Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 52:33 - Judson Bible in Zawgyi Version

33 ယေ​ခေါ​နိ​မင်း​သည် ထောင်​ထဲ​မှာ​ဝတ်​သော အ​ဝတ်​ကို​လဲ၍၊ အ​သက်​ရှည်​သ​မျှ​ကာ​လ​ပတ်​လုံး အ​စဉ်​မ​ပြတ် အ​ထံ​တော်၌ စား​သောက်​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

33 ဤသို့ဖြင့် ယောယခိမ်​မင်းကြီး​သည် ထောင်​အဝတ်​ကို​လဲ​၍ အသက်ရှင်​သမျှ​ကာလ​ပတ်လုံး နေ့စဉ်​ဘေဘီလုံ​ဘုရင်​ထံ၌ စားသောက်​ခွင့်​ရ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

33 သို့​ဖြစ်​၍​ယေ​ခေါ​နိ​သည်​ထောင်​အ​ဝတ်​များ ကို​လဲ​ခွင့်​ရ​လျက် အ​သက်​ရှင်​သ​မျှ​ကာ​လ ပတ်​လုံး​မင်း​ကြီး​နှင့်​အ​တူ​ပွဲ​တော်​တည် ခွင့်​ကို​ရ​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 52:33
9 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ဖာ​ရော​မင်း​သည်​လူ​ကို​စေ​လွှတ်​၍ ယော​သပ်​ကို ခေါ်​တော်​မူ၏။ ယော​သပ်​သည် ထောင်​ထဲ​က​အ​လျင်​အ​မြန်​ထွက်​ရ၍၊ မုတ်​ဆိတ်​ညှပ်​ခြင်း၊ အ​ဝတ်​လဲ​ခြင်း​ကို​ပြု​ပြီး​မှ အ​ထံ​တော်​သို့​ဝင်​ရ​၏။


လက်​စွပ်​တော်​ကို​ချွတ်၍ ယော​သပ်​လက်၌​စွပ်​စေ​တော်​မူ၏။ ပိတ်​ချော​အ​ဝတ်​ကို​လည်း​ဝတ်​စေ၍၊ လည်​ပင်း၌ ရွှေ​စ​လွယ်​ကို​ဆွဲ​ပြီး​လျှင်၊


ထို​သို့ မေ​ဖိ​ဗော​ရှက်​သည် ယေ​ရု​ရှ​လင်​မြို့၌​နေ၍ ရှင်​ဘု​ရင်၏​စား​ပွဲ​တော်၌ နေ့​တိုင်း​အ​စဉ်​စား​ရ၏။ ခြေ​နှစ်​ဖက်​ဆွံ့​သော​သူ​ဖြစ်၏။


ဒါ​ဝိဒ်​က​လည်း မ​စိုး​ရိမ်​နှင့်။ သင်၏​အ​ဘ ယော​န​သန်​အ​တွက် ငါ​သည်​သင်၌ ဆက်​ဆက်​ကျေး​ဇူး​ပြု​မည်။ သင့်​အ​ဖို့ ရှော​လု​ပိုင်​သ​မျှ​သော​မြေ​ကို ငါ​ပြန်​ပေး​မည်။ သင်​သည် နေ့​တိုင်း​အ​စဉ် ငါ့​စား​ပွဲ၌ စား​ရ​မည်​ဟု​ဆို​သော်၊


ဂိ​လဒ်​ပြည်​သား ဗာ​ဇိ​လဲ၏​သား​တို့​ကို​ကား ကျေး​ဇူး​ပြု၍ စား​ပွဲ​တော်၌ စား​သော​လူ​စု​ထဲ​သို့ ဝင်​စေ​လော့။ သင့်​အစ်​ကို​အ​ဗ​ရှ​လုံ​ကြောင့် ငါ​ပြေး​ရ​သော​အ​ခါ၊ သူ​တို့​သည် ထို​သို့​သော​ကျေး​ဇူး​ကို​ပြု၍ ငါ့​ထံ​သို့​လာ​ကြ၏။


ယေ​ခေါ​နိ​မင်း​သည် ထောင်​ထဲ​မှာ​ဝတ်​သော အ​ဝတ်​ကို​လဲ၍၊ အ​သက်​ရှည်​သ​မျှ​ကာ​လ​ပတ်​လုံး အ​စဉ်​မ​ပြတ် အ​ထံ​တော်၌ စား​သောက်​ရ၏။


ထို​အ​ခါ အ​ကျွန်ုပ်​ညည်း​တွား​မြည်​တမ်း​ခြင်း​ကို က​ခုန်​ခြင်း​ဖြစ်​စေ​တော်​မူ၏။ အ​ကျွန်ုပ်​ဝတ်​သော လျှော်​တေ​အ​ဝတ်​ကို​ချွတ်၍၊ ဝမ်း​မြောက်​ခြင်း​ခါး​ပန်း​နှင့် စည်း​တော်​မူ၏။


ကောင်း​ကင်​တ​မန်​က၊ ညစ်​ညူး​သော​အ​ဝတ်​ကို ချွတ်​ပယ်​ကြ​လော့​ဟု မိ​မိ​ရှေ့​မှာ ရပ်​နေ​သော အ​ခြား​သူ​တို့​အား ဆို၏။ ယော​ရှု​အား​လည်း၊ သင့်​အ​ပြစ်​ကို ငါ​ဖြေ​ရှင်း​ပြီ။ တင့်​တယ်​သော အ​ဝတ်​ကို ဝတ်​စေ​မည်​ဟု ဆို၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ