Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 9:13 - Judson Bible in Zawgyi Version

13 ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်၊ သူ​တို့၌ ငါ​ပေး​သော​တ​ရား​ကို မ​ကျင့်​မ​စောင့်​ဘဲ စွန့်​ပစ်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 ထာဝရဘုရား​က “​သူ​တို့​သည် ငါ​ပေး​ထား​သော​ပညတ်တရား​ကို စွန့်ပယ်​ကြ​၏​။ ငါ့​စကား​ကို​နား​မ​ထောင်​၊ ငါ့​စကား​အတိုင်း မ​လိုက်လျှောက်​ဘဲ

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

13 ထာ​ဝ​ရ​ဘု​ရား​က``ဤ​အ​မှု​အ​ရာ​ဖြစ်​ပျက် လာ​သည်​မှာ ငါ​၏​လူ​မျိုး​တော်​သည်​မိ​မိ​တို့ အား​ငါ​ပေး​အပ်​ခဲ့​သည့်​သြ​ဝါ​ဒ​ကို​စွန့်​ပယ် ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​ငါ​၏ စ​ကား​ကို​နား​မ​ထောင်။ ငါ​ပြော​ဆို​သည့် အ​တိုင်း​လည်း​မ​ပြု​မ​လုပ်​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 9:13
11 ပူးပေါင်းရင်းမြစ်များ  

သို့​မ​ဟုတ် သင်​တို့​သည် လမ်း​လွဲ၍ ငါ​မှာ​ထား​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စွန့်​ပယ်​သ​ဖြင့်၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​ထံ​သို့​သွား၍ ဝတ်​ပြု​ကိုး​ကွယ်​လျှင်၊


ယ​ခု​လည်း အို​အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်၊ ဤ​သို့ ပြု​မိ​ပြီး​မှ၊


တ​ရား​တော်​ကို စွန့်​ပယ်​သော အ​ဓ​မ္မ​လူ​တို့​ကြောင့်၊ အ​ကျွန်ုပ်၌ ပူ​လောင်​သော​စိတ် စွဲ​လန်း​လျက် ရှိ​ပါ၏။


တ​ရား​ကို​ဖျက်​သော​သူ​သည် မ​တ​ရား​သော​သူ​တို့​ကို ချီး​မွမ်း​တတ်၏။ တ​ရား​ကို​စောင့်​သော​သူ​မူ​ကား၊ သူ​တို့​နှင့် ဆန့်​ကျင်​ဘက် ပြု​တတ်၏။


ငါ့​စ​ကား​ကို နား​မ​ထောင်၊ မိ​မိ​စိတ်​နှ​လုံး ခိုင်​မာ​သော​သ​ဘော​အ​တိုင်း​ကျင့်၍၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​ငှာ လိုက်​သွား​သော ဤ​လူ​ဆိုး​မျိုး​သည်၊ အ​သုံး​မ​ရ​သော ဤ​ခါး​ပန်း​ကဲ့​သို့​ဖြစ်​လိမ့်​မည်။


ဤ​မြို့​သား​တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​ကို စွန့်​ပစ်၍၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို ဝတ်​ပြု​ကိုး​ကွယ်​ကြ​သော​ကြောင့်၊ ဤ​သို့​ပြု​တော်​မူ​သည်​ဟု ပြန်​ပြော​ကြ​လိမ့်​မည်။


သူ​တို့​က​လည်း၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ငါ​တို့၌ ဤ​အ​မှု​အ​လုံး​စုံ​တို့​ကို အ​ဘယ်​ကြောင့် စီ​ရင်​တော်​မူ​သ​နည်း​ဟု မေး​ကြ​သော​အ​ခါ၊ သင်​တို့​သည် ငါ့​ကို​စွန့်​ပစ်၍၊ ကိုယ်​ပိုင်​သော​ပြည်၌ တစ်​ကျွန်း​တစ်​နိုင်​ငံ​ဘု​ရား​တို့၏​အ​မှု​ကို ဆောင်​ရွက်​သ​ကဲ့​သို့၊ ကိုယ်​မ​ပိုင်​သော​ပြည်၌ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့၏​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ​လိမ့်​မည်​ဟု၊ သင်​သည် သူ​တို့​အား​ဆင့်​ဆို​ရ​မည်။


သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်၊ မ​နာ​မ​ယူ​ဘဲ​နေ၍ မိ​မိ​တို့​လည်​ပင်း​ကို ခိုင်​မာ​စေ​သ​ဖြင့်၊ အ​ဘ​များ​ထက် သာ၍​ဆိုး​သွမ်း​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ