Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 49:38 - Judson Bible in Zawgyi Version

38 ဧ​လံ​ပြည်၌ ငါ၏​ပ​လ္လင်​ကို​တည်​ထား၍၊ ရှင်​ဘု​ရင်​နှင့် မင်း​သား​တို့​ကို သုတ်​သင်​ပယ်​ရှင်း​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

38 ထာဝရဘုရား​က ‘ဧလံ​ဘုရင်​နှင့် မှူးမတ်​တို့​ကို သုတ်သင်ဖျက်ဆီး​ပြီး ထို​နေရာ​တွင် ငါ့​ပလ္လင်​ကို ငါ​တည်​မည်’​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

38 ငါ​သည်​ဧ​လံ​ဘု​ရင်​များ​နှင့်​ခေါင်း​ဆောင် များ​ကို​သုတ်​သင်​ပယ်​ရှင်း​ကာ​ထို​ပြည်​တွင် ငါ​၏​ရာ​ဇ​ပလ္လင်​ကို​တည်​ထား​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 49:38
5 ပူးပေါင်းရင်းမြစ်များ  

တစ်​ပါး​အ​မျိုး​သား​တို့​ကို ဆုံး​မ​တော်​မူ​ပြီ။ ဆိုး​သော​သူ​တို့​ကို​ဖျက်​ဆီး၍ သူ​တို့​နာ​မ​ကို ကာ​လ​အ​စဉ်​အ​ဆက် ချေ​ဖျောက်​တော်​မူ​ပြီ။


သူ​တို့​အား​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် လူ​ကို​စေ​လွှတ်၍၊ ငါ၏​ကျွန် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​ကို​ဆောင်​ခဲ့​ပြီး​လျှင်၊ ငါ​မြှုပ်​ထား​သော ဤ​ကျောက်​တို့​အ​ပေါ်​မှာ၊ သူ၏​ရာ​ဇ​ပ​လ္လင်​ကို ငါ​တည်​မည်။ သူ​သည်​လည်း၊ မိ​မိ​တဲ​တော်​ကို ဤ​ကျောက်​တို့​အ​ပေါ်​မှာ ဖြန့်​လိမ့်​မည်။


ဧ​လံ​ပြည်​သား​တို့​ကို ရန်​သူ​တို့​ရှေ့​မှာ​လည်း​ကောင်း၊ သူ​တို့​အ​သက်​ကို​ရှာ​သော လူ​တို့​ရှေ့​မှာ​လည်း​ကောင်း၊ ငါ​ကြောက်​လန့်​စေ၍၊ ပြင်း​စွာ​သော ငါ၏​အ​မျက်​တည်း​ဟူ​သော​ဘေး​ဥ​ပဒ်​ကို သူ​တို့​အ​ပေါ်​သို့ ရောက်​စေ​မည်။ သူ​တို့​ကို မ​ဖျက်​ဆီး​မီ​တိုင်​အောင် သူ​တို့​နောက်​သို့ ဓား​ကို လွှတ်​လိုက်​ရ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။


သို့​ရာ​တွင်၊ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ဧ​လံ​အ​မျိုး​သား​တို့​ကို နောင်​ကာ​လ၌ ငါ​ဆောင်​ခဲ့​ဦး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ