ယေရမိ 5:13 - Judson Bible in Zawgyi Version13 ပရောဖက်တို့သည် လေသက်သက် ဖြစ်ကြ၏။ သူတို့၌ နှုတ်ကပတ်တော် မရှိ။ သူတို့ ဟောပြောသည်အတိုင်း သူတို့ခံရလိမ့်မည်ဟု ထာဝရဘုရားကို ငြင်းပယ်လျက် ဆိုတတ်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်13 ပရောဖက်တို့၏စကားသည် လေသက်သက်ဖြစ်၏။ သူတို့သည် ဗျာဒိတ်ရသည်မဟုတ်။ သူတို့ပြောသည့်အတိုင်း သူတို့၌ ဖြစ်ပါစေ”ဟု ဆိုတတ်ကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version13 သူတို့က``ပရောဖက်တို့သည်လေသက်သက် သာလျှင်ဖြစ်၍ သူတို့မှာဟောကြားစရာ ထာဝရဘုရား၏ဗျာဒိတ်တော်တစ်စုံတစ် ရာမျှမရှိ သူတို့ဟောသည့်အတိုင်းသူတို့ ၌ဖြစ်ပါစေ'' ဟုဆိုကြ၏။- အခန်းကိုကြည့်ပါ။ |
သူတို့ကလည်း လာကြ။ ယေရမိတစ်ဖက်၌ ကြံစည်ကြကုန်အံ့။ ယဇ်ပုရောဟိတ်သည် တရားအမှု၌လည်းကောင်း၊ ပညာရှိသောသူသည် အကြံပေးခြင်းအမှု၌လည်းကောင်း၊ ပရောဖက်သည် ဟောပြောခြင်းအမှု၌လည်းကောင်း အရှုံးမခံရ။ လာကြ။ ယေရမိကို လျှာနှင့်ရိုက်ကြကုန်အံ့။ သူ၏စကားကို နားမထောင်ဘဲ နေကြကုန်အံ့ဟုဆိုကြ၏။