Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 49:34 - Judson Bible in Zawgyi Version

34 ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​မင်း နန်း​စံ​စ​က၊ ဧ​လံ​ပြည်​ကို​ရည်​မှတ်​သော ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ပ​ရော​ဖက်​ယေ​ရ​မိ​သို့ ရောက်​လာ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

34 ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး နန်းတက်​စ​၌ ဧလံ​ပြည်​နှင့်​ပတ်သက်၍ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ပရောဖက်​ယေရမိ​ထံ ရောက်လာ​၍

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

34 ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ​နန်း​တက်​ပြီး​နောက် မ​ကြာ​မီ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည် ဧ​လံ​ပြည်​ကို​ရည်​မှတ်​၍​ငါ့​အား​ဗျာ ဒိတ်​ပေး​တော်​မူ​သည်​မှာ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 49:34
12 ပူးပေါင်းရင်းမြစ်များ  

ရှေ​မ​သား​ကား၊ ဧ​လံ၊ အာ​ရှ​ရ၊ အာ​ဖာ​ဇဒ်၊ လု​ဒ၊ အာ​ရံ​တည်း။


ထို​ရော​အ​ခါ၊ ရှိ​နာ​မင်း​ကြီး​အံ​ရ​ဖေ​လ၊ ဧ​လာ​သာ​မင်း​ကြီး​အာ​ရုတ်၊ ဧ​လံ​မင်း​ကြီး​ခေ​ဒေါ​ရ​လော​မာ၊ ဂေါ​အိမ်​မင်း​ကြီး​တိ​ဒ​လ​တို့​သည်၊


ထို​သို့ ဧ​လံ​မင်း​ကြီး​ခေ​ဒေါ​ရ​လော​မာ၊ ဂေါ​အိမ်​မင်း​ကြီး​တိ​ဒ​လ၊ ရှိ​နာ​မင်း​ကြီး​အံ​ရ​ဖေ​လ၊ ဧ​လာ​သာ​မင်း​ကြီး​အာ​ရုတ်​တည်း​ဟူ​သော၊ မင်း​ကြီး​လေး​ပါး​နှင့်၊ မင်း​ကြီး​ငါး​ပါး​တို့​သည် စစ်​ပြိုင်​ကြ​၏။


စာ​တိုက်​စိုး​ရေ​ဟုံ၊ မြို့​စာ​ရေး​ရှိ​မ​ရှဲ​နှင့် အ​ခြား​သော​အ​ပေါင်း​အ​ဖော်၊ ဒိ​နဲ​ပြည်​သား၊ အ​ဖာ​သ​သက်​ပြည်​သား၊ တာ​ပေ​လ​ပြည်​သား၊ အ​ဖာ​ရ​သ​ပြည်​သား၊ အာ​ခေ​ဝ​ပြည်​သား၊ ဗာ​ဗု​လုန်​ပြည်​သား၊ ရှု​ရှ​နက်​ပြည်​သား၊ ဒေ​ဟ​ဝ​ပြည်​သား၊ ဧ​လံ​ပြည်​သား အ​စ​ရှိ​သော၊


ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား​သည် လက်​တော်​ကို​ဆန့်၍၊ ကျန်​ကြွင်း​သော ကိုယ်​တော်၏​လူ​တို့​ကို အာ​ရှု​ရိ​ပြည်၊ အဲ​ဂု​တ္တု​ပြည်၊ ပါ​သ​ရု​ပြည်၊ ကု​ရှ​ပြည်၊ ဧ​လံ​ပြည်၊ ရှိ​နာ​ပြည်၊ ဟာ​မတ်​ပြည်၊ ပင်​လယ်​တစ်​ဖက်၌ ရှိ​သော​ပြည်​များ​တို့​မှ​ကယ်​ယူ​ခြင်း​ငှာ တစ်​ဖန် ပြု​တော်​မူ​လိမ့်​မည်။


ကြောက်​မက်​ဖွယ်​သော ရူ​ပါ​ရုံ​ကို​ငါ​မြင်​ရ၏။ လု​ယူ​တတ်​သော​သူ​သည် လု​ယူ၏။ ဖျက်​ဆီး​တတ်​သော​သူ​သည် ဖျက်​ဆီး၏။ ဧ​လံ​ပြည်​သား​တို့၊ တက်​သွား​ကြ​လော့။ မေ​ဒိ​ပြည်​သား​တို့၊ မြို့​ကို ဝိုင်း​ထား​ကြ​လော့။ ထို​မြို့​ကြောင့်၊ သူ​တစ်​ပါး ညည်း​တွား​ခြင်း​ရှိ​သ​မျှ​ကို ငါ​ငြိမ်း​စေ၏။


ဇိ​မ​ရိ​မင်း​အ​ပေါင်း၊ ဧ​လံ​မင်း​အ​ပေါင်း၊ မေ​ဒိ​မင်း​အ​ပေါင်း၊


ထို​နှစ်​တည်း​ဟူ​သော ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ နန်း​စံ​စ​တု​တ္ထ​နှစ်၊ ပ​ဉ္စ​မ​လ​တွင်၊ ဂိ​ဗောင်​မြို့​နေ၊ အာ​ဇု​ရ​သား​ဟာ​န​နိ​က၊


ဧ​လံ​ပြည်၊ ရှု​ရှန်​မြို့​တော်၌ ဥ​လဲ​မြစ်​နား​မှာ ငါ​ရှိ​စဉ်၊ ရူ​ပါ​ရုံ​ထင်​ရှား၍၊


ပါ​သိ​ပြည်​မှ​စ၍ မေ​ဒိ​ပြည်၊ ဧ​လံ​ပြည်၊ မေ​သော​ပေါ​တာ​မိ​ပြည်၊ ယု​ဒ​ပြည်၊ က​ပ္ပ​ဒေါ​ကိ​ပြည်၊ ပု​န္တု​ပြည်၊ အာ​ရှိ​ပြည်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ