူ​တို့​ရှေ့​မှာ ညည်း​တွား​သံ​ကို ပြု​လော့။


ထာ​ဝ​ရ​ဘု​ရား​က၊ ယေ​ရု​ရှ​လင်​မြို့​အ​လယ်၌ လျှောက်​သွား​လော့။ မြို့​ထဲ၌ ပြု​သ​မျှ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကြောင့်၊ ညည်း​တွား​ငို​ကြွေး​သော​သူ​တို့၏ န​ဖူး​ကို​ထိုး​မှတ်​လော့ ဟူ၍​လည်း​ကောင်း၊


ကျောက်၌ ထွင်း​သော မိ​မိ​သင်္ချိုင်း​တွင်း​သစ်​ထဲ​မှာ ထား​လေ၏။ ကြီး​စွာ​သော ကျောက်​ကို​လည်း တွင်း​ဝ၌ လှိမ့်​ထား​ပြီး​မှ သွား၏။-


ထို​သူ​တို့​သည် သွား၍ ကျောက်​ကို တံ​ဆိပ်​ခတ်​ပြီး​လျှင် အ​စောင့်​ထား​လျက် သင်္ချိုင်း​တွင်း​တော်​ကို လုံ​ခြုံ​စွာ​ပြု​ကြ၏။


ယော​သပ်​သည် ကိုယ်​တော်​ကို​ချ၍၊ မိ​မိ​ဝယ်​ခဲ့​သော ပိတ်​ချော​နှင့်​ပတ်​ရစ်​ပြီး​လျှင်၊ ကျောက်၌​ထွင်း​သော သင်္ချိုင်း​တွင်း​ထဲ​မှာ​ထား၍ တွင်း၌ ကျောက်​ကို လှိမ့်​ထား​လေ၏။-


ကိုယ်​တော်​သည် စိတ်​နှ​လုံး​ညည်း​တွား​သံ​ကို ပြု​တော်​မူ​လျက်၊ ဤ​လူ​မျိုး​သည် နိ​မိတ်​လ​က္ခ​ဏာ​ကို အဘယ်​ကြောင့် တောင်းသနည်း။ ငါ​အ​မှန်​ဆို​သည်​ကား၊ ဤလူမျိုးအားနိ​မိတ်​လ​က္ခ​ဏာ​ကို မ​ပြရ​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊-


ရောက်​သော​အ​ခါ တွင်း​ဝ၌ ပိတ်​သော​ကျောက်​သည် လိမ့်​လှန်​လျက်​ရှိ​သည်​ကို တွေ့​မြင်၍ အ​တွင်း​သို့​ဝင်​သော်၊-


မာ​ရိ​မှ​စ၍ လိုက်​လာ​သော​ယု​ဒ​လူ​တို့​သည် ငို​ကြွေး​သည်​ကို ယေ​ရှု​သည်​မြင်​တော်​မူ​သော​အ​ခါ၊ အ​လွန်​ညှိုး​ငယ်​ခြင်း၊ စိတ်​ပူ​ပန်​ခြင်း​ရှိ၍၊-


ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက်၊ မိုး​မ​လင်း​မီ စော​စော​အ​ချိန်၌ မာ​ဂ​ဒ​လ​မာ​ရိ​သည် သင်္ချိုင်း​တော်​သို့ သွား၍ တွင်း​ဝ၌​ပိတ်​သော ကျောက်​သည် ရွှေ့​လျက်​ရှိ​သည်​ကို မြင်​လျှင်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ