ယေရမိ 7:32 - Judson Bible in Zawgyi Version32 သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုချိုင့်ကိုတောဘက်ချိုင့်ဟူ၍ မခေါ်၊ ဟိန္နုံသား၏ချိုင့်ဟူ၍ မခေါ်၊ ကွပ်မျက်ရာချိုင့်ဟူ၍ခေါ်ရသော အချိန်ကာလရောက်လိမ့်မည်။ တောဘက်၌ မြေလွတ်မရှိသည်တိုင်အောင် သင်္ဂြိုဟ်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်32 သို့ဖြစ်၍ ထာဝရဘုရားက “ထိုအရပ်ကို တောဖက်အရပ်ဟူ၍လည်းကောင်း၊ ဟိန္နုံချိုင့်ဝှမ်းဟူ၍လည်းကောင်း မခေါ်တော့ဘဲ ကွပ်မျက်ရာချိုင့်ဝှမ်းဟု ခေါ်ရသောနေ့ရက်ရောက်လာလိမ့်မည်။ အကြောင်းမူကား တောဖက်အရပ်၌ နေရာလပ်မရှိတော့သည့်တိုင်အောင် လူသေကောင်များ များပြားလိမ့်မည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version32 သို့ဖြစ်၍ထိုချိုင့်ဝှမ်းသည်တောဖက်ဟူ၍ သော်လည်းကောင်း၊ ဟိန္နုံဟူ၍သော်လည်းကောင်း နာမည်မတွင်တော့မည့်နေ့ရက်ကာလကျ ရောက်လာလိမ့်မည်။ လူသေတို့ကိုသင်္ဂြိုဟ်ရန် နေရာမရှိတော့သည့်တိုင်အောင် ထိုချိုင့်ဝှမ်း တွင်သင်္ဂြိုဟ်ရသောကြောင့် ထိုချိုင့်ဝှမ်းကိုကွပ် မျက်ရာချိုင့်ဟုခေါ်ဝေါ်သမုတ်ကြလိမ့် မည်ဟုထာဝရဘုရားမိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
အကြင်အိမ်မိုးအပေါ်မှာ ကောင်းကင်တန်ဆာရှိသမျှတို့အား နံ့သာပေါင်းကို မီးရှို့၍၊ အခြားတစ်ပါးသော ဘုရားများရှေ့၌ သွန်းလောင်းရာ ပူဇော်သကာပြု၏။ ထိုအိမ်ရှိသမျှတို့နှင့်တကွ ယေရုရှလင်မြို့အိမ်များ၊ ယုဒရှင်ဘုရင်၏ နန်းတော်များတို့သည် တောဘက်အရပ်ကဲ့သို့ မစင်ကြယ်ဖြစ်ရကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မှာထားတော်မူ၏။
အရှေ့ဘက်မြင်းတံခါးရှိသော မြို့ထောင့်တိုင်အောင်၊ အသေကောင်များ၊ ပြာများစွန့်ပစ်ရာချိုင့် တစ်လျှောက်လုံးနှင့်၊ ကေဒြုန်ချောင်းအတွင်းတွင်၊ လယ်ပြင်ရှိသမျှတို့သည် ထာဝရဘုရားအဖို့ သန့်ရှင်းကြလိမ့်မည်။ နောက်တစ်ဖန် နုတ်ပယ်ဖြိုချခြင်း အလျှင်းမရှိရဟု မိန့်တော်မူ၏။