Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 52:12 - Judson Bible in Zawgyi Version

12 ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ နန်း​စံ​တစ်​ဆယ်​ကိုး​နှစ်၊ ပ​ဉ္စ​မ​လ ဆယ်​ရက်​နေ့​တွင်၊ အ​မှု​တော်​ထမ်း​ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် ယေ​ရု​ရှ​လင်​မြို့​သို့​လာ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

12 ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး နန်းစံ​တစ်ဆယ့်ကိုး​နှစ်​၊ ပဉ္စမ​လ​၊ ဆယ်​ရက်​နေ့​၌ ဘေဘီလုံ​ဘုရင်​ထံပါး​၌​ခစား​သော ကိုယ်ရံတော်မှူး​နေဗုဇာရဒန်​သည် ဂျေရုဆလင်​မြို့​သို့ ရောက်လာ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

12 ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​နန်း​စံ​တစ် ဆယ့်​ကိုး​နှစ်​မြောက်၊ ပဉ္စ​မ​လ​ဆယ်​ရက်​နေ့​၌ မင်း​ကြီး​၏​အ​တိုင်​ပင်​ခံ​အ​မတ်​နှင့်​အ​စောင့် တပ်​မ​တော်​မှူး​နေ​ဗု​ဇ​ရ​ဒန်​သည် ယေ​ရု​ရှ လင်​မြို့​သို့​ဝင်​ရောက်​လာ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 52:12
16 ပူးပေါင်းရင်းမြစ်များ  

ယော​သပ်​ကို​ကား၊ မိ​ဒျန်​လူ​တို့​သည် အဲ​ဂု​တ္တု​ပြည်​သို့​ဆောင်​သွား၍၊ ဖာ​ရော​ဘု​ရင်၏​အ​မတ်​ဖြစ်​သော ကိုယ်​ရံ​တော်​မှူး၊ ပေါ​တိ​ဖာ​ထံ​မှာ​ရောင်း​ကြ​၏။


ယု​ဒ​ရှင်​ဘု​ရင် ယေ​ခေါ​နိ​သည် မယ်​တော်​မှ​စ​သော ကျွန်၊ မှူး​မတ်၊ အ​ရာ​ရှိ​တို့​နှင့်​တ​ကွ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ထံ​သို့​ထွက်၍ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် နန်း​စံ​ရှစ်​နှစ်​တွင် ယု​ဒ​ရှင်​ဘု​ရင်​ကို​ရ၏။


ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​နန်း​စံ ဆယ်​ကိုး​နှစ်၊ ပ​ဉ္စ​မ​လ ခု​နစ်​ရက်​နေ့​တွင်၊ အ​မှု​တော်​ထမ်း​ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် ယေ​ရု​ရှ​လင်​မြို့​သို့​လာ၍၊


ငါ​တို့​ဘိုး​ဘေး​တို့​သည် ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင်၏ အ​မျက်​တော်​ကို နှိုး​ဆော်​သော​ကြောင့်၊ သူ​တို့​ကို ခါ​လ​ဒဲ​မင်း၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​လက်​သို့ အပ်​တော်​မူ​သ​ဖြင့်၊ ထို​ရှင်​ဘု​ရင်​သည် ဤ​အိမ်​တော်​ကို ဖျက်​ဆီး၍၊ ပြည်​သား​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား၏။


ငါ​သည် အ​လွန်​ကြောက်၍၊ ရှင်​ဘု​ရင် အ​သက်​တော် အ​စဉ်​အ​မြဲ​ရှင်​ပါ​စေ။ ကျွန်​တော်​ဘိုး​ဘေး သင်္ချိုင်း​ရှိ​ရာ​မြို့​သည် ပျက်​စီး​လျက်၊ မြို့​တံ​ခါး​လည်း မီး​လောင်၍ ကုန်​ပြီ​ဖြစ်​သော​ကြောင့်၊ ကျွန်​တော်​သည် မျက်​နှာ​မ​ညှိုး​ငယ်​ဘဲ အ​ဘယ်​သို့ နေ​နိုင်​ပါ​မည်​နည်း​ဟု လျှောက်​သော်၊


အို​ဘု​ရား​သ​ခင်၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် အ​မွေ​တော်​ထဲ​သို့​ဝင်​ပြီး​လျှင်၊ သန့်​ရှင်း​သော ဗိ​မာန်​တော်​ကို ညစ်​ညူး​စေ၍၊ ယေ​ရု​ရှ​လင်​မြို့​ကို ဖြို​ဖျက်​ကြ​ပါ​ပြီ။


ဤ​မြို့​ကို​တိုက်​သော ခါ​လ​ဒဲ​လူ​တို့​သည် ဝင်၍ မီး​ရှို့​ကြ​လိမ့်​မည်။ ငါ့​အ​မျက်​ကို​နှိုး​ဆော်​ခြင်း​ငှာ ဗာ​လ​ဘု​ရား​အ​ဖို့ အိမ်​မိုး​ပေါ်​မှာ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​အ​ဖို့ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို​ပြု​ရာ အိမ်​များ​နှင့်​တ​ကွ၊ တစ်​မြို့​လုံး​ကို မီး​လောင်​စေ​ကြ​လိမ့်​မည်။


ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ယေ​ရ​မိ​အ​မှု၌၊ ကိုယ်​ရံ​တော်​မှူး​နေ​ဗု​ဇာ​ရ​ဒန်​ကို မှာ​ထား​နှင့်​သည်​ကား၊


ထို​အ​ခါ ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် မြို့​ထဲ​မှာ​ကျန်​ကြွင်း​သော​သူ၊ ခါ​လ​ဒဲ​လူ​ဘက်​သို့ ကူး​သွား​နှင့်​သော​သူ၊ ကျန်​ကြွင်း​သ​မျှ​သော သူ​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​လေ၏။


ကိုယ်​ရံ​တော်​မှူး၌​ပါ​သော ခါ​လ​ဒဲ​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ရိုး ရှိ​သ​မျှ​တို့​ကို ဖြို​ဖျက်​ကြ၏။


တစ်​ဆယ်​ရှစ်​နှစ်​တွင်၊ လူ​ရှစ်​ရာ​သုံး​ဆယ်​နှစ်​ယောက်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​မှ သိမ်း​သွား​လေ၏။


ယု​ဒ​ရှင်​ဘု​ရင်​ယော​ယ​ကိမ် နန်း​စံ​သုံး​နှစ်​တွင်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ချီ​လာ၍ ဝန်း​ရံ​လေ၏။


ဒံ​ယေ​လ​က၊ ရှင်​ဘု​ရင်၏​အ​မိန့်​တော်​သည် အ​ဘယ်​ကြောင့် ဤ​မျှ​လောက် လျင်​မြန်​သ​နည်း​ဟု၊


ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ စ​တု​တ္ထ​လ​တွင် အ​စာ​ရှောင်​ခြင်း၊ ပ​ဉ္စ​မ​လ​တွင် အ​စာ​ရှောင်​ခြင်း၊ သ​တ္တ​မ​လ​တွင် အ​စာ​ရှောင်​ခြင်း၊ ဒ​သ​မ​လ​တွင် အ​စာ​ရှောင်​ခြင်း​တို့​သည် ယု​ဒ​အ​မျိုး​ဝမ်း​မြောက်​ရွှင်​လန်း၍ ပွဲ​လုပ်​ရာ​ကာ​လ ဖြစ်​ကြ​လိမ့်​မည်။ ဖြောင့်​မတ်​ခြင်း​တ​ရား၊ ငြိမ်​ဝပ်​ခြင်း​တ​ရား​ကို နှစ်​သက်​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ