Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်ယောဟန်ခရစ်ဝင် 1:32 - Judson Bible in Zawgyi Version

32 ထို​မှ​တစ်​ပါး ဝိ​ညာဉ်​တော်​သည်​ကောင်း​ကင်​မှ ချိုး​ငှက်​ကဲ့​သို့ ဆင်း​သက်၍ ထို​သူ၏​အ​ပေါ်၌ နား​တော်​မူ​သည်​ကို ငါ​မြင်​ရ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

32 တစ်ဖန် ယောဟန်​သည် သက်သေခံ​သည်​ကား “ဝိညာဉ်​တော်​သည် ချိုးငှက်​ကဲ့သို့ ကောင်းကင်​မှ​ဆင်းသက်​၍ သူ့​အပေါ်၌​တည်​တော်မူ​သည်​ကို ငါ​မြင်​ရ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

32 ထို​နောက်​ယော​ဟန်​က ``ဝိ​ညာဉ်​တော်​သည် ကောင်း​ကင်​မှ​ချိုး​ငှက်​အ​သွင်​ဖြင့်​ဆင်း​သက်​၍ ကိုယ်​တော်​၏​အ​ပေါ်​မှာ​နား​သည်​ကို​ငါ​မြင် ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန်ခရစ်ဝင် 1:32
7 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​တည်း​ဟူ​သော ဉာဏ်​ပ​ညာ​ကို ပေး​သော​ဝိ​ညာဉ်၊ ကြံ​စည်​တတ်​စွမ်း​နိုင်​သော​သ​တ္တိ​ကို ပေး​သော​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို​သိ၍ ကြောက်​ရွံ့​သော​သ​ဘော​ကို​ပေး​သော ဝိ​ညာဉ်​တော်​သည် ထို​သူ​အ​ပေါ်​မှာ ကျိန်း​ဝပ်​တော်​မူ​လိမ့်​မည်။


ယေ​ရှု​သည် ဗ​တ္တိ​ဇံ​ကို​ခံ​တော်​မူ​ပြီး​လျှင် ရေ​မှ​ပေါ်​ထ​စဉ်​တွင်၊ ကောင်း​ကင်​ဖွင့်​လှစ်​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​သည် ချိုး​ငှက်​ကဲ့​သို့ ဆင်း​သက်၍ ကိုယ်​တော်​အ​ပေါ်၌ နား​တော်​မူ​သည်​ကို မြင်​ရ၍၊


ရေ​မှ​ပေါ်​ထ​စဉ်​တွင် ကောင်း​ကင်​ကွဲ၍ ဝိ​ညာဉ်​တော်​သည် ချိုး​ငှက်​ကဲ့​သို့ ကိုယ်​တော်​အ​ပေါ်၌ ဆင်း​သက်​တော်​မူ​သည်​ကို မြင်​ရ၍၊-


သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ချိုး​ငှက်​ကဲ့​သို့ ကိုယ်​ထင်​ရှား​လျက် ကိုယ်​တော်​အ​ပေါ်၌ ဆင်း​သက်​တော်​မူ၍၊ သင်​ကား၊ ငါ​နှစ်​သက်​မြတ်​နိုး​ရာ၊ ငါ၏​ချစ်​သား​ပေ​တည်း​ဟု ကောင်း​ကင်​က အ​သံ​တော်​ဖြစ်​လေ၏။


အ​စ​က ထို​သူ​ကို​ငါ​မ​သိ။ သို့​သော်​လည်း ထို​သူ​ကို ဣ​သ​ရေ​လ​လူ​တို့​အား ထင်​ရှား​စေ​ခြင်း​ငှာ ငါ​သည် ရေ၌ ဗ​တ္တိ​ဇံ​ကို​ပေး​လျက်​လာ၏။-


ထို​သူ​ကို​လူ​အ​ပေါင်း​တို့​သည် အ​မှီ​ပြု၍ ယုံ​ကြည်​ခြင်း​သို့ ရောက်​မည်​အ​ကြောင်း ထို​သူ​သည် သက်​သေ​ခံ​ဖြစ်၍၊ အ​လင်း​တော်၏​အ​ကြောင်း​ကို သက်​သေ​ခံ​ခြင်း​ငှာ​လာ၏။-


ငါ၏​အ​ကြောင်း​ကို သက်​သေ​ခံ​သော​သူ တစ်​ပါး​ရှိ​သေး၏။ ထို​သူ၏​သက်​သေ​တည်​ကြောင်း​ကို ငါ​သိ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ