ယေရမိ 5:14 - Judson Bible in Zawgyi Version14 သို့ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့သည် ထိုသို့ဆိုသောကြောင့်၊ ငါ့စကားကို သင်၏နှုတ်၌ မီးကဲ့သို့လည်းကောင်း၊ ဤလူမျိုးကို ထင်းကဲ့သို့လည်းကောင်း ငါဖြစ်စေ၍ သူတို့ကို မီးလောင်ရလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်14 သို့ဖြစ်၍ ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရားက “ထိုသို့ သူတို့ပြောသောကြောင့် ငါ့စကားကို သင့်နှုတ်၌ မီးကဲ့သို့ဖြစ်စေ၍ ဤလူမျိုးကို ထင်းကဲ့သို့ဖြစ်စေမည်။ မီးသည် သူတို့ကို လောင်ကျွမ်းလိမ့်မည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version14 အနန္တတန်ခိုးရှင်ဘုရားသခင်ထာဝရ ဘုရားက``အို ယေရမိ၊ ထိုသူတို့သည်ဤသို့ ပြောဆိုသဖြင့် ငါ့စကားသည်သင်၏နှုတ် တွင်မီးသဖွယ်ဖြစ်၍ သူတို့သည်လည်းထင်း ကဲ့သို့ဖြစ်ရလိမ့်မည်။ မီးသည်သူတို့ကို ကျွမ်းလောင်၍သွားလိမ့်မည်'' ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ငါ၏ ကျွန်ပရောဖက်တို့၌ ငါမှာထားသော ငါ၏ပညတ်စကားတို့သည် သင်တို့ ဘိုးဘေးများကိုမီကြပြီ မဟုတ်လော။ သူတို့သည် သတိရ၍ ငါတို့ကျင့်ကြံပြုမူသည်နှင့်အလျောက်၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရားသည် ငါတို့၌ စီရင်မည်ဟု အကြံရှိတော်မူသည်အတိုင်း၊ စီရင်တော်မူပြီဟု ပြောဆိုကြသည် မဟုတ်လောဟု မိန့်တော်မူ၏။