ယေရမိ 51:62 - Judson Bible in Zawgyi Version62 ထိုအခါသင်က၊ အို ထာဝရဘုရား၊ ကိုယ်တော်သည် ဤအရပ်၌ လူမရှိ၊ တိရစ္ဆာန်မရှိ၊ အစဉ်မပြတ် ဆိတ်ညံရာအရပ် ဖြစ်စေ၍၊ သုတ်သင်ပယ်ရှင်းမည်အကြောင်းကို ခြိမ်းတော်မူပြီဟု လျှောက်ဆိုရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်62 ‘အို ထာဝရဘုရား၊ ကိုယ်တော်က ဤအရပ်ကို ငါဖျက်ဆီးပစ်မည်။ နေထိုင်သူမရှိ။ လူမှစ၍ တိရစ္ဆာန်လည်းမရှိ။ လူသူကင်းမဲ့ရာအရပ် အစဉ်ဖြစ်စေမည်ဟု ဤအရပ်နှင့်ပတ်သက်၍ မိန့်တော်မူခဲ့ပြီ’ဟူ၍ လျှောက်ဆိုရမည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version62 ထိုနောက်`အိုထာဝရဘုရား၊ ကိုယ်တော်ရှင် သည်ဤအရပ်ကိုလူနှင့်တိရစ္ဆာန်များပါ မကျန်၊ သက်ရှိသတ္တဝါတို့ဆိတ်သုဉ်းရာ သဲကန္တာရနှင့်ထာဝစဉ်တူစေမည်ဖြစ် ကြောင်းမိန့်တော်မူခဲ့ပါ၏' ဟုဆုတောင်း ပတ္ထနာပြုလော့။- အခန်းကိုကြည့်ပါ။ |
ဤပြည်နှင့် ပြည်သားများကိုလည်းကောင်း၊ ပတ်ဝန်းကျင်၌ရှိသော လူအမျိုးမျိုးတို့ကိုလည်းကောင်း စစ်တိုက်စေခြင်းငှာ၊ ငါ၏ကျွန် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာအစရှိသော မြောက်ပြည်သား အမျိုးမျိုးအပေါင်းတို့ကို ငါမှာလိုက်၍ ဆောင်ခဲ့ပြီးလျှင်၊ ရှင်းရှင်းဖျက်ဆီး၍၊ ဤပြည်သားတို့ကို အံ့ဩဖွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ အစဉ်အမြဲ လူဆိတ်ညံရာ ဖြစ်စေမည်။