ယေရမိ 51:44 - Judson Bible in Zawgyi Version44 ဗာဗုလုန်မြို့၌ ဗေလဘုရားကိုလည်း ငါသည် ဒဏ်ပေးမည်။ သူမျိုသောအရာတို့ကို တစ်ဖန် အန်စေမည်။ လူအမျိုးမျိုးတို့သည် နောက်တစ်ဖန် သူ့ထံမှာ မစည်းဝေးရကြ။ မြို့ရိုးလည်း ပြိုလဲလျက်ရှိရလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်44 ဘေဘီလုံမြို့ရှိ ဗေလဘုရားကို ငါဒဏ်ခတ်မည်။ သူဝါးမျိုခဲ့သမျှကို သူ့ပါးစပ်မှ ပြန်အန်ထုတ်စေမည်။ လူမျိုးတကာတို့သည် သူ့ကို ဆည်းကပ်ကြတော့မည်မဟုတ်။ ဘေဘီလုံမြို့ရိုးကြီး ပြိုလဲသွားလေပြီ။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version44 ငါသည်ဗာဗုလုန်မြို့၏ဗေလဘုရားကို အပြစ်ဒဏ်ခတ်၍ ခိုးရာပါပစ္စည်းများကို လည်းပြန်အပ်စေမည်။ လူမျိုးတကာတို့ သည်သူ့အားနောက်တစ်ဖန်ဝတ်ပြုကိုး ကွယ်ကြတော့မည်မဟုတ်။ ``ဗာဗုလုန်မြို့ရိုးများသည်ပြိုကျလေပြီ။- အခန်းကိုကြည့်ပါ။ |
ထိုကြောင့်၊ အရပ်ရပ်တို့၌နေ၍ အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသော လူအမျိုးမျိုးတို့တွင် တစ်စုံတစ်ယောက်သောသူသည်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ ဘုရားသခင်အား ပြစ်မှားသောစကားကို ပြောလျှင်၊ ထိုသူကို အပိုင်းပိုင်းစဉ်းစေ။ သူ၏အိမ်ကိုလည်း နောက်ချေးပုံဖြစ်စေဟု ငါအမိန့်တော်ရှိ၏။ အကြောင်းမူကား၊ ထိုမျှလောက်သော ကယ်တင်ခြင်းကို ထိုဘုရားသခင်မှတစ်ပါး အဘယ်ဘုရားမျှ မပြုနိုင်ဟု မိန့်တော်မူပြီးမှ၊
ပေးသနားတော်မူသော ထိုရွှေဘုန်းတော်မြတ်ကြောင့်၊ အရပ်ရပ်တို့၌နေ၍ အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသော လူမျိုးတကာတို့သည် ရှေ့တော်၌ ကြောက်ရွံ့တုန်လှုပ်လျက် နေကြ၏။ သတ်လိုသော သူတို့ကို သတ်တော်မူ၏။ အသက်ရှင်စေလိုသော သူတို့ကို ရှင်စေတော်မူ၏။ ချီးမြှောက်လိုသော သူတို့ကို ချီးမြှောက်တော်မူ၏။ နှိမ့်ချလိုသောသူတို့ကို နှိမ့်ချတော်မူ၏။