Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်ယောဟန်ခရစ်ဝင် 11:3 - Judson Bible in Zawgyi Version

3 ညီ​အစ်​မ​တို့​သည် အ​ထံ​တော်​သို့​စေ​လွှတ်၍၊ သ​ခင်၊ ကိုယ်​တော်​ချစ်​တော်​မူ​သော​သူ​သည် နာ​လျက်​နေ​ပါ​သည်​ဟု လျှောက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 ထို့ကြောင့် ထို​ညီအစ်မ​တို့​သည် ကိုယ်တော်​ထံသို့ လူ​ကို​စေလွှတ်​၍ “သခင်​ဘုရား၊ ကိုယ်တော်​ချစ်ခင်​တော်မူ​သော​သူ​သည် နာမကျန်း​ဖြစ်​နေ​ပါ​သည်”​ဟု လျှောက်ထား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3 ညီ​အစ်​မ​နှစ်​ယောက်​တို့​က ``အ​ရှင်၊ အ​ရှင် ချစ်​တော်​မူ​သော​သူ​သည်​ဖျား​နာ​လျက်​နေ ပါ​၏'' ဟု​သ​ခင်​ယေ​ရှု​ထံ​သို့​သ​တင်း​ပေး ပို့​လိုက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန်ခရစ်ဝင် 11:3
16 ပူးပေါင်းရင်းမြစ်များ  

သင်​သည် အ​လွန်​ချစ်​သော​တစ်​ယောက်​တည်း​သော သား​ဣ​ဇာက်​ကို​ယူ၍၊ မော​ရိ​ပြည်​သို့​သွား​လော့။ ငါ​ပြ​လ​တ္တံ့​သော​တောင်​ပေါ်​မှာ၊ သူ့​ကို​မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​လော့​ဟု မိန့်​တော်​မူ၏။


ပြည်​တော်၌​နေ​သော​သန့်​ရှင်း​သူ​နှင့် ထူး​ဆန်း​သော​သူ​တို့​ကို​သာ နှစ်​သက်​ပါ၏။


သ​ခင်​ဘု​ရား​သည် ထို​မိန်း​မ​ကို​မြင်​လျှင် သ​နား​ခြင်း​စိတ်​တော်​ရှိ၍၊ မ​ငို​နှင့်​ဟု မိန့်​တော်​မူ​လျက် အ​နီး​သို့​ကြွ၍ တ​လား​ကို လက်​နှင့်​တို့​တော်​မူ​သ​ဖြင့်၊ ထမ်း​သော​သူ​တို့​သည် ရပ်၍​နေ​ကြ၏၊-


ညီ​အစ်​မ မာ​ရိ​နှင့် မာ​သ​တို့​နေ​သော ဗေ​သ​နိ​ရွာ​သား၊ လာ​ဇ​ရု​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည် နာ​လျက်​နေ​လေ၏။-


ငါ​တို့​အ​ဆွေ လာ​ဇ​ရု​သည် အိပ်​ပျော်၏။ သူ့​ကို​နှိုး​ခြင်း​အ​လို​ငှာ ငါ​သွား​မည်​ဟု မိန့်​တော်​မူ၏။-


နာ​လျက်​နေ​သော လာ​ဇ​ရု၏​နှ​မ​မာ​ရိ​ကား၊ သ​ခင်​ဘု​ရား​ကို ဆီ​မွှေး​နှင့်​လိမ်း၍ ခြေ​တော်​ကို မိ​မိ​ဆံ​ပင်​နှင့်​သုတ်​သော မာ​ရိ ဖြစ်​သ​တည်း။-


မာ​ရိ​မူ​ကား​အိမ်၌ ထိုင်​လျက်​နေ​ရစ်၏။ မာ​သ​က၊ သ​ခင်၊ ကိုယ်​တော်​ရှိ​တော်​မူ​လျှင် ကျွန်​မ၏​မောင် မ​သေ​ပါ။-


ယု​ဒ​လူ​တို့​က၊ ကြည့်​ပါ၊ လာ​ဇ​ရု​ကို အ​လွန်​ချစ်​တော်​မူ​ပါ​သည်​တ​ကား​ဟု ဆို​ကြ၏။-


ယေ​ရှု​သည် မာ​သ​ကို​လည်း​ကောင်း၊ သူ၏​ညီ​မ​နှင့် လာ​ဇ​ရု​ကို​လည်း​ကောင်း ချစ်​တော်​မူ၏။-


သင်​တို့​သည် ငါ့​ကို အ​ရှင်​ဘု​ရား​ဟူ၍​လည်း​ကောင်း၊ သ​ခင်​ဟူ၍​လည်း​ကောင်း ခေါ်​တတ်​ကြ၏။ ထို​စ​ကား​သည်​လည်း ဟုတ်​မှန်​သော​စ​ကား​ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​ခေါ်​ကြ​သည်​အ​တိုင်း ငါ​မှန်၏။-


ယေ​ရှု​ချစ်​တော်​မူ​သော တ​ပည့်​တော်​သည် ရင်​ခွင်​တော်​နား​မှာ လျောင်း​သ​ဖြင့်၊-


ဧ​ရ​က္ကု​သည် ကော​ရိ​န်သု​မြို့၌​နေ၏။ တ​ရော​ဖိမ်​သည် နာ၍ မိ​လက်​မြို့၌​ငါ​ထား​ခဲ့၏။-


ငါ​ချစ်​သ​မျှ​သော သူ​တို့၏​အ​ပြစ်​ကို ငါ​စစ်​ဆေး၍ သူ​တို့​ကို​ဆုံး​မ​တတ်၏။ ထို​ကြောင့် ကိုယ်​စိတ်​ကို ကိုယ်​နှိုး​ဆော်​လော့။ နောင်​တ​ရ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ